Pages

Friday, September 13, 2013

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင်

Photo: ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင် 
 Friday, September 13, 2013

ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက် လုပ်သွားရန် တောင်ကိုရီးယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။
 
ကမ္ဘာ့နိုင်ငံကြီး အများအပြားတွင် အမြင့်ဆုံး မျှော်စင် အဆောက်အအုံကြီး များကို အပြိုင်အဆိုင်ကြိုးစား ဆောက်လုပ်နေသော်လည်း တောင်ကို ရီးယားကမူ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် ဗိသုကာ လက်ရာတစ်ခုကို ခွဲထွက် ဖန်တီးရန် ရွေးချယ်လိုက်သည်။ ယခုအခါ ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက်လုပ်သွားရန် တောင်ကို ရီးယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက် သွားမည် ဖြစ်သည်။ ဖန်သားမျက်နှာပြင်ဖြင့် အဓိက ဖုံးအုပ်ထားမည့် Tower Infinity အဆောက်အအုံသည် အမြင့် (၁၄၇၆)ပေ ရှိမည်ဟု ဆိုသည်။ Tower Infinity၏ ရှုခင်းမျှော်ကြည့်ရာ နေရာသည် ကမ္ဘာပေါ်တွင် တတိယ အမြင့်ဆုံးအဖြစ် စာရင်းဝင်လာမည်ဟုလည်း သိရှိရသည်။

ကိုရီးယား မြေနေရာနှင့်အိမ်ရာ ကော်ပိုရေးရှင်းက ကျောထောက်နောက်ခံ ပြုသွား မည့် အဆိုပါ အဆောက်အအုံ ပရောဂျက်သည် ထူးထူးခြားခြား အဖြစ် မြင် ကွင်းမှ ပျောက်ကွယ်နေအောင် ဖန်တီးထားမည် ဖြစ်သည်။ အဆောက်အအုံ မျက်နှာစာတိုင်းတွင် အဆင့်မြင့် LED ပုံရိပ်ဖော် နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင် တစ်ဖက်ခြမ်းမှ အလင်းပြန် ပုံရိပ်များကို ထင်ဟပ်နေစေမည် ဖြစ်သည်။ ယင်းတို့ကို ပုံရိပ်ဖမ်းရန်အတွက် ကင်မရာ အများအပြားကို တပ်ဆင်ထားမည် ဖြစ်သည်။ ထို့ကြောင့် အဆောက်အအုံ ကွယ်နေသည့် တခြားတစ်ဖက်ခြမ်းမှ ပုံရိပ်တိုင်းကို အဆောက်အအုံ မျက်နှာစာတွင် ပေါ်လွင်နေစေတော့မည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ယင်းအဆောက်အအုံကို ကြည့်ရှုနေသူ၏ မြင် ကွင်းတွင် လုံးဝနီးပါး ပျောက်ကွယ်နေမည် ဖြစ်သည်။ယခု အဆောက် အ အုံ ပရောဂျက်တွင် အဓိက ရည်ရွယ်သည်မှာ စိတ်လက် အပန်းဖြေရေး အတွက်ဖြစ်ပြီး ရှုခင်းမျှော်ကြည့်ရာ နေရာအများအပြား ထည့်သွင်းထားမည် ဟု သိရသည်။ ထို့အပြင် ရိုလာကိုစတာ၊ ရုပ်ရှင်ရုံ၊ ရေပန်းဥယျာဉ်၊ စားသောက်ဆိုင်နှင့် ဘီယာဆိုင်တန်း အများအပြားလည်း ပါရှိမည်ဟု ဆိုသည်။ အဆောက်အအုံ အပြီးသတ်နိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် ဆဋ္ဌမ အမြင့်ဆုံး မျှော်စင်အဖြစ်လည်း မှတ်တမ်းဝင်လာရန် မျှော်လင့်ထား သည်။

မျှော်စင်၏ ကွဲပြားခြားနားသော မျက်နှာစာ (၆)ခုတွင် အမြင့်နေရာ တွက်ချက်မှု (၃)ခုခွဲကာ ကင်မရာများ တပ်ဆင်ပြီး ပတ်ဝန်းကျင်၏ ပုံရိပ်များကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေမည် ဖြစ်သည်။ အပိုင်း(၃)ပိုင်းအနက် (၁)ပိုင်းစီတွင် LED Screenပေါင်း (၅၀၀)မျှကို အသုံးပြု တပ်ဆင်သွားမည်ဟုလည်း ဆိုသည်။

အဆောက်အအုံကို စီမံထိန်းချုပ်သူများ အနေဖြင့် Screenများပေါ်မှ ပုံရိပ်ကို အလင်းအမှောင်၊ ပြတ်သားမှု အရည်အသွေးတို့ အတိုးအလျှော့ ပြုလုပ်ပြီး ကိုယ်ပျောက်စွမ်းရည်ကို အနိမ့်အမြင့် ပြောင်းလဲနိုင်ဦးမည်ဟု GDSက ပြော ကြားခဲ့သည်။ "ကမ္ဘာ့အမြင့်ဆုံး မျှော်စင် အဆောက်အအုံတွေကြားမှာ ဝင်ပြိုင်နေမယ့်အစား ကွဲပြားတဲ့ နည်းလမ်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ် လိုက်တယ်။ ကမ္ဘာပေါ်က ပထမဆုံး ကိုယ်ပျောက် မျှော်စင်ပါ။ 

ဒီအဆောက်အအုံဟာ တောင်ကိုရီးယားရဲ့ နည်းပညာ ကဏ္ဍနဲ့ ပတ်သက်ရင် လူတွေပိုပြီး အလေးအနက် ပြောဆိုနေဖို့ ဖြစ်လာစေပါလိမ့်မယ်"ဟု GDS၏ ဒီဇိုင်းဌာန အကြီးအကဲ ချားလ်စ်ဝီးက မှတ်ချက်ပြု ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily:: September 13, 2013

ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက်လုပ်သွားရန် တောင်ကိုရီးယားအစိုးရ
က ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံကြီးအများအပြားတွင်အမြင့်ဆုံး မျှော်စင်အဆောက်အအုံကြီးများကိုအပြိုင်အဆိုင်ကြိုးစား ဆောက်
လုပ်နေသော်လည်း တောင်ကို ရီးယားကမူ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် ဗိသုကာ လက်ရာတစ်ခုကို ခွဲ
ထွက် ဖန်တီးရန် ရွေးချယ်လိုက်သည်။ 
 
ယခုအခါ ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက်လုပ်သွားရန် တောင်ကို ရီး
ယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက် သွားမည် ဖြစ်သည်။ 
 
ဖန်သားမျက်နှာပြင်ဖြင့် အဓိက ဖုံးအုပ်ထားမည့် Tower Infinity အဆောက်အအုံသည် အမြင့် (၁၄၇၆)ပေ ရှိ
မည်ဟု ဆိုသည်။ Tower Infinity၏ ရှုခင်းမျှော်ကြည့်ရာ နေရာသည် ကမ္ဘာပေါ်တွင် တတိယ အမြင့်ဆုံးအဖြစ် စာရင်းဝင်လာမည်ဟုလည်း သိရှိရသည်။

ကိုရီးယား မြေနေရာနှင့်အိမ်ရာ ကော်ပိုရေးရှင်းက ကျောထောက်နောက်ခံ ပြုသွား မည့် အဆိုပါ အဆောက်
အအုံပရောဂျက်သည်ထူးထူးခြားခြားအဖြစ် မြင်ကွင်းမှ ပျောက်ကွယ်နေအောင် ဖန်တီးထားမည် ဖြစ်သည်။
အဆောက်အအုံ မျက်နှာစာတိုင်းတွင် အဆင့်မြင့် LED ပုံရိပ်ဖော် နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင် တစ်ဖက်ခြမ်းမှ အလင်းပြန် ပုံရိပ်များကို ထင်ဟပ်နေစေမည် ဖြစ်သည်။
 
ယင်းတို့ကို ပုံရိပ်ဖမ်းရန်အတွက်ကင်မရာအများအပြားကိုတပ်ဆင်ထားမည် ဖြစ်သည်။ထို့ကြောင့်အဆောက်
အအုံ ကွယ်နေသည့် တခြားတစ်ဖက်ခြမ်းမှ ပုံရိပ်တိုင်းကို အဆောက်အအုံ မျက်နှာစာတွင် ပေါ်လွင်နေစေ
တော့မည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ယင်းအဆောက်အအုံကို ကြည့်ရှုနေသူ၏ မြင် ကွင်းတွင် လုံးဝနီးပါး ပျောက်ကွယ်
နမည် ဖြစ်သည်။ယခု အဆောက် အ အုံ ပရောဂျက်တွင် အဓိက ရည်ရွယ်သည်မှာ စိတ်လက် အပန်းဖြေရေး
အတွက်ဖြစ်ပြီး ရှုခင်းမျှော်ကြည့်ရာ နေရာအများအပြား ထည့်သွင်းထားမည် ဟု သိရသည်။ 
 
ထို့အပြင် ရိုလာကိုစတာ၊ ရုပ်ရှင်ရုံ၊ ရေပန်းဥယျာဉ်၊ စားသောက်ဆိုင်နှင့် ဘီယာဆိုင်တန်း အများအပြားလည်း ပါရှိမည်ဟု ဆိုသည်။ အဆောက်အအုံ အပြီးသတ်နိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် ဆဋ္ဌမ အမြင့်ဆုံး မျှော်စင်အဖြစ်
လည်း မှတ်တမ်းဝင်လာရန် မျှော်လင့်ထား သည်။

မျှော်စင်၏ ကွဲပြားခြားနားသော မျက်နှာစာ (၆)ခုတွင် အမြင့်နေရာ တွက်ချက်မှု (၃)ခုခွဲကာ ကင်မရာများတပ်
ဆင်ပြီး ပတ်ဝန်းကျင်၏ ပုံရိပ်များကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေမည် ဖြစ်သည်။ အပိုင်း(၃)ပိုင်းအနက် (၁)ပိုင်းစီတွင် LED Screenပေါင်း (၅၀၀)မျှကို အသုံးပြု တပ်ဆင်သွားမည်ဟုလည်း ဆိုသည်။

အဆောက်အအုံကို စီမံထိန်းချုပ်သူများ အနေဖြင့် Screenများပေါ်မှ ပုံရိပ်ကို အလင်းအမှောင်၊ ပြတ်သားမှု အ
ရည်အသွေးတို့ အတိုးအလျှော့ ပြုလုပ်ပြီး ကိုယ်ပျောက်စွမ်းရည်ကို အနိမ့်အမြင့် ပြောင်းလဲနိုင်ဦးမည်ဟု GDS
က ပြော ကြားခဲ့သည်။ "ကမ္ဘာ့အမြင့်ဆုံး မျှော်စင် အဆောက်အအုံတွေကြားမှာ ဝင်ပြိုင်နေမယ့်အစား ကွဲပြား
တဲ့ နည်းလမ်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ် လိုက်တယ်။ ကမ္ဘာပေါ်က ပထမဆုံး ကိုယ်ပျောက် မျှော်စင်ပါ။

ဒီအဆောက်အအုံဟာ တောင်ကိုရီးယားရဲ့ နည်းပညာ ကဏ္ဍနဲ့ ပတ်သက်ရင် လူတွေပိုပြီး အလေးအနက်
ပြောဆိုနေဖို့ ဖြစ်လာစေပါလိမ့်မယ်"ဟု GDS၏ ဒီဇိုင်းဌာန အကြီးအကဲ ချားလ်စ်ဝီးက မှတ်ချက်ပြု ပြောဆို
သွားသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment