Pages

Saturday, October 19, 2013

နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အိုဇဲလ်ကို အနားပေးရန် ၀င်းဂါး စဉ်းစားနေ

Photo: နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အိုဇဲလ်ကို အနားပေးရန် ၀င်းဂါး စဉ်းစားနေ
Saturday, October 19, 2013

အာဆင်နယ် အသင်းမှ နည်းပြ ဖြစ်သူ ၀င်းဂါးသည် အသင်းမှ ကွင်းလယ်လူ အိုဇဲလ်ကို ယခု တစ်ပတ် စနေနေ့ နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အသင်း အတွက် ပါဝင် ကစားခြင်း မရှိဘဲ အနားပေးရန် စဉ်းစားနေသည်။
အိုဇဲလ်သည် ဆွီဒင် အသင်းကို ၅း၃ အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဂျာမနီ အသင်း အတွက် ကစားရင်း ဒူးပွန်းပဲ့ခဲ့သလို အသေးစား တံကောက်ကြော ဒဏ်ရာများ ရရှိခဲ့သော်လည်း လက်ရှိတွင် အာဆင်နယ် အသင်းအတွက် ကစားနိုင်ရန် ကြံ့ခိုင်မှု အနေအထား အရ အသင့် ဖြစ်နေပြီ ဖြစ်သည်။ 

သို့သော် လာမည့် အင်္ဂါနေ့တွင် ဒေါ့မွန် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ် ရှိနေ၍ ၀င်းဂါးသည် အာဆင်နယ် အသင်းမှ အဓိက ကွင်းလယ်လူ အိုဇဲလ်ကို နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အနားပေးရန် စဉ်းစားနေခြင်း ဖြစ်သည်။
အလားတူ ဒဏ်ရာ ပြဿနာမှ ပြန်လည် သက်သာလာသော အာဆင်နယ် ကွင်းလယ်လူ ကာဇိုလာနှင့် နောက်ခံလူ ဆက်ဂ်နာတို့မှာ ဒဏ်ရာ ပြဿနာများမှ ပြန်လည် သက်သာလာခဲ့ပြီး နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အသင်း အတွက် ပြန်လည် ပါဝင် ကစားဖွယ် ရှိနေသည်။ 

ဆက်ဂ်နာသည် တံကောက်ကြော ဒဏ်ရာကြောင့် အောက်တိုဘာ ၆ ရက်နေ့က ကစားခဲ့သော ၀က်စ်ဘရွန်း အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သော ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ကာဇိုလာမှာလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်ခန့် အနားယူခဲ့ရသူ ဖြစ်သည်။ အလားတူ ဒဏ်ရာ ပြဿနာ ရှိနေသော ကွင်းလယ်လူ ဝေါလ်ကော့မှာ ဒဏ်ရာမှ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း ကြံ့ခိုင်မှု ပြည့်ဝရန် အတွက်ကို ၂ ပတ်ခန့် အချိန်ယူရဖွယ် ရှိနေသည်။ 

Yatanarpon Call Center

RangonNewsDaily:: October. 19 .2013
အာဆင်နယ် အသင်းမှ နည်းပြ ဖြစ်သူ ၀င်းဂါးသည် အသင်းမှ ကွင်းလယ်လူ အိုဇဲလ်ကို ယခု တစ်ပတ် စနေနေ့ နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အသင်း အတွက် ပါဝင် ကစားခြင်း မရှိဘဲ အနားပေးရန် စဉ်းစားနေသည်။အိုဇဲလ်သည် ဆွီဒင် အသင်းကို ၅း၃ အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဂျာမနီ အသင်း အတွက် ကစားရင်း ဒူးပွန်းပဲ့ခဲ့သလို အသေးစား တံကောက်ကြော ဒဏ်ရာများ ရရှိခဲ့သော်လည်း လက်ရှိတွင် အာဆင်နယ် အသင်းအတွက် ကစားနိုင်ရန် ကြံ့ခိုင်မှု အနေအထား အရ အသင့် ဖြစ်နေပြီ ဖြစ်သည်။

သို့သော် လာမည့် အင်္ဂါနေ့တွင် ဒေါ့မွန် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ် ရှိနေ၍ ၀င်းဂါးသည် အာဆင်နယ် အသင်းမှ အဓိက ကွင်းလယ်လူ အိုဇဲလ်ကို နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အနားပေးရန် စဉ်းစားနေခြင်း ဖြစ်သည်။
အလားတူ ဒဏ်ရာ ပြဿနာမှ ပြန်လည် သက်သာလာသော အာဆင်နယ် ကွင်းလယ်လူ ကာဇိုလာနှင့် နောက်ခံလူ ဆက်ဂ်နာတို့မှာ ဒဏ်ရာ ပြဿနာများမှ ပြန်လည် သက်သာလာခဲ့ပြီး နောဝှစ်ခ်ျ အသင်းနှင့် ပွဲစဉ်တွင် အသင်း အတွက် ပြန်လည် ပါဝင် ကစားဖွယ် ရှိနေသည်။

ဆက်ဂ်နာသည် တံကောက်ကြော ဒဏ်ရာကြောင့် အောက်တိုဘာ ၆ ရက်နေ့က ကစားခဲ့သော ၀က်စ်ဘရွန်း အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သော ပွဲစဉ်ကို လွဲချော်ခဲ့ပြီး ကာဇိုလာမှာလည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်ခန့် အနားယူခဲ့ရသူ ဖြစ်သည်။ 
 
အလားတူ ဒဏ်ရာ ပြဿနာ ရှိနေသော ကွင်းလယ်လူ ဝေါလ်ကော့မှာ ဒဏ်ရာမှ ပြန်လည် သက်သာလာပြီ ဖြစ်သော်လည်း ကြံ့ခိုင်မှု ပြည့်ဝရန် အတွက်ကို ၂ ပတ်ခန့် အချိန်ယူရဖွယ် ရှိနေသည်။

Yatanarpon Call Center , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment