Pages

Saturday, October 19, 2013

ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှကွန်ပျူတာကို ဝင်သိမ်း

RangonNewsDaily:: October. 19 .2013
ဦးသန်းရွှေ မြေး ဖိုးလပြည့်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သားအပါအဝင် ၁၁ ဦးက သူရိယ သတင်းဂျာနယ်တိုက်မှ ကွန်ပျူတာကို ဝင်သိမ်းသွားကြောင်းသတင်းရရှိပါတယ်.အပေါ်ကပုံကြောင့် အငြိုးထားလေသလော...အသိမ်းခံရတာ ကွန်ပျူတာ တစ်လုံးမဟုတ်ပါဘူး။ ၁၄လုံးပါ။ ရုံးက CCTV ကို A4 စာရွက်နဲ့အုပ်ပြီးလုပ်သွားတယ်လို့ ပြောပါတယ်။
ကဲ ၊ ဘယ်လိုတိုင်းပြည်လဲဗျာ။လက်ရှိအုပ်ချုပ်နေတဲ့လူတွေ ကို ရှိတယ်လို့ တောင်မထင်ကြပုံများ။ မြို့လည်ခေါင် အထင်ကရ hotel ကြီးမှာ တည်းရင်းခိုရင်းဗုံးထောင်သွားတဲ့သူကထောင်။ 
ခုလည်း နာမည်ကျော် လမ်းမတော်ဖိုးလပြည့် နဲ့ အဖွဲ့ ကမ္ကာအေး က သူရိယ သတင်းစာ တိုက်ကို ည ၁နာရီလောက်က လူအုပ်နဲ့ ဝင်စီးနင်းပြီး ကွန်ပြူတာ တစ်လုံးကို ယူဆောင်သွားလို့ ဆိုပဲ ။ ဝန်ကြီးသားတစ်ယောက်လည်းပါသေးတယ် လို့ သူရိယ စာစောင်ကိုဦးစီး ထုတ်လုပ်သူ ကိုမိုးဟိန်း က သူနဲ့ နီးစပ်ရာ နိုင်ငံရေး အသိုင်းအဝိုင်းကို အကြောင်းကြားလာပါတယ်။ 
တကယ်မှန်တယ်ဆိုရင်တော့ ၊ ဒီကနေ ရှေ့ Hotel တွေ၊ စားသောက်ဆိုင် တွေ အပြင် မီဒီယာရုံးခန်း တွေပါ လူရမ်းကားတွေ ရဲ့ ခြိမ်းခြောက် မှု အန္တရယ်တော့ရှိနေပြီ မို့ တခြားအလုပ်ကလေး ပြောင်းလုပ်ရကောင်းမလား စဉ်းစားနေရ ပြီမိတ်ဆွေတို့ ရေ။

(သီဟသွေး)
http://www.dawnmanhon.com/2013/10/blog-post_7778.html#sthash.JLHuRphJ.G6JOz9AA.dpbs

0 comments:

Post a Comment