Pages

Saturday, May 18, 2013

TATA Nano ကားများသည် တန်ဖိုးနည်းကားများ မဟုတ်ကြောင်းဆို

အိန္ဒိယနိုင်ငံထုတ် TATA Nano ကားများကိုမြန်မာနိုင်ငံတွင် တန်ဖိုးနည်းကားများအဖြစ်
ရောင်းချမည့် သတင်းများ ထွက်ပေါ်နေပြီးထိုသတင်းများသည် မှန်ကန်မှုမရှိကြောင်းသိရသည်။ TATA Nano ကားများ မြန်မာနိုင်ငံကိုတင်သွင်းသောအခါ နိုင်ငံတော်က သတ်မှတ်ထားသော
ထိုက်သင့်
သည့် အခွန်အခများ၊ ထုတ်လုပ်သော စရိတ်နှင့်ပစ္စည်းတန်ဖိုးများ ရှိသောကြောင့် တန်ဖိုးသင့်တင့်သည့်ကားများဖြစ်ကြောင်း သိရသည်။ 
၎င်းတို့ကုမ္ပဏီအနေဖြင့်TATA Nano ကားများကို ရောင်းချရာတွင် အရစ်ကျငွေပေးချေမှု စနစ်များရှိကြောင်း၊ အမြို့မြို့အနယ်နယ်သို့ရောင်းချရာတွင် အဆင်ပြေစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အရောင်းကိုယ်စားလှယ်များထားရှိကြောင်း သိရသည်။
Myawaddy News, Rangonnewsdaily
RND:  :18.5.2013

0 comments:

Post a Comment