Pages

Monday, September 23, 2013

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ သပိတ်စခန်းရုတ်သိမ်းတော့မည်


RangonNewsDaily:: September 23, 2013
ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်
မှုအား ယနေ့ညနေ ၄နာရီတွင် နှစ်ဖက်သဘောတူညီမှု ရရှိ၍ ယင်းသပိတ်စခန်းကို ပြန်လည်ရုတ်သိမ်းမည်
ဖြစ်ကြောင်းသိရသည်။ "အခုအလုပ်သမားတွေကို အလုပ်မရသေးတဲ့ ၃လ ၊ ၅လ ကို နစ်နာကြေးအနေနဲ့ပေးဖို့ရှိတယ်။ သူတို့အလုပ်
ရဖို့ကို စက်မှုဇုန်က လုပ်ငန်းရှင်တွေကို လည်း ဒီအလုပ်သမားတွေကို ဦးစားပေးပြီး အလုပ်သမားလိုရင်ခန့်
ပေးပါလို့ ပြောဆိုထားတယ်"

ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကပြောသည်။လက်ရှိအချိန်တွင်အလုပ်သမားကိုယ်စား
လှယ်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များ ယင်းလက်မှတ်ရေးထိုးပြီးပါက သပိတ်စခန်းကို ပိတ်သိမ်းရမည်
ဖြစ်ကြောင်းသိရသည်။ 
 
ယင်းသပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့နေ့လည် တွင် အလုပ်သမားဝန်ကြီးဌာနမှ ဦးစိုဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့က ညှိနှိုင်းပေး
ခဲ့ကြကြောင်းသိရသည်

ရန်နိုင်၊ အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment