Pages

Friday, September 13, 2013

ရုရှားနိုင်ငံက Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲအား ဘယ်လာရုစ် နိုင်ငံသို့ ပေးပို့သွားမည်

Photo: ရုရှားနိုင်ငံက Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲအား ဘယ်လာရုစ် နိုင်ငံသို့ ပေးပို့သွားမည်
Friday, September 13, 2013

ရုရှားနိုင်ငံ၏ွှ Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲတစ်ခွဲကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တတိယအကြိမ်အဖြစ် ဘယ်လာရုစ်နိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်
ကာကွယ်ရေး ဝန်ကြီး ယူရီဇာဒိုဘင်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ရုရှားနိုင်ငံသည် အဆိုပါ ဒုံးတပ်ခွဲများကို ဘယ်လာရုစ် နိုင်ငံသို့ ၂ဝ၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ် ပေးပို့ခဲ့ပြီး ဘယ်လာရုစ်နိုင်ငံ အနေဖြင့် ၎င်းဒုံးတပ်ခွဲ နှစ်ခွဲကို နိုင်ငံအနောက်ပိုင်းရှိ အမှတ်(၁၂ဝ) ဒုံးတပ်မဟာတွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

ရုရှားနိုင်ငံမှ အဆိုပါ တတိယမြောက် ဒုံးတပ်ခွဲရရှိပြီးပါက ဘယ်လာရုစ်နိုင်ငံ တွင် ခေတ်မီ မျိုးဆက်သစ် လက်နက်တပ်ဆင်ထားသည့် ဖွဲ့စည်းပုံပြည့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတစ်ရင်းကို ဖွဲ့စည်းသွားနိုင်မည် ဖြစ်ကြောင်း ဇာဒိုဘင်က ထပ်လောင်း ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံလုပ် Tor-M2 ဒုံးစနစ်သည် အလယ်အလတ်အမြင့် အထိရောက်ရှိ ပစ်ခတ်နိုင်ပြီး မြေပြင်မှဝေဟင် တာတိုပစ် ဒုံးစနစ် တစ်မျိုးဖြစ်ကာ လေယာဉ်၊ ခရုဇ်ဒုံးကျည်၊ မောင်းသူမဲ့ လေယာဉ်များနှင့် ပဲ့ထိန်းဒုံးတင်ယာဉ်များ စသော ပစ်မှတ်များကို ကြားဖြတ် တိုက်ခိုက်နိုင် စွမ်းရှိကြောင်း သိရသည်။

ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံတို့သည် ပေါင်းစပ်ဖွဲ့စည်းထား သည့် ဒေသတွင်း လေကြောင်းရန် ကာကွယ်ရေး ကွန်ရက် တစ်ခုထူထောင်ရန် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။  

မြ၀တီ

RangonNewsDaily:: September 13, 2013

ရုရှားနိုင်ငံ၏ွှ Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲတစ်ခွဲကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တတိယအကြိမ်အဖြစ် ဘယ်လာရုစ်နိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်
ကာကွယ်ရေး ဝန်ကြီး ယူရီဇာဒိုဘင်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ရုရှားနိုင်ငံသည် အဆိုပါ ဒုံးတပ်ခွဲများကို ဘယ်လာရုစ် နိုင်ငံသို့ ၂ဝ၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ် ပေးပို့ခဲ့ပြီး ဘယ်လာရုစ်နိုင်ငံ အနေဖြင့် ၎င်းဒုံးတပ်ခွဲ နှစ်ခွဲကို နိုင်ငံအနောက်ပိုင်းရှိ အမှတ်(၁၂ဝ) ဒုံးတပ်မဟာတွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

ရုရှားနိုင်ငံမှ အဆိုပါ တတိယမြောက် ဒုံးတပ်ခွဲရရှိပြီးပါက ဘယ်လာရုစ်နိုင်ငံ တွင် ခေတ်မီ မျိုးဆက်သစ် လက်နက်တပ်ဆင်ထားသည့် ဖွဲ့စည်းပုံပြည့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတစ်ရင်းကို ဖွဲ့စည်းသွားနိုင်မည် ဖြစ်ကြောင်း ဇာဒိုဘင်က ထပ်လောင်း ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံလုပ် Tor-M2 ဒုံးစနစ်သည် အလယ်အလတ်အမြင့် အထိရောက်ရှိ ပစ်ခတ်နိုင်ပြီး မြေပြင်မှဝေဟင် တာတိုပစ် ဒုံးစနစ် တစ်မျိုးဖြစ်ကာ လေယာဉ်၊ ခရုဇ်ဒုံးကျည်၊ မောင်းသူမဲ့ လေယာဉ်များနှင့် ပဲ့ထိန်းဒုံးတင်ယာဉ်များ စသော ပစ်မှတ်များကို ကြားဖြတ် တိုက်ခိုက်နိုင် စွမ်းရှိကြောင်း သိရသည်။

ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံတို့သည် ပေါင်းစပ်ဖွဲ့စည်းထား သည့် ဒေသတွင်း လေကြောင်းရန် ကာကွယ်ရေး ကွန်ရက် တစ်ခုထူထောင်ရန် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment