Pages

Tuesday, August 20, 2013

ဘိန်းစ်နှင့် ဖယ်လိုင်နီတို့အတွက် မန်ယူကမ်းလှမ်းမှုကို အဲဗာတန်ပယ်ချ

အဲဗာတန်ကို မန်နေဂျာအဖြစ် တာဝန်ယူဖူးသည့် ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် မော်ရို ဖယ်လိုင်နီနှင့် လေတန်ဘိန်းစ် တို့ နှစ်ဦးအတွက် ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းက မိမိတို့၏ ကစားသမား (၂)ဦးကို ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းအပေါ် အဲဗာတန်က ဒေါသတကြီး ပယ်ချခဲ့ကြောင်း သိရှိရသည်။ အဲဗာတန်ကို မန်နေဂျာအဖြစ် တာဝန်ယူဖူးသည့် ယူနိုက်တက် မန်နေဂျာ ဒေးဗစ် မိုယက်စ်သည် မော်ရို ဖယ်လိုင်နီနှင့် လေတန်ဘိန်းစ်တို့ နှစ်ဦးအ တွက် ပေါင်စတာလင် (၂၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများ က ဖော်ပြခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းသည် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဖယ်လိုင်နီအတွက် ပေါင်စတာလင် (၁၆)သန်း၊ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘိန်းစ်အတွက် ပေါင်စတာလင် (၁၂)သန်း အသီးသီး ဈေးနှုန်းသတ်မှတ် ချဉ်းကပ်ခဲ့ခြင်းဟု ဆိုသည်။

ဖယ်လိုင်နီ တစ်ဦးတည်းကိုပင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၂၃.၅) သန်း ဈေးနှုန်း သတ်မှတ်ထားသည့် အဲဗာတန်အတွက် ယခုကမ်းလှမ်းမှု သည် စိတ်ပျက်စရာ ဖြစ်ခဲ့ကြောင်း သိရသည်။ ယခုသတင်းကို Liverpool Echoက ဖော်ပြခဲ့ပြီး အဲဗာတန်က ယူနိုက်တက်၏ ချဉ်းကပ်မှုကို ချက်ချင်း ပယ်ချလိုက်ခြင်းမှာ အဆန်းမဟုတ်ဟုလည်း သုံးသပ် ရေးသားခဲ့သည်။ မိုယက်စ်သည် ယခုနွေရာသီတွင် ယူနိုက်တက်အတွက် အထင်ကရ ကစားသမားသစ် ဖြည့်တင်းမှုမျိုး မပြုလုပ်နိုင်သေးဘဲ ရှိနေသည်။

ဗြိတိန်တွင် ယူနိုက်တက် အားပေးသူများကြား လူသိများသည့် ပရိသတ် တစ်ဦးဖြစ်သော အီမန်ဟုမ်းလ်က အဲဗာတန်က ဖယ်လိုင်နီနဲ့ ဘိန်းစ်အတွက် ယူနိုက်တက်က ကမ်းလှမ်းတဲ့ ပေါင်စတာလင် (၂၄)သန်း တန် ပြောင်းရွှေ့ကြေးကို ပယ်ချခဲ့ပါတယ်။ ဒါဟာ မှန်ကန်တယ်လို့ ပြော ရမှာပါ။ ယူနိုက်တက် လုပ်ပုံက နောက်နေသလိုပဲဟု Twitterတွင် အရွှမ်းဖောက် ရေးသားသွားသည်။

Planet Myanmar Network

RangonNewsDaily:: Aug 20, 2013

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 20.8.2013

0 comments:

Post a Comment