Pages

Thursday, July 18, 2013

အာဇာနည်နေ့ အခမ်းအနား ပြန်လည် ကျင်းပပေးရန် လူမှုအဖွဲ့အစည်း ၅၀ကျော် တောင်းဆို

အာဇာနည်နေ့ အခမ်းအနား ပြန်လည် ကျင်းပပေးရန် လူမှုအဖွဲ့အစည်း ၅၀ကျော် တောင်းဆို
Thursday, July 18, 2013

တပ်မတော် အစိုးရ လက်ထက်တွင် ပိတ်ပင်ထားသော အာဇာနည်နေ့ အခမ်းအနားကို ယခင် ကျင်းပခဲ့သည့်အတိုင်း ပြန်လည် ကျင်းပပေးရန် လူမှု အဖွဲ့အစည်း ၅၃ဖွဲ့က ဇူလိုင် ၁၇ ရက်နေ့တွင် တညီတညွတ်တည်း တောင်း ဆိုလိုက်သည်။

(၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုပြီး ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညပိုင်းတွင် ကျဆုံး အာဇာနည်တို့၏ မိန့်ခွန်းနှင့် သမိုင်းတို့ကို ထုတ်လွှင့်ပေးပါရန်နှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇မိနစ်တွင် ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း၊ ယင်းအပြင် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ တက်ရောက် ဂါရဝပြုပေးပါရန်တို့ကို တောင်းဆိုထားကြောင်း အထက်ပါ အဖွဲ့အစည်းများ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ တောင်းဆိုရခြင်းမှာ ကျဆုံးသွားသော အာဇာနည်များကို ပြည်သူ လူထု မမေ့ပျောက်စေရန်၊ ၎င်းတို့ တန်ဖိုးကို ပြည်သူတို့ သိရှိ နားလည်ပြီး အာဇာနည်နေ့ အခမ်းအနားကို စဉ်ဆက်မပြတ် ကျင်းပသွားစေရန်နှင့် မျိုးဆက်သစ် လူငယ်များ အာဇာနည်တို့၏ စိတ်ဓာတ်ကို အတုယူ ကျင့်သုံး လာစေရန်၊ အခွင့်အရေးနှင့် တာဝန်ကို နားလည်သော နိုင်ငံ့သားကောင်း ဖြစ် လာစေရန် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှိုင်မြို့နယ် (၁၁)ရပ်ကွက်ရှိ အမျိုးသမီး တစ်ဦးကမူ “သမီးက အာဇာနည် မိန့်ခွန်းတွေ မေးလည်း မသိဘူး။ ဥသြ ဆွဲတာလည်း ဘာမှန်း မသိဘူး။ အသက် ၂၀ ကျော် ရှိနေပြီ။ သူတို့ခေတ်မှာ ရှိမှ မရှိတာ” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အာဇာနည်နေ့ကို ယခင်ကဲ့သို့ မြန်မာ့ အသံမှ ဥသြဆွဲသံ ပြန်လည် ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ မရှိ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ မေးမြန်းမှုကို ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်တင်က အစီအစဉ် မရှိကြောင်း ဖြေကြားခဲ့သည်။ 

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အပါအဝင် ဆက်စပ်သည့် သတင်းနှင့် မိန့်ခွန်းတို့ကိုပါ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို တို့မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

The Voice Weekly

Thursday, July 18, 2013
တပ်မတော် အစိုးရလက်ထက်တွင်ပိတ်ပင်ထားသော အာဇာနည်နေ့ အခမ်းအနားကို ယခင် ကျင်းပခဲ့သည့်
အတိုင်း ပြန်လည် ကျင်းပပေးရန် လူမှု အဖွဲ့အစည်း ၅၃ဖွဲ့က ဇူလိုင် ၁၇ ရက်နေ့တွင် တညီတညွတ်တည်း
တောင်း ဆိုလိုက်သည်။ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုပြီး ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညပိုင်းတွင် ကျဆုံး အာဇာ
နည်တို့၏ မိန့်ခွန်းနှင့်သမိုင်းတို့ကိုထုတ်လွှင့်ပေးပါရန်နှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇မိနစ်တွင်
ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း၊ ယင်းအပြင်အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံ
တော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ တက်ရောက် ဂါရဝပြုပေး
ရန်တို့ကို တောင်းဆိုထားကြောင်း အထက်ပါ အဖွဲ့အစည်းများ ၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ယခုကဲ့သို့ တောင်းဆိုရခြင်းမှာ ကျဆုံးသွားသော အာဇာနည်များကို ပြည်သူ လူထု မမေ့ပျောက်စေရန်၊ ၎င်း
တို့ တန်ဖိုးကို ပြည်သူတို့ သိရှိ နားလည်ပြီး အာဇာနည်နေ့ အခမ်းအနားကို စဉ်ဆက်မပြတ် ကျင်းပသွားစေရ
န်နှင့် မျိုးဆက်သစ် လူငယ်များ အာဇာနည်တို့၏ စိတ်ဓာတ်ကို အတုယူ ကျင့်သုံး လာစေရန်၊ အခွင့်အရေးနှင့် တာဝန်ကို နားလည်သော နိုင်ငံ့သားကောင်း ဖြစ် လာစေရန်ရည်ရွယ်ကြောင်းယင်းထုတ်ပြန်ချက်တွင် ဖော်
ပြထားသည်။

လှိုင်မြို့နယ် (၁၁)ရပ်ကွက်ရှိ အမျိုးသမီး တစ်ဦးကမူ “သမီးက အာဇာနည် မိန့်ခွန်းတွေ မေးလည်း မသိဘူး။ ဥသြ ဆွဲတာလည်း ဘာမှန်း မသိဘူး။ အသက် ၂၀ ကျော် ရှိနေပြီ။ သူတို့ခေတ်မှာ ရှိမှ မရှိတာ” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်အာဇာနည်နေ့ကိုယခင်ကဲ့သို့ မြန်မာ့အသံမှဥသြဆွဲသံ ပြန်လည်ထုတ်
လွှင့်ပေးရန် အစီအစဉ် ရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်၏ မေးမြန်းမှုကို ပြန်ကြားရေးဒုတိယဝန်
ကြီး ဦးပိုက်တင်က အစီအစဉ် မရှိကြောင်း ဖြေကြားခဲ့သည်။

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အပါအဝင် ဆက်စပ်သည့် သတင်းနှင့် မိန့်ခွန်းတို့ကိုပါ မြန်မာ့
ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို တို့မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်နေ့ထုတ်
နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment