Pages

Tuesday, August 20, 2013

ပြည်မြို့တွင် လူကုန်ကူးမှု ရုံးတင်စစ်ဆေး

ပြည်မြို့တွင် လူကုန်ကူးမှု ရုံးတင်စစ်ဆေး
**************************
20.8.2013

ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ခရိုင်တရားရုံး၌ သြဂုတ် ၁၉ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။

တရားစွဲခံနေရသူမှာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သဲခုံကျေးရွာမှ ဒေါ်သန်းမြဆိုသည့် အမျိုးသမီးကြီး ဖြစ်ပြီး ၎င်းသည် ယခုအမှု၏ တရားလိုများဖြစ်သည့် အမျိုးသမီးနှစ်ဦးကို တစ်လကျပ်ရှစ်သောင်းရသည့် ထမင်းဆိုင် အလုပ်သမားအဖြစ် အလုပ်သွင်းပေးမည်ဟုဆိုကာ ကချင်ပြည်နယ်တွင် ရောင်းစားခဲ့ကြောင်း စွပ်စွဲခံထားရသည်။

“ဘာထမင်းဆိုင်မှ မရှိဘူး။ အနှိပ်ခန်း တစ်ခုတည်းရှိတယ်။ ကျွန်မတို့ကို ဆံပင်ညှပ် ပုံစံပြောင်းပစ်တယ်။ ပြန်ခွင့် မပေးဘူး။ အဲဒီမှာ ယောက်ျားလေးတွေနဲ့ အိပ်ရတယ်။ ဧည့်သည်ကို အဆင်ပြေအောင် မဆက်ဆံရင် ခြောက်ပေါက်ချတယ်” ဟု အမှု၏ တရားလို တစ်ဦးဖြစ်သည့် အမျိုးသမီးက ရှင်းပြသည်။

၎င်းတို့သည် ကချင်ပြည်နယ်၊ တနိုင်းမြို့ ထမ္မစီရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ကွက်အနီးရှိ အိပ်မက်ချစ်သူ အနှိပ်ခန်းတွင် ရောင်းစားခြင်းခံခဲ့ရပြီး လာထုတ်မည့်သူမရှိလျှင် လွှတ်မပေးနိုင်ဟု အနှိပ်ခန်းပိုင်ရှင်များက ပြောကြောင်း ကာယကံရှင်တို့က ဆိုသည်။

အနှိပ်ခန်းပိုင်ရှင်သည် သူတို့ထံမှ နိုင်ငံသား မှတ်ပုံတင်ကတ်ကို သိမ်းထားပြီး မိသားစုနှင့် ဆက်သွယ်ခွင့်လည်း မပေးကြောင်း လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦးက ဖွင့်ဟသည်။

၎င်းတို့ကဲ့သို့ပင် ရွှေတောင်မြို့မှ အမျိုးသမီး ၂၀ ခန့်သည်လည်း ယင်းအနှိပ်ခန်းတွင် ရှိနေသေးပြီး ပြန်ခွင့်လည်း မရသေးကြောင်းလည်း ၎င်းတို့က ဆက်ရှင်းပြသည်။

“အမေဆီကို အဆက်အသွယ်ရအောင်လုပ်ပြီး ရဲစခန်းတိုင်လိုက်တယ်။ ရဲက သူတို့ဆီ ဖုန်းတန်းဝင်လာပြီး ပြန်လွှတ်ပေးဖို့ ပြောတယ်။ အချိန်တွေ ဆွဲထားသေးတယ်။ တစ်ယောက်တည်းပြန် တစ်ယောက် ထားခဲ့ဖို့
ပြောတယ်။ ရက်တွေရွှေ့တယ်။ နောက်ဆုံးရန်ဖြစ်ပြီး နှစ်ယောက်လုံး ရအောင်ပြန်လာခဲ့တယ်” ဟု လူကုန်ကူး ခံရသည့် မအေးအေး (အမည်လွှဲက) သူတို့ ပြန်လည်လွတ်မြောက်လာခဲ့ပုံကို ပြောကြားခဲ့သည်။

မအေးအေးတို့နှစ်ဦးသည် လမ်းစရိတ်မလုံလောက်သည့်အတွက် ဧည့်သည်များနှင့် ညအိပ်ပြီးပြန်လာခဲ့ရကြောင်း၊ လူကုန်ကူးမခံရမီက သူတို့သည် အိမ်ထောင်ကျပြီး ကာမပိုင် လင်ယောက်ျားများလည်းရှိကြောင်း ကာယကံရှင်များ ထံမှ သိရသည်။

လက်ရှိတွင် မအေးအေးတို့ ရောင်းစားခံခဲ့ရသည့် အနှိပ်ခန်းတွင်ရှိနေသော ရွှေတောင်မြို့မှ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးကို ယင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အကူအညီဖြင့် ပြန်လည်
ခေါ်ယူနိုင်တော့မည်ဟုလည်း ယင်းပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ရွှေတောင်မြို့နယ် NLD ပါတီ၏ အမှုဆောင် ဦးမင်းမော်က “ဖုန်းနဲ့ဆက်သွယ်ထားတယ်။ ကောင်မလေး ပြန်ရောက် တာနဲ့တရားစွဲမယ်”ဟုလည်း ဆိုသည်။

အနှိပ်ခန်းတွင် ကျန်ရှိနေသေးသည့် အမျိုးသမီးငယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မည်သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Mizzima

RangonNewsDaily:: Aug 20, 2013
ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုတစ်ခုနှင့် ပတ်သက်၍ သံသယရှိသူတစ်ဦးကို ခရိုင်တရားရုံး၌ သြဂုတ် ၁၉ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း အဆိုပါတရားရုံးမှ စုံစမ်းရရှိသည်။ တရားစွဲခံနေရသူမှာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သဲခုံကျေးရွာမှ ဒေါ်သန်းမြဆိုသည့် အမျိုးသမီးကြီး ဖြစ်ပြီး ၎င်းသည် ယခုအမှု၏ တရားလိုများဖြစ်သည့် အမျိုးသမီးနှစ်ဦးကို တစ်လကျပ်ရှစ်သောင်းရသည့် ထမင်းဆိုင် အလုပ်သမားအဖြစ် အလုပ်သွင်းပေးမည်ဟုဆိုကာ ကချင်ပြည်နယ်တွင် ရောင်းစားခဲ့ကြောင်း စွပ်စွဲခံထားရသည်။

“ဘာထမင်းဆိုင်မှ မရှိဘူး။ အနှိပ်ခန်း တစ်ခုတည်းရှိတယ်။ ကျွန်မတို့ကို ဆံပင်ညှပ် ပုံစံပြောင်းပစ်တယ်။ ပြန်ခွင့် မပေးဘူး။ အဲဒီမှာ ယောက်ျားလေးတွေနဲ့ အိပ်ရတယ်။ ဧည့်သည်ကို အဆင်ပြေအောင် မဆက်ဆံရင် ခြောက်ပေါက်ချတယ်” ဟု အမှု၏ တရားလို တစ်ဦးဖြစ်သည့် အမျိုးသမီးက ရှင်းပြသည်။

၎င်းတို့သည် ကချင်ပြည်နယ်၊ တနိုင်းမြို့ ထမ္မစီရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်ကွက်အနီးရှိ အိပ်မက်ချစ်သူ အနှိပ်ခန်းတွင် ရောင်းစားခြင်းခံခဲ့ရပြီး လာထုတ်မည့်သူမရှိလျှင် လွှတ်မပေးနိုင်ဟု အနှိပ်ခန်းပိုင်ရှင်များက ပြောကြောင်း ကာယကံရှင်တို့က ဆိုသည်။

အနှိပ်ခန်းပိုင်ရှင်သည် သူတို့ထံမှ နိုင်ငံသား မှတ်ပုံတင်ကတ်ကို သိမ်းထားပြီး မိသားစုနှင့် ဆက်သွယ်ခွင့်လည်း မပေးကြောင်း လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦးက ဖွင့်ဟသည်။

၎င်းတို့ကဲ့သို့ပင် ရွှေတောင်မြို့မှ အမျိုးသမီး ၂၀ ခန့်သည်လည်း ယင်းအနှိပ်ခန်းတွင် ရှိနေသေးပြီး ပြန်ခွင့်လည်း မရသေးကြောင်းလည်း ၎င်းတို့က ဆက်ရှင်းပြသည်။

“အမေဆီကို အဆက်အသွယ်ရအောင်လုပ်ပြီး ရဲစခန်းတိုင်လိုက်တယ်။ ရဲက သူတို့ဆီ ဖုန်းတန်းဝင်လာပြီး ပြန်လွှတ်ပေးဖို့ ပြောတယ်။ အချိန်တွေ ဆွဲထားသေးတယ်။ တစ်ယောက်တည်းပြန် တစ်ယောက် ထားခဲ့ဖို့
ပြောတယ်။ ရက်တွေရွှေ့တယ်။ နောက်ဆုံးရန်ဖြစ်ပြီး နှစ်ယောက်လုံး ရအောင်ပြန်လာခဲ့တယ်” ဟု လူကုန်ကူး ခံရသည့် မအေးအေး (အမည်လွှဲက) သူတို့ ပြန်လည်လွတ်မြောက်လာခဲ့ပုံကို ပြောကြားခဲ့သည်။

မအေးအေးတို့နှစ်ဦးသည် လမ်းစရိတ်မလုံလောက်သည့်အတွက် ဧည့်သည်များနှင့် ညအိပ်ပြီးပြန်လာခဲ့ရကြောင်း၊ လူကုန်ကူးမခံရမီက သူတို့သည် အိမ်ထောင်ကျပြီး ကာမပိုင် လင်ယောက်ျားများလည်းရှိကြောင်း ကာယကံရှင်များ ထံမှ သိရသည်။

လက်ရှိတွင် မအေးအေးတို့ ရောင်းစားခံခဲ့ရသည့် အနှိပ်ခန်းတွင်ရှိနေသော ရွှေတောင်မြို့မှ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးကို ယင်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အကူအညီဖြင့် ပြန်လည်
ခေါ်ယူနိုင်တော့မည်ဟုလည်း ယင်းပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ရွှေတောင်မြို့နယ် NLD ပါတီ၏ အမှုဆောင် ဦးမင်းမော်က “ဖုန်းနဲ့ဆက်သွယ်ထားတယ်။ ကောင်မလေး ပြန်ရောက် တာနဲ့တရားစွဲမယ်”ဟုလည်း ဆိုသည်။

အနှိပ်ခန်းတွင် ကျန်ရှိနေသေးသည့် အမျိုးသမီးငယ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မည်သို့ ဆက်လက် ဆောင်ရွက်ပေးမည်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Mizzima , RangonNewsDaily
kolatt (Pabedan): 20.8.2013

0 comments:

Post a Comment