Pages

Tuesday, August 20, 2013

ကျိုက်ထိုမြို့၌ ဆိုင်ကယ် မီးရှို့မှု ဖြစ်ပွား

RangonNewsDaily:: Aug 20, 2013

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ကျိုက်ပေါလော ဘုရားဝင်းတွင် ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က မအိအိမာ၏ ဟွန်ဒါဝေ့ဖ် အနီရောင်ဆိုင်ကယ် အမှတ် ၂၇ယ/-----ကို ၎င်း၏ မတ်တော်စပ်သူ ဇာနည်ဝင်း ၂၄ နှစ်(ဘ) ဦးဆန်းဝင်း ပဲခူးမြို့နေသူက ငွေကြေးကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးကာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ မီးရှို့မှုကြောင့် ဆိုင်ကယ်ရှေ့ပိုင်းမှာ မီးလောင်ကျွမ်းပြီး တွန့်လိမ် ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇာနည်ဝင်းအား ကျိုက်ထို ရဲစခန်းမှ (ပ)သတင်းချက် အမှတ် ၁၆၈/၂ဝ၁၃ ပြစ်မှုပုဒ်မ ၄၃၆(မီးရှို့မှု) အရ အမှုဖွင့် ထားကြောင်း သိရသည်။ 
မြ၀တီ ,  RangonNewsDaily
kolatt (Pabedan): 20.8.2013

0 comments:

Post a Comment