Pages

Sunday, November 3, 2013

ဆင်ဖြူတော်နင်း၍ ဆင်ဦးစီး ဦးသိန်းစိန် သေဆုံး


RangonNewsDaily:: November . 3 .2013
၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီး ဦးသိန်းစိန် ၊ ဆင်ဖြူတော်နင်း၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသ
ကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်ထားပါသည်။
ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေး
ရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ဗဟန်းမြို့နယ်နေသူဖြစ်ကြောင်း
သိရှိခဲ့တာ ဖြစ်ပါသည်။

၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာ(စွယ်စုံအထီး)ဆင်အား
သေဆုံသူဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက် လေ့ကျင့်ပေးနေစဉ်၀၇၃၀အချိန်တွင်ဆင်ဖြူ
တော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်
ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါအမှုအားအင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

ရဲဇာနည် ,,kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment