Pages

Friday, September 13, 2013

အာဖဂန်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်တို့တိုက်ခိုက်

Photo: အာဖဂန်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်တို့တိုက်ခိုက် 
Friday, September 13, 2013

သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် ကောင်စစ်ဝန်ရုံးတစ်ရုံးကို တာလီဘန်စစ်သွေးကြွတို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်နှင့် အာဖဂန်တပ်ဖွဲ့များ ပူးပေါင်းခုခံခဲ့ရကြောင်း သိရှိရသည်။ သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်
ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကောင်စစ်ဝန်က မိမိ၏ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း ပြောဆိုခဲ့ပြီး အာဖဂန် ရဲတပ်ဖွဲ့ဝင်(၂)ဦး၊ လုံခြုံရေး အစောင့်(၁)ဦးနှင့် စစ်သွေးကြွ (၄)ဦး သေဆုံးသည်ဟု သတင်းရရှိထားကြောင်း ပြောဆိုသွား သည်။ ကောင်စစ်ဝန်ရုံး အဝင်ဂိတ်အနီးတွင် ကြီးမားသော ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပွားပြီးနောက် ကောင်စစ်ဝန်ရုံး အဆောက်အအုံ အနီးတွင် တိုက်ပွဲများ ပြင်းထန်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

အမေရိကန်သည် အာဖဂန်မှ (၂၀၁၄)ခုနှစ်တွင် ဆုတ်ခွာရန် စီစဉ်ထားသည့်တိုင် တာလီဘန်တို့၏ တိုက်ခိုက်မှုများကို ကြုံနေရဆဲ ဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အာဖဂန်ကို အမေရိကန်တို့ စတင်စစ်ပြုစေခဲ့သည့် 9/11 အကြမ်းဖက်မှုကြီး ဖြစ်ပွားသည့် (၁၂)နှစ်မြောက် နှစ်ပတ်လည်နှင့် ရက်ပိုင်းမျှသာခြားပြီး ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဟတ်တွင် အမေရိကန် ကောင်စစ်ဝန်ရုံးကို လွန်ခဲ့သည့် (၄)နှစ်ကမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတွင် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ် သည်။ တာလီဘန်တို့သည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား တစ်စင်းဖြင့် ကောင်စစ်ဝန်ရုံး ဂိတ်ဝကို အတင်းတိုးဝင် ဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့သည်။
"ပေါက်ကွဲမှုနဲ့အတူ အကြမ်းဖက်သမားတွေ ပါလာတဲ့ ထရပ်ကား တစ်စင်းက ရှေ့ဂိတ်တံခါးကနေ မောင်းဝင်လာတယ်။ 

RPG လောင်ချာတွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေပါ ပါလာခဲ့ပါ တယ်။ နောက်တော့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ"ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်က ဆိုသည်။ အပြန်အလှန် ပစ်ခတ်မှုများသည် ကာလအတန်ငယ် ကြာမြင့်ခဲ့သော်
လည်း အဆုံးသတ်တွင် ကောင်စစ်ဝန်ရုံး ဝန်ထမ်းများကို အန္တရာယ် မပြုနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခုလ အစောပိုင်းကလည်း တာလီဘန်တို့သည် တော့ဟမ်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ဖူးပြီး အကျအဆုံး (၃)ဦးဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: September 13, 2013

သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများ
က ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် ကောင်စစ်ဝန်ရုံးတစ်ရုံးကို တာလီဘန်စစ်သွေးကြွတို့က ထိုးစစ်ဆင်
တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်နှင့် အာဖဂန်တပ်ဖွဲ့များ ပူးပေါင်းခုခံခဲ့ရကြောင်း သိရှိရသည်။
 
သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများ
က ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 
 
အမေရိကန် ကောင်စစ်ဝန်က မိမိ၏ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း ပြောဆိုခဲ့ပြီးအာဖဂန်ရဲတပ်ဖွဲ့
ဝင်(၂)ဦး၊ လုံခြုံရေး အစောင့်(၁)ဦးနှင့် စစ်သွေးကြွ (၄)ဦး သေဆုံးသည်ဟု သတင်းရရှိထားကြောင်း ပြောဆို
သွား သည်။
 
 ကောင်စစ်ဝန်ရုံး အဝင်ဂိတ်အနီးတွင် ကြီးမားသော ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပွားပြီးနောက် ကောင်စစ်ဝန်
ရုံး အဆောက်အအုံ အနီးတွင် တိုက်ပွဲများ ပြင်းထန်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

အမေရိကန်သည် အာဖဂန်မှ (၂၀၁၄)ခုနှစ်တွင် ဆုတ်ခွာရန် စီစဉ်ထားသည့်တိုင် တာလီဘန်တို့၏တိုက်ခိုက်
မှုများကို ကြုံနေရဆဲ ဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အာဖဂန်ကို အမေရိကန်တို့ စတင်စစ်ပြုစေခဲ့သည့်9/11
အကြမ်းဖက်မှုကြီး ဖြစ်ပွားသည့် (၁၂)နှစ်မြောက် နှစ်ပတ်လည်နှင့် ရက်ပိုင်းမျှသာခြားပြီး ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဟတ်တွင် အမေရိကန် ကောင်စစ်ဝန်ရုံးကို လွန်ခဲ့သည့် (၄)နှစ်ကမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတွင် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ် သည်။ 
 
တာလီဘန်တို့သည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား တစ်စင်းဖြင့် ကောင်စစ်ဝန်
ရုံး ဂိတ်ဝကိုအတင်းတိုးဝင် ဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီးလုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့သည်။"ပေါက်
ကွဲမှုနဲ့အတူ အကြမ်းဖက်သမားတွေ ပါလာတဲ့ ထရပ်ကား တစ်စင်းက ရှေ့ဂိတ်တံခါးကနေ မောင်းဝင်လာ
တယ်။

RPG လောင်ချာတွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေပါ ပါလာခဲ့ပါ တယ်။ နောက်တော့ အာဖဂန် လုံခြုံရေး တပ်ဖွဲ
့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ"ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာ
ရီဟက်ဖ်က ဆိုသည်။ 
 
အပြန်အလှန် ပစ်ခတ်မှုများသည်ကာလအတန်ငယ် ကြာမြင့်ခဲ့သော်လည်း အဆုံးသတ်တွင် ကောင်စစ်ဝန်ရုံး
ဝန်ထမ်းများကို အန္တရာယ် မပြုနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခုလ အစောပိုင်းကလည်း တာလီဘန်တို့သည်
 တော့ဟမ်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ဖူးပြီး အကျအဆုံး (၃)ဦးဖြင့် ပြန်လည် ဆုတ်
ခွာသွားခဲ့သည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment