Pages

Saturday, October 19, 2013

ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှေးဟောင်းမြို့ Lou Yang ၌ မဟာစိနပဘာ ရွှေတိဂုံပုံတူ တည်ထားနေမှုနှင့် Sanya ဆိပ်ကမ်းမြို့များသို့လေ့လာ

Photo: တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှေးဟောင်းမြို့ Lou Yang ၌ မဟာစိနပဘာ ရွှေတိဂုံပုံတူ တည်ထားနေမှုနှင့် Sanya ဆိပ်ကမ်းမြို့များသို့လေ့လာ 
Saturday, October 19, 2013

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ချိန်နှင့် FAO ညွှန်ကြားရေးမှူးချုပ် Rear Admiral Guan Youfei တို့ လိုက်ပါ လျက် အောက်တိုဘာ ၁၇ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၃ဝ တွင် ပေကျင်းမြို့၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် Nanyuan လေယာဉ်ကွင်းမှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ He Nan ပြည်နယ်၊ Lou Yang မြို့ လေဆိပ်သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိသည်။ လေဆိပ်၌ လော့ရန် စစ်ဒေသခွဲမှူး Senior Colonel Chen Feng Hui မှ ကြိုဆိုနှုတ် ဆက်သည်။

ယင်းနောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ White Horse ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဘုရားကျောင်းဝင်း အတွင်း  အမှတ်တရ ဓာတ်ပုံ ရိုက်ကူးသည်။ ဆက်လက်၍ ဘုရားကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီး၊ အမွှေးတိုင်များ ကပ်လှူ၍ ဖူးမြော်ကြည်ညိုကြ White  Horse ဘုရားကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ Most Ven Yin Le ထံလှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းရာ ဆရာတော်မှ ဓမ္မလက်ဆောင်များ ပြန်လည် ချီးမြှင့်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ဘုရားကျောင်း ပြတိုက်အတွင်း လှည့် လည်ကြည့်ရှုရာ ဆရာတော်မှ ဘုရားပရိ ဝုဏ်အတွင်း သာသနာ့ အဆောက်အအုံအား ဆောက်လုပ်မည့် အစီအမံ ကို ပုံစံငယ်ဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်၍ မြန်မာပြည်သူတို့၏ သဒ္ဓါတရား ထက်သန်စွာဖြင့် တည်ထားလှူဒါန်းသည့် ဥာဏ်တော် ၁ဝ၈ ပေ အမြင့်ရှိသော မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော်၊ ကျိုက်ထီးရိုး စေတီပုံတူနှင့် နဂါးရုံတို့အား မြန်မာ ဗိသုကာ လက်ရာများနှင့် ဆောက်လုပ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။ စေတီတော်များမှာ ရာခိုင်နှုန်း ၈ဝ ခန့် ပြီးစီးလျက်ရှိပြီး ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်သည်။ ယင်းနောက် မြန်မာဗိသုကာ အဖွဲ့အား အားပေးစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Lou  Yang မှ  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ အချိန်တွင် ဟိုင်နန်ပြည်နယ် Sanya မြို့၊ Feng  Huang လေဆိပ်သို့ ရောက်ရှိရာ ဟိုင်နန်စစ်ဒေသ၊ နိုင်ငံရေးမှူး Major General Liu Xing နှင့် အဖွဲ့မှ ကြိုဆိုကြသည်။ ထို့နောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ခဲ့ရာ ခေတ္တတည်းခို ရပ်နားမည့် Mangrove Tree Hotel သို့ ရောက်ရှိကြသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဟိုတယ် Ball Room တွင် ကွမ်ကြိုးစစ်ဒေသကြီး ဒုတိယစစ်ဒေသမှူး Lt Gen. Xing  Shu Cheng မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။ ညစာမသုံးဆောင်မီ Lt Gen.  Xing Shu Cheng မှ ကွမ်ကြိုးစစ်ဒေသကြီး၊ ဟိုင်နန်စစ်ဒေသနှင့် Sanya ပင်လယ် ဆိပ်ကမ်းမြို့ အခြေအနေ များ အား ရှင်းလင်းတင်ပြပြီးနောက် ဂုဏ်ပြုစကားပြောကြား၍ ဆုမွန်ကောင်းတောင်းသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နှုတ်ခွန်းဆက် အမှာစကားပြန်လည် ပြောကြား၍ ဆုမွန်ကောင်း တောင်းသည်။ ညစာသုံးဆောင် ပြီးချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Lt Gen. Xing Shu Cheng တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် Sanya ပင်လယ်ဆိပ်ကမ်းမြို့ အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် Sanya မြို့ View Point သို့ ရောက်ရှိပြီး ပတ်ဝန်းကျင်ရှုခင်း များအား လှည့်လည်ကြည့်ရှု၍ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည့် STATUE OF DEER TUR-NING BACK ကျောက် ရုပ်တုရှေ့၌ စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းရရှိသည်။

မြ၀တီ

RangonNewsDaily:: October. 19 .2013
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်
ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ချိန်နှင့်FAOညွှန်ကြားရေးမှူးချုပ် Rear Admiral Guan Youfei တို့ လိုက်
ပါ လျက် အောက်တိုဘာ ၁၇ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၃ဝ တွင် ပေကျင်းမြို့၊ တရုတ်ပြည်
သူ့ လွတ်မြောက်ရေး တပ်မတော် Nanyuan လေယာဉ်ကွင်းမှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာHe Nan ပြည်နယ်၊ Lou Yang မြို့ လေဆိပ်သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်
 ရောက်ရှိသည်။ လေဆိပ်၌ လော့ရန် စစ်ဒေသခွဲမှူး Senior Colonel Chen Feng Hui မှ ကြိုဆိုနှုတ် ဆက်
သည်။

ယင်းနောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ White Horse ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဘုရားကျောင်းဝင်း အတွင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးသည်။ ဆက်လက်၍ ဘုရားကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဆီမီး၊ အမွှေးတိုင်
များ ကပ်လှူ၍ ဖူးမြော်ကြည်ညိုကြ White Horse ဘုရားကျောင်း ဆရာတော် သဒ္ဓမ္မဇောတိကဓဇ Most Ven Yin Le ထံလှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းရာဆရာတော်မှဓမ္မလက်ဆောင်များ
ချီးမြှင့်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ဘုရားကျောင်း ပြတိုက်အတွင်း လှည့် လည်ကြည့်ရှုရာ ဆရာတော်မှ ဘုရားပရိ ဝုဏ်အတွင်း သာသနာ့ အဆောက်အအုံအား ဆောက်လုပ်
မည့် အစီအမံ ကို ပုံစံငယ်ဖြင့် ရှင်းလင်းပြောကြားသည်။ 
 
ဆက်လက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်၍ မြန်မာပြည်သူတို့
၏ သဒ္ဓါတရား ထက်သန်စွာဖြင့် တည်ထားလှူဒါန်းသည့် ဥာဏ်တော် ၁ဝ၈ ပေ အမြင့်ရှိသော မဟာစိနပဘာ
ရွှေတိဂုံပုံတူ စေတီတော်၊ ကျိုက်ထီးရိုး စေတီပုံတူနှင့် နဂါးရုံတို့အား မြန်မာ ဗိသုကာလက်ရာများနှင့် ဆောက်
လုပ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
 
စေတီတော်များမှာ ရာခိုင်နှုန်း ၈ဝ ခန့် ပြီးစီးလျက်ရှိပြီး ၂ဝ၁၃ ခုနှစ်၊ဒီဇင်ဘာလအတွင်းပြီးစီးအောင် ဆောင်
ရွက်သွား မည်ဖြစ်သည်။ ယင်းနောက် မြန်မာဗိသုကာ အဖွဲ့အား အားပေးစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေ
များ ပေးအပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့
သည် Lou Yang မှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညနေ ၄ နာရီ အချိန်တွင် ဟိုင်နန်ပြည်နယ် Sanya မြို့၊ Feng Huang လေဆိပ်သို့ ရောက်ရှိရာ ဟိုင်နန်စစ်ဒေ
သ၊ နိုင်ငံရေးမှူး Major General Liu Xing နှင့် အဖွဲ့မှ ကြိုဆိုကြသည်။ ထို့နောက် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ခဲ့ရာ ခေတ္တတည်းခို ရပ်နားမည့် Mangrove Tree Hotel သို့ ရောက်ရှိကြသည်။

ညပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဟိုတယ် Ball Room တွင် ကွမ်ကြိုးစစ်ဒေသကြီး ဒုတိယစစ်ဒေသမှူး Lt Gen. Xing Shu Cheng မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်သည်။ 
 
ညစာမသုံးဆောင်မီ Lt Gen. Xing Shu Cheng မှ ကွမ်ကြိုးစစ်ဒေသကြီး၊ ဟိုင်နန်စစ်ဒေသနှင့် Sanya ပင်
လယ် ဆိပ်ကမ်းမြို့ အခြေအနေ များအားရှင်းလင်းတင်ပြပြီးနောက် ဂုဏ်ပြုစကားပြောကြား၍ ဆုမွန်ကောင်း
တောင်းသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နှုတ်ခွန်း
ဆက် အမှာစကားပြန်လည် ပြောကြား၍ ဆုမွန်ကောင်း တောင်းသည်။ 
 
ညစာသုံးဆောင် ပြီးချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Lt Gen. Xing Shu Cheng တို့သည် အထိမ်း
အမှတ် တံဆိပ်နှင့် လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် Sanya ပင်လယ်ဆိပ်
ကမ်းမြို့ အတွင်း လှည့်လည်ကြည့်ရှုကြသည်။ 
 
ထို့နောက် Sanya မြို့ View Point သို့ ရောက်ရှိပြီး ပတ်ဝန်းကျင်ရှုခင်း များအား လှည့်လည်ကြည့်ရှု၍ ချစ်ခြင်း
မေတ္တာကို ဖော်ညွှန်းသည့် STATUE OF DEER TUR-NING BACK ကျောက် ရုပ်တုရှေ့၌ စုပေါင်းအမှတ်တ
ရ ဓာတ်ပုံ ရိုက်ကူးကြကြောင်း သတင်းရရှိသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment