Pages

Friday, September 13, 2013

ဘ၀အတွက် သိသင့်တဲ့စာစုလေးတွေ

RangonNewsDaily:: September 13, 2013

◕သူများပြောတိုင်း အားနာပြီး ခေါင်းမညိတ်ပါနဲ့...။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ...။ ငြင်းစရာကြုံလာရင် အခင်မင် မပျက် ငြင်းတတ်ပါစေ....။
◕လုပ်ချင်တာ...၊ ဖြစ်ချင်တာ...၊ မလုပ်ရ... မဖြစ်ရလို့ ပူညံပူညံ မလုပ်ပါနဲ့...။ ကိုယ်လုပ်ချင်တာ...၊ ဖြစ်ချင်တာကို သေချာရွေးချယ်ပါ...။ မအောင်မြင်မချင်း အားသွန်ခွန်စိုက်လုပ်ပါ....။

◕လူတိုင်းကို လိုက်ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့...။ လူတိုင်းကိုယ်စီ တန်ဖိုးရှိကြတာကို အသိအမှတ်ြ...ပုပါ...။ တစ်ပါးသူရဲ့ အရည်အချင်းကို လေးစားပါ...။ တန်ဖိုးထားပါ...။ ယုံကြည်ပေးပါ....။

◕ကိုယ့်ကို အဆိုးမြင်သူတွေ နဲ့ ဝေးဝေးနေပါ...။ ကိုယ့်ကို အကောင်းမြင်သူ အားပေးသူတွေကြားမှာ နေနိုင်အောင်ကြိုးစားပါ....။ ဒါမှ တက်ကြွတဲ့ စိတ်ရဲ့တွန်းအားကြောင့် နေပျော်တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်နိုင်မှာပါ....။

◕အသစ် အသစ်များ စမ်းသပ်ဖို့ရာ ပထမဆုံးခြေလှမ်း စလှမ်းဖို့ မကြောက်ပါနဲ့...။ မိမိစိတ်ထဲတွေးကြောက်နေတဲ့ အဆိုးမြင်စိတ်လောက် ပြင်ပလောကကြီးက ကြောက်စရာ မကောင်းတာကို သတိရပါ.....။


(ဖတ်မိပြီး ကြိုက်လို့ သိမ်းထားတဲ့ စာတိုလေးတွေ ပြန်ဝေမျှလိုက်ပါတယ်...)

RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment