Pages

Saturday, October 19, 2013

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ အကြီးဆုံး Super Cheap ဈေးဆိုင်ကြီးမီးလောင်မှု ၄၈နာရီကြာသည်အထိ မီးငြိမ်းသတ်နိုင်ခြင်းမရှိသေး


RangonNewsDaily:: October. 19 .2013 ယခုဤစာကိုရေးနေချိန်တွင် ဖူးခက်မြို့ရှိ အကြီးဆုံးဈေးဆိုင်ကြီး စူပါချိ(Super Cheap) မီးလောင်နေဆဲဖြစ်ပါသည်။ အောက်တိုဘာ (၁၆) ရက်နေ့ည ကိုးနာရီခန့်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယခုအချိန်အထိ အငွေ့မသေသေး။၄၈နာရီကျော်ခဲ့ပြီ။ဝါယာကြိုးရှော့ဖြစ်ရာကစတင်သောမီးသည် အနီးအနားရှိမြို့နယ်မှ မီးသတ်ကားပေါင်းမြောက်များစွာဖြင့်ငြိမ်း
သတ်သည့်တိုင် မီးစွယ်ကျိုးရုံသာရှိပြီး မီးလောင်ပြင်ထဲသို့ ယခုတိုင် ကယ်ဆယ်ရေးအဖွဲ့များ မ၀င်နိုင်ကြသေးေ
ချ။အဆိုပါဈေးဆိုင်ကြီးတွင် မြန်မာအလုပ်သမား(၃၀၀၀)နီးပါး ရှိသည်။

မီးလောင်သည့်အချိန်တွင် အလုပ်သမားနှင့်ဈေးဝယ် ထောင်ချီရှိနေသည်ဟု ဖူးခက်သတင်းစာများတွ
င်ဖော်ပြသည်။ဆယ်ဧက ခန့်အကျယ်အ၀န်းရှိသည့် ဧရာမဈေးဆိုင်းဝင်းကြီးပြာအတိကျသွားသည့် မီးလောင်မှုဖြစ်၍ ဖူးခက်သမိုင်းတွင် အကြီးကျယ်ဆုံးမီးဟု ဆိုနိုင်သည်။
::
`လူသုံးဆယ်လောက်သေတယ်၊အနည်းဆုံးတစ်ရာလောက်တော့ သေတယ်´၊`နှစ်ရာအထိအသေအပျောက်
ရှိနိုင်တယ်´၊ သေမှာပေါ့၊ မီးလောင်တယ်ဆိုတာနဲ့ လုမဲ့ယက်မဲ့လူတွေဝင်မလာအောင်ဆိုပြီး ပင်မတံခါးကြီး
တွေ အကုန်ပိတ်လိုက်တာကိုး´၊`တစ်ယောက်မှ မသေပါဘူး´၊`အသေအပျောက်စာရင်းအတိအကျမကောက်နို
င်သေးဘူး၊မီးလောင်ပြင်ထဲကို ၀င်ကြည့်မှ အတိအကျသိရမှာ´လတ်တလောဖူးခက်မှာထွက်ပေါ်နေ
သည့်အရပ်သတင်းများကား စုံလှသည်
::
။နှစ်စဉ်နိုင်ငံခြားဧည့်သည် လေးငါးသန်းလာရောက်နေသော ငွေတွင်း မြို့ကြီးဖြစ်၍ ထိုင်းမီဒီယာများအနေ
ဖြင့် သတင်းအမှန်ကို ထုတ်ပြန်ရန် အခက်အခဲရှိနေနိုင်သည်။ သေချာသည့်အချက်မှာ ထိုင်းသတင်း များတွင် စူပါချိရှိ အလုပ်သမားဦးရေကို ခုနစ်ရာဟုသာ ဖော်ပြသည်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးအရပ်ရပ်မှာ ထိုင်းဘတ် သန်းထောင်ချီသည် ဟု ထိုင်းအာဏာပိုင်ရပ်ကွက်မှဆိုသည်။
::
မင်းဒင်

ထိုင်းနိုင်ငံဖူးကတ်မြို့စူပါချစ်အလုပ်ရုံတစ်ခုမီးလောင်ပါတယ်ထိုင်းနိုင်ငံရှိမြန်မာနိုင်ငံသားအလုပ်သမားတော်
တော်များများမီးလောင်တဲ့အထဲပါသွားကြပါတယ် မြန်မာနိုင်ငံရှိမိဘဖြစ်သူများ ကိုယ့်၏သားသမီးများကို
အမြန်ဆက်သွယ်ပေးကြပါခင်ဗျား...........

Moe Kyaw

စူပါချိပ်စ်မှာမီးမငြိမ်းသေးဘူး ဘယ်သူမှအထဲကိုမဝင်ရဲသေးဘူး ဒို့ကစူပါချိပ်စ်ကအလုပ်သမားပါ......

Myeik Dried Prawn-Trading

ဖူးခက်မှာရှိတဲ့ ဈေးမီးလောင်တာ လူ ၂၀၀ လောက်သေတယ်လို့သတင်းရ။အမျိုးတွေပါမပါစစ်ဆေးကြည့်ပါ။

Htoo Htoo

kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment