Pages

Friday, September 13, 2013

ရွှေပြည်သာသုံးလောင်းပြိုင်လူသတ်မှုအား ဇာတ်လမ်းရိုက်ကူးမှု ကန့်ကွက် မှုများ ရှိသော်လည်း တရားဝင်မတားမြစ်သရွေ့ ဆက်ရိုက်သွားမည်

RangonNewsDaily:: September 13, 2013

ရွှေ ပြည်သာသုံးလောင်းပြိုင်လူသတ် မှုအား ဇာတ်လမ်းရိုက်ကူးနေမှု အပေါ် တရားခံမိသားစုဘက်မှ ကန့်ကွက်မှုများရှိလာသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တရားဝင်တားမြစ်ချက်မရှိသရွေ့ ဆက်လက်ရိုက်ကူးသွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှ ဒု-ဥက္ကဋ္ဌ(၂)ဦးအေးကြူလေးက ပြောသည်။

'လွတ်လမ်းမရှိ'ဟု အမည် ပေးထားသည့် အဆိုပါသုံးလောင်း ပြိုင်ဖြစ်ရပ်မှန်ဇာတ်ကားကို မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန် မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ရိုက် ကူးနေခြင်းဖြစ်သည်။

''ကန့်ကွက်တာက တရား ခံဘက်က ကန့်ကွက်စာပို့တာပါ။ စက်တင်ဘာ ၆ရက် ရက်စွဲနဲ့ ပြည်ထဲရေးဝန်ကြီးကိုလိပ်မူပြီး ပို့တာပါ။ ဒါပေမဲ့ ဇာတ်ကားက တော့ အခုအချိန်မှာရိုက်နေတုန်း ပါပဲ။ ခရိုင်ဘက်ကပဲဖြစ်ဖြစ်၊ တိုင်း ရုံးကပဲဖြစ်ဖြစ် ဆက်မရိုက်ဖို့ပြော လာရင်တော့ မရိုက်တော့ဘူး''ဟု ယင်းက ဆက်လက်ပြောသည်။

အဆိုပါဇာတ်ကားကို ၄၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အား ဂုဏ်ပြုသော အားဖြင့် ရိုက် ကူးခြင်းဖြစ်ကာ လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်လင်မယား နှစ်ဦးနှင့် အိမ်ဖော်အမျိုးသမီးတစ် ဦးတို့အားသတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် အား စုံထောက်မောင်ရေခဲ ဝတ္ထု ပြန်လည်ရေးသား၍ မြမြင့်မိုရ်မှ ဇာတ်ညွှန်းပြန်လည်ရေးသားပြီး ဒါရိုက်တာမီးပွားမှ ရိုက်ကူးနေ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဇာတ်လမ်းကို ရိုက်ကူး လျက်ရှိသည့် ဒါရိုက်တာမီးပွားက ''ကျွန်တော် ဒီကန့်ကွက်စာနဲ့ပတ် သက်ပြီးတော့ မသိပါဘူး။ ဘယ် သူက ကန့်ကွက်စာပို့တာလဲဆို တာကို မသိတာပါ။ ဟုတ် မဟုတ် ကတော့ အစည်းအရုံးကို မေး ကြည့်မှသိမှာပါပဲလေ။ အခု လက် ရှိမှာတော့ ဒီလွတ်လမ်းမရှိဇာတ် ကားကို ရိုက်ကူးနေဆဲပါပဲ''ဟု ပြောသည်။

အဆိုပါဇာတ်ကားသည် မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံး အ သစ်လက်ထက်တွင် ပထမဦးဆုံး ရိုက်ကူးပုံဖော်သည့် ဂုဏ်ပြုဇာတ် ကားတစ်ကားဖြစ်ကြောင်း သိရ သည်။

ယင်းဇာတ်ကားကို အခမဲ့ ရုပ်သံလိုင်းများတွင်သာ ပြသသွား မည်ဖြစ်ပြီး ပြင်ပသို့ဖြန့်သွားမည် မဟုတ်ကြောင်းနှင့် ယခုအချိန်၌ မည်သည့်ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသသွားမည်ကိုမူ မသိရှိ သေးကြောင်း သိရသည်။

အဆိုပါဇာတ်လမ်းတွင် သရုပ်ဆောင်ဖြိုးငွေစိုး၊ အေး မြတ်သူ၊ သားညီ၊ ညီညီမင်းထက်၊ အောင်လွင်၊ အောင်ခိုင်၊ ဝင်းမြိုင်၊ သက်ဦးကို၊ ချမ်းသာ၊ ထက်ထက် ဆုလှိုင်၊ ဧကရီမှူးပိုင်၊ ဘေဘီ မောင်၊ မိုးယသော်၊ ချမ်းမေမြတ် မိုးနှင့် အခြားသောသရုပ်ဆောင် များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

The Yangon Times , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment