Pages

Thursday, July 18, 2013

မြန်မာသမ္မတ၏ ကတိက၀တ်များကို အယုံအကြည်မရှိ၊ ဖိအားပေးသွားရမည်ဖြစ်


Walter Lohma

မြန်မာသမ္မတ၏ ကတိက၀တ်များကို အယုံအကြည်မရှိရန်နှင့် ထိုကတိများ ဖြည့်ဆီးဖို့ ဖိအားပေးသွားရန် အတွက် အမေရိကန်၊ ၀ါရှင်တန် အခြေဆိုက် အာရှာရေးရာ လေ့လာရေးစင်တာ၏ ဒါရိုက်တာဖြစ်သူ ဝေါလ်
တာ လိုမန်း (Walter Lohman) က blog.heritage.org တွင် ရေးသားထားသည်။

လိုမန်း၏ဆောင်းပါးတွင် ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားများယခုနှစ်ကုန်တွင်အပြီးသတ်လွှတ်ပေးမည်
ဟု ကတိပေးလိုက်သော်လည်းယင်းမှာယခုအချိန်နှင့် နှစ်ကုန်ပိုင်းအထိ အစိုးရကပြုလုပ်မည့်မတရားမှုများ
ကို  ယင်းကာလအကြား (နိုင်ငံတကာနှင့် ဆက်ဆံရေးတွင်) ကောင်းမွန်သည့် အချင်းအရာများကို ၀ယ်ယူ
လိုက်ခြင်းဖြင့် ဖုန်းဖိသွားနိုင်ဖို့ ရည်ရွယ်ရာရောက်ကြောင်း ဝေဖန်ထားသည်။

၎င်းပြင်သူက ဦးသိန်းစိန်အစိုးရ၏ မသေချာသော ကတိများကို ချဉ်းကပ်ဖြေရှင်းရန် နည်းလမ်း ၂ သွယ်ကို ချပြထားသည်။ နံပါတ် တစ်အချက်မှာ အမေရိကန် ကွန်ဂရက်က မြန်မာနှင့်စစ်ရေးအရဆက်ဆံရေးကို မြှင့်
တင်ပြီး မြန်မာအပေါ် ပေါ်လစီအရ လွတ်လပ်မှုများသော ဆက်ဆံရေးကို ထားရှိမည်ဖြစ်သလို ယင်းနောက်
မှ အမေရိကန်ကွန်ဂရက်က အဓိကရုဏ်းနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများတွင် အကူအညီ
ပေးပြီး စောင့်ကြည့်သွားရန် ဖြစ်နိုင်ကြောင်းဖော်ပြထားသည်။

ယင်း နံပါတ်တစ်နည်းလမ်းမှာအမေရိကန်ကထိထိရောက်ရောက်အကူအညီ မပေးသော ကဏ္ဍများတွင် မြန်
မာအစိုးရက မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို စောင့်ကြည့် အဖြေထုတ်သည့် နည်းလမ်းမျိုးလည်း
ဖြစ်သည်။

နံပါတ် နှစ်နည်းလမ်းမှာမူ ဦးသိန်းစိန်အစိုးရကို ကတိက၀တ်များ ဖြည့်ဆီးဖို့ ဖိအားပေးသွားရန်ဖြစ်သည်။ အို
ဘားမား အစိုးရက မြန်မာအစိုးရ သည် နောက်ကြောင်းပြန်လှည့်လိမ့်မည်မဟုတ်ကြောင်း တွင်တွင်ထောက်
ပြနေသော်လည်း အကယ်၍ နောက်ကြောင်းပြန်လှည့်ခဲ့ပါမူ မည်သို့တုန့်ပြန် လိမ့်မည်ကိုမူ ထုတ်ဖော်ပြော
ကြားခြင်းမရှိသေးပေ။

ထို့အတူ အသွင်ကူးပြောင်းရေး တုန့်ဆိုင်း နေပြီး ကတိက၀တ်များကို ဖြည့်ဆီးခြင်းမရှိပါက မည်သို့တုန့်ပြန်မ
ည်ဆိုသည်ကိုလည်း သတ်မှတ်ခြင်းမျိုး မရှိသေးကြောင်း လိုမန်းက သုံးသပ်ထားသည်။

အမေရိကန်မီဒီယာများတွင် မြန်မာပြည်၌ နိုင်ငံရေးအကျဥ်းသားများ ဖမ်းဆီးမှုရှိနေသေးသည်ကို ဖော်ပြမှု နည်းနေသေးကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်က ဖမ်းခဲ့သည်ဖြစ်စေ၊ မနေ့ကဖမ်းသည်ဖြစ်စေ ဥပဒေကတော့
 ပြောင်းလဲခြင်းမရှိသည့် ဥပဒေတစ်မျိုးထဲပင်ဖြစ်ကြောင်း လိုမန်းက သုံးသပ်ထားသည်။

ဦးသိန်းစိန်က ၄င်း၏ဥရောပခရီးစဉ်တွင် အရေးကြီးသော ပါးစပ်ကတိနှစ်ခုကို ပေးထားခဲ့ပြီးဖြစ်သလို ယင်း
တို့မှာ နိုင်ငံရေးအကျဉ်းသားကိစ္စနှင့် လူမျိုးဘာသာရေး ကိစ္စများ လုံးဝမဖြစ်စေရေးတို့ဖြစ်သည်။ သို့သော် ယင်းကဲ့သို့သော ကတိမျိုးကို လွှတ်တော် ဥက္ကဌကလည်း သူ၏ အမေရိကန် ခရီးစဉ်တွင် ပေးပြီးဖြစ်သော်
လည်း ဗုဒ္ဓဘာသာဘုန်းကြီးများက အခြားသာသနာများကို ပွင့်လင်းထင်ရှားစွာ စော်ကားဆဲရေးလျက်ရှိနေ
သေးသည်။

လိုမန်းကမူ ဦးသိန်းစိန်အား ယခုနှစ်ကုန်အထိ စောင့်ကြည့်မည်လော၊ ဖိအားပေးမည်လောဆိုသည်ကို မေး
ခွန်းထုတ်ထားသည်။


blog.heritage.org/2013/07/16/dont-trust-burma-promises-enforce-them/ ကို မှီငြမ်းပါသည်။

M-Media ,  RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment