Pages

Friday, September 13, 2013

ဆီးဂိမ်း ပြိုင်ပွဲဝင်များအား တစ်ဦးလျှင် ၃၅ ဒေါ်လာ နှင့် ညီသည့် အစားအသောက် တစ်နေ့ ၅ နပ် ကျွေးရန် စီစဉ်ထား

RangonNewsDaily:: September 13, 2013

ဆီးဂိမ်း ပြိုင်ပွဲဝင် အားကစားသမား များ၏ အစားအသောက်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ 4 Star အဆင့် သတ်မှတ်ကာ တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ၃၅ ဒေါ်လာ အဆင့်ဖြင့် တစ်နေ့လျှင် ၅ ကြိမ် ကျွေးမွေးရန် စီစဉ် ထားကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်း က ပြောသည်။ ဆီးဂိမ်းတွင် အားကစားနည်း ၃၃ နည်း ယှဉ်ပြိုင်မည် ဖြစ်ရာ ကစားသမား ငါးထောင်နီးပါး ပြိုင်ပွဲ ဝင်ကြမည် ဖြစ်ပြီး နိုင်ငံခြား ကစားသမား ၄၉ဝဝ နှင့် မြန်မာကစား သမား ၉ဝဝ နီးပါးခန့် ပါဝင်ကြောင်း သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အတွက် အားကစား သမား များ၏ အစားအသောက် ဧည့်ခံကျွေး မွေးရေးနှင့် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ကိစ္စများ၏ ဝန်ဆောင် မှုအား (၂၆)ကြိမ်မြောက် ကျင်းပခဲ့သော အင်ဒိုနီးရှား နိုင်ငံထက် မနိမ့်အောင် ဆောင်ရွက်သွားမည်ဟု ၄င်းကဆက်ပြောသည်။

နေပြည်တော်ရှိ အားကစား ရွာတွင် နေထိုင်မည့် အားကစားသမား များ၏ အစားအသောက်နှင့် နေထိုင်ရေး အတွက် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း မှ တင်ဒါ အောင်မြင် ခဲ့ပြီး လိုအပ်သည့် အင်အားအတွက် အတွေ့အကြုံ ရှိသူများ အပြင် သင်တန်းသား များကိုပါ အသုံးပြု သွားမည်ဟု ဦးခင်အောင်ထွန်း က ပြော သည်။

”အဓိကက အိပ်ခန်းဆောင် နဲ့ ပတ်သက်လို့ စိတ်ဝင်စား တဲ့ လူတွေကို သီးသန့် အယောက် ၅ဝ လောက် ခေါ်လိုက်ပြီး တော့ စိစစ်ပြီး သင်တန်းပေး မယ်။ ပြီးရင် တွဲသုံး သွားမယ်။ ပြီး ရင် သူတို့ လုပ်ငန်းခွင် ထဲလည်း ဝင်လို့ရတာပေါ့”ဟု ၄င်းက ဆက်ပြောသည်။

သင်တန်းသား များကို စိစစ်ပြီးပါက အောက်တိုဘာ မှစ၍ အားကစား ရွာတွင် သင်တန်း ကြိုတင်ပေး သွားမည် ဖြစ်ပြီး၊ အားကစားသမား ၃၅ဝဝ အတွက် ဝန်ထမ်း အင်အား ၆၆၅ ဦး ယောက် သုံး သွားမည် ဖြစ်ကြောင်း သိရသည်။

”အတွေ့အကြုံ ရှိတဲ့လူတွေကို အဓိကထားသုံးမှာပါ။ သင် တန်းသားတွေ ကတော့ ဒီလိုပွဲ မျိုးမှာ အတွေ့အကြုံလည်း မရှိတဲ့ အတွက် သူတို့လည်း အတွေ့အကြုံ ရသလို ဒီပွဲပြီး သွားရင် လုပ်ငန်းခွင်ထဲ ချက်ချင်း ဝင်နိုင် တာပေါ့” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင် များအသင်းမှ အတွင်းရေးမှူးက ပြောသည်။

အားကစားသမား များအား အဆောက်အအုံ ၇ခုတွင် ထားရှိမည် ဖြစ်၍ လုပ်ငန်းခွင် အတွေ့အကြုံ မရှိသေးသောသူ များကို အိပ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ငန်း များတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time