Pages

Saturday, October 19, 2013

ဗုံးပေါက်ကွဲမှုများအတွက် ထပ်မံစိုးရိမ်စရာ မလိုတော့ဟု ကတိပြုလိုက်သည့် ရဲချုပ်

RangonNewsDaily:: October. 19 .2013
ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ အများပြည်သူအနေနဲ့ ထပ်မံ စိုးရိမ်စရာ မလိုတော့ဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် “ဇော်မင်း”က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့နဲ့ နယ်မြို့အချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကြောင့် အများပြည်သူအကြား စိုးရိမ်စိတ်တွေ မြင့်တက်နေတယ်လို့ သိရပါတယ်။၇ ရက်အတွင်း ဗုံး ခြောက်လုံးကွဲခဲ့ပြီး မပေါက်ကွဲတဲ့
ဗုံးတွေမကြာခဏ တွေ့နေတာက ပြည်သူတွေအတွက် လုံခြုံစိတ် ကင်းမဲ့သလို ခံစားရစေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဇော်မင်းကတော့ လုံခြုံရေးပိုင်းကို တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်တာကြောင့် ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သတ်လို့ ပြည်သူတွေ ထပ်မံစိုးရိမ်ဖို့ မလိုတော့ဘူးလို့ ပြောပါတယ်။
::
ပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်ချက်တွေကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး မင်္ဂလာခန်းမမှာ ရှင်းလင်းပြောကြားစဉ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာဖောက်ခွဲမှုနဲ့ ပတ်သတ်လို့ လူရှစ်ဦးကို ဖမ်းဆီးမိထားပြီလို့ သိရပြီး အဓိကကျသူဖြစ်တဲ့ နေတိုး(ခေါ်)စောရွှေထူးနဲ့ အခြားသံသယရှိသူတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
::
နေတိုး(ခေါ်) စောရွှေထူးဟာ အပြစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားတဲ့ KNU ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ တာဝန်ခံအဖြစ်ဆောင်ရွက်နေသူဖြစ်ပေမယ့် အခုကိစ္စမှာတော့ အစိုးရအနေနဲ့ KNU ရဲ့လုပ်ဆောင်ချက်အဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။
::
အောက်တိုဘာ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲဟာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ငူမြိုတို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့က
ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ခမ်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သတ်လို့တော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

MRTV-4 , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment