Pages

Thursday, July 18, 2013

အပြောင်းအလဲလုပ်တဲ့အခါ စိတ်ရှည်သည်းခံဖို့လိုကြောင်း သူရဦးရွှေမန်းပြော

17-7-2013

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာနဲ့ အုပ်ချုပ်လာခဲ့တာကြောင့် ရုတ်တရက် အပြောင်းအ
လဲလုပ်ရတဲ့အခါမှာအခက်အခဲရှိကြောင်းစိတ်ရှည်သည်းခံကြဖို့လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌသူရ
ဦးရွှေမန်းက ဒီနေ့ပြောကြားလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းကသတင်း
ထောက်တွေနဲ့ သူ့ရဲ့ဧည့်ခန်းမဆောင်မှာ နာရီဝက်ကြာတွေ့ ဆုံခဲ့ပြီး သတင်းထောက်တွေ ရဲ့ မေးမြန်းချက်
တွေကို ဖြေကြားခဲ့တာပါ။

ဒါ့အပြင် အပြောင်းအလဲကာလမှာဒီမိုကရေစီစနစ်ရဲ့စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေအနေနဲ့လည်း

မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြဖို့ လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောသွားပါတယ်။

RFA Burmese , RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment