Pages

Thursday, July 18, 2013

တောင်ကုတ်လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး

၁၈.၇.၂၀၁၃
မနှစ်က တောင်ကုတ်မြို့မွတ်စလင်၁၀ ဦးသတ်ဖြတ်ခံရမှုမှာဦးဆောင်တယ်လို့သံသယရှိသူ၆ ဦးကို နေပြည်
တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲ
ခရိုင်သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ကအဖွဲ့ဝင်ဦးဝင်းနိုင်က ပြောပါတယ်။ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်
ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော်ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်းမပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။
“နေပြည်တော်က ဆင်းလာတဲ့ရဲက သံတွဲရဲကို အကူအညီတောင်းပြီးတော့ သံတွဲမှာရှိတဲ့ ရဲတွေရဲ့ဖုန်းတွေကို
ပါ သိမ်းလိုက်တယ်။ ပြီးတော့ကားပေါ်တက်ဆိုပြီးတော့ပထမတော့သူက မြောက်ဘက်ကို အယောင်ပြတာ
ပေါ့။သွားတာက တောင်ကုတ်သွားတာ။ မြောက်ဘက်က ကျောက်ကြီးဆိုတဲ့ရွာကိုအယောင်ပြတာ။ ကျောက်
ကြီးကိုဖုန်းဆက်တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကိုဖုန်းဝင်
လာတယ်။ ကား ၄ စီးဖြတ်သွားတယ်။ ရဲတွေလည်းပါသွားတယ်ပေါ့။ 

ဒီတော့ အခြေအနေတခုကို စောင့်ကြည့်ရမယ်ပေါ့။ သွားတာကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက်ဖမ်းမိ
တယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့အမှုနဲ့၇ ဦးဖမ်းဖို့ရာမှာ၁ ဦးကလွတ်သွားတယ်တဲ့။ တောင်ကုတ်ကျ
တော့လည်း ရဲတွေကို လက်ကိုင်ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူဆိုတာကို သူတို့က စုံစမ်းပြီးသား
ဖြစ်နေတာ” လို့ ပြောပါတယ်။

သံတွဲမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ အထက်က စီစဉ်တာဖြစ်လို့ ပြောလို့ မရဘူးလို့ ဖြေပါတယ်။

သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို သူတို့မသိပါဘူးလို့ ဖြေပါတယ်။ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦး

ထွန်းဝေကို ဆက်သွယ်ရာမှာ သူ့ရဲ့ကိုယ်ရေးအရာရှိက သတင်းညှိနှိုင်း အစည်းအဝေးလုပ်နေလို့ မအားသေး
ဘူးလို့ ဖြေပါတယ်။

တောင်ကုတ်ဒေသခံတွေကို မေးမြန်းတဲ့အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကျမှ ကြားသိရပြီး နယ်

မြေခံတပ်ကလူတွေတောင် မသိဘူးလို့ ပြောပါတယ်။ ဒီမနက်မှာတော့ တောင်ကုတ်မြို့မှာ ရဲလုံခြုံရေးတိုးမြှင့်
ချထားတယ်လို့ ဆိုပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သံတွဲမြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ

အဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံ
ရတဲ့ အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအကြမ်းဖက်သတ်ဖြတ်မှုကြောင့် နောက်ပိုင်းမှာရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေ

နဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Link =>http://burmese.dvb.no/archives/41684

DVB မြန်မာပိုင်း
RangonNewsDaily
kolatt (Pabedan): 18.7.2013

0 comments:

Post a Comment