Pages

Tuesday, August 20, 2013

မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

RangonNewsDaily:: Aug 20, 2013

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ညောင်ပင်ဆိပ် ကျေးရွာ မော်လမြိုင်-ဘားအံ လမ်းမကြီး (၈/၁) အနီး၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ဘားအံ ဘက်မှ
ယာဉ်မောင်း ငွေထွန်း ၄၃ နှစ်(ဘ)ဦးစိုး မောင်းနှင်သည့် စမတ်(၁၁ဝ) အမျိုးအစား ဆိုင်ကယ် (လိုင်စင်စိစစ်ဆဲ)သည် ရန်နိုင် ၃ဝ နှစ်(ဘ) ဦးဆန်းလွင် မောင်းနှင်သည့် နစ်ဆန်း အမျိုးအစား ခြောက်ဘီး မော်တော်ယာဉ် အမှတ် ၁ခ/----- ကို ကျော်တက်စဉ် မော်တော်ယာဉ်နှင့် ချိတ်မိ၍ ဆိုင်ကယ် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ငွေထွန်းမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သဖြင့် မော်လမြိုင် အထွေထွေ ရောဂါ ကု ဆေးရုံကြီးသို့ တင်ပို့ ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။ 
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်မရောမြို့နယ် ရဲစခန်းမှ မော်တော်ယာဉ်မောင်း ရန်နိုင်အား ယာဉ်(ပ)သတင်းချက် အမှတ် ၂၁/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မြ၀တီ,  RangonNewsDaily
kolatt (Pabedan): 20.8.2013

0 comments:

Post a Comment