Pages

Monday, September 23, 2013

ရေကြီးနစ်မြုပ်မှုကြောင့် ရေလယ်သောင်မှကလေး၂၀၀ ကျောင်း မတက်နိုင်ဖြစ်နေ

Photo: ရေကြီးနစ်မြုပ်မှုကြောင့် ရေလယ်သောင်မှကလေး၂၀၀ ကျောင်း မတက်နိုင်ဖြစ်နေ
Monday, September 23, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ စစ်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ရွာခန့် ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းသား ၂၀၀ခန့် တက်ရောက်နေသည့် ရေလယ်သောင်ရွာရှိ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ကျောင်းပိတ်ထားရသည်ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

 “စစ်ကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ၁၁ရွာလုံး ရေဘေးဒုက္ခခံစားနေရာတာ ခုနစ်ရက်လောက်ရှိပြီ။ အဲ့ဒီထဲမှာ ရေလယ်သောင်ရွာက အဆိုးဆုံးပါပဲ၊ တစ်ရွာလုံး ရေမြုပ်သွားလို့ ကျောင်းလည်း ပိတ်လိုက်ရတယ်”ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သူရက ပြောသည်။

 အဆိုပါမူလတန်းလွန်ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသားဦးရေမှာ ၂၀၀ခန့်ရှိပြီး ရေဘေးကြောင့် စာမသင်ကြား နိုင်သည်မှာ ခုနစ် ရက်ခန့်ရှိပြီဖြစ်သည်ဟု အဆိုပါကျေးရွာနေ ဦးနိုင်ဝင်းက ဆိုသည်။

“ဆရာ၊ဆရာမတွေက ဟင်္သာတမြို့ပေါ်ကနေ လာသင်ရတာ၊ အခုရေကြီးနေတော့ ဘယ်လိုမှ လုပ်လို့မရဘူး၊ ရေကျ သွားရင်တော့ စနေ၊ တနင်္ဂနွေမှာပါ ကျောင်းဖွင့်ပြီး သင်မယ်လို့ ပြောပါတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါဒေသရှိ ကျေးရွာများမှာ နှစ်စဉ်ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသော်လည်း ယခုနှစ်သည် ရေကြီးမှု ပိုမိုဆိုးရွားကာ ရေပြန် မကျခြင်းကြောင့် အလုပ်အကိုင်များပါခက်ခဲလာသည့်အတွက် ဒုက္ခသည်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျန်းမာရေးအတွက် ဆေးဝါးလုံလောက်နေပေမယ့် အစားအစာနဲ့ သောက်ရေကတော့ အတော့်ကို ခက်ခဲနေပါပြီ၊ အလှူရှင် တွေရှိနေပေမယ့် လူဦးရေများလာတာကြောင့် မလုံလောက်တော့ပါဘူး”ဟု စစ်ကုန်းကျေးရွာအုပ်စုမှ ကျန်းမာရေးမှူး ဦးဌေးညွန့် က ဆိုသည်။

အဆိုပါရေနစ်မြုပ်လျက်ရှိသော ကျေးရွာ ၁၁ရွာတွင် စစ်ကုန်းရွာ၊ ရေလယ်သောင်ရွာ၊ ရေပိုစုရွာ၊ ငါးဆယ်ကျွန်း၊ တောင်လုံးစု စသည့်ရွာငါးရွာသည် ဆိုးရွားစွာရေနစ်မြုပ်လျက်ရှိပြီး ဒုက္ခသည်စခန်း ငါးခုဖွင့်ထားကာ ရေဘေးဒုက္ခသည်ပေါင်း တစ်ထောင်ကျော် ရှိပြီဖြစ်သည်။

ဟင်္သာတခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုသည် စက်တင်ဘာ ၉ရက်မှ စတင်ခဲ့ပြီး စက်တင်ဘာ ၂၃ရက်အထိ အနည်းငယ်သာ ရေပြန်ကျခဲ့ပြီး ရွာ (၁၁)ရွာမှာ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရဆဲဖြစ်သည်။

Myit Ma Kha Media Group

RangonNewsDaily:: September 23, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ စစ်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ရွာခန့် ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းသား ၂၀၀ခန့် တက်ရောက်နေသည့် ရေလယ်သောင်ရွာရှိ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ကျောင်းပိတ်ထားရသည်ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။ “စစ်ကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ၁၁ရွာလုံး ရေဘေးဒုက္ခခံစားနေရာတာ ခုနစ်ရက်လောက်ရှိပြီ။ အဲ့ဒီထဲမှာ ရေလယ်သောင်ရွာက အဆိုးဆုံးပါပဲ၊ တစ်ရွာလုံး ရေမြုပ်သွားလို့ ကျောင်းလည်း ပိတ်လိုက်ရတယ်”ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သူရက ပြောသည်။

အဆိုပါမူလတန်းလွန်ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသားဦးရေမှာ ၂၀၀ခန့်ရှိပြီး ရေဘေးကြောင့် စာမသင်ကြား နိုင်သည်မှာ ခုနစ် ရက်ခန့်ရှိပြီဖြစ်သည်ဟု အဆိုပါကျေးရွာနေ ဦးနိုင်ဝင်းက ဆိုသည်။

“ဆရာ၊ဆရာမတွေက ဟင်္သာတမြို့ပေါ်ကနေ လာသင်ရတာ၊ အခုရေကြီးနေတော့ ဘယ်လိုမှ လုပ်လို့မရဘူး၊ ရေကျ သွားရင်တော့ စနေ၊ တနင်္ဂနွေမှာပါ ကျောင်းဖွင့်ပြီး သင်မယ်လို့ ပြောပါတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါဒေသရှိ ကျေးရွာများမှာ နှစ်စဉ်ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသော်လည်း ယခုနှစ်သည် ရေကြီးမှု ပိုမိုဆိုးရွားကာ ရေပြန် မကျခြင်းကြောင့် အလုပ်အကိုင်များပါခက်ခဲလာသည့်အတွက် ဒုက္ခသည်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျန်းမာရေးအတွက် ဆေးဝါးလုံလောက်နေပေမယ့် အစားအစာနဲ့ သောက်ရေကတော့ အတော့်ကို ခက်ခဲနေပါပြီ၊ အလှူရှင် တွေရှိနေပေမယ့် လူဦးရေများလာတာကြောင့် မလုံလောက်တော့ပါဘူး”ဟု စစ်ကုန်းကျေးရွာအုပ်စုမှ ကျန်းမာရေးမှူး ဦးဌေးညွန့် က ဆိုသည်။

အဆိုပါရေနစ်မြုပ်လျက်ရှိသော ကျေးရွာ၁၁ရွာတွင်စစ်ကုန်းရွာ၊ ရေလယ်သောင်ရွာ၊ ရေပိုစုရွာ၊ငါးဆယ်ကျွန်း
၊ တောင်လုံးစု စသည့်ရွာငါးရွာသည် ဆိုးရွားစွာရေနစ်မြုပ်လျက်ရှိပြီး ဒုက္ခသည်စခန်း ငါးခုဖွင့်ထားကာ ရေ
ဘေးဒုက္ခသည်ပေါင်း တစ်ထောင်ကျော် ရှိပြီဖြစ်သည်။

ဟင်္သာတခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုသည် စက်တင်ဘာ ၉ရက်မှ စတင်ခဲ့ပြီး စက်တင်ဘာ ၂၃ရက်အထိ အနည်းငယ်သာ ရေပြန်ကျခဲ့ပြီး ရွာ (၁၁)ရွာမှာ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရဆဲဖြစ်သည်။

မြစ်မခမီဒီယာ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:)

0 comments:

Post a Comment