Pages

Saturday, May 18, 2013

မိတ္ထီလာမြို့ရှိ အကြမ်းဖက်မီးရှို့ခံရသော အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်သော မြေကွက်များအား မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ရဲမြင့်မှ အကွက်ချပြီး ရောင်းစားရန် ကြံစည်နေ

မိတ္ထီလာမြို့ရှိ အကြမ်းဖက်မီးရှို့ခံရသော အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင်သော မြေကွက်များအား မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ရဲမြင့်မှ အကွက်ချပြီး ရောင်းစားရန် ကြံစည်နေ

သတင်း - ဒဿဂီရိ ( မန္တလေး )
ဓါတ်ပုံ - ဟိန်းအောင် 

အကြမ်းဖက် တိုက်ခိုက် မီးရှို့ခံရသောကြောင့် မီးလောင်ကျွမ်းသွားခဲ့သော မိတ္ထီလာမြို့လည်ခေါင်ရှိ အစ္စလာမ် ဘာသာဝင်များ ပိုင်ဆိုင် သော မြေကွက်များအား မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ခြင်း မပြုဘဲ ထိုနေရာများတွင် တိုက်ခန်းများဆောက်လုပ်ပြီး ပိုလျှံသော နေရာများအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ရဲမြင့်မှ ရောင်းချရန် စီစဉ်နေပြီး ယခုအခါ မြို့လည်ခေါင်ရှိ မြေကွက်အချို့အား သိန်း ၈၀၀၀ အထိ 
ဈေးခေါ်နေကြောင်း မြေကွက် ၀ယ်ယူရန် စုံစမ်းနေသော သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ 

“ကျနော်တို့ သတင်းကြားတာက မိတ္ထီလာမြို့လည်က မြေကွက်တွေ ရောင်းမယ်ပေါ့နော်၊ အဲဒါ ၀န်ကြီးချုပ် ဦးရဲမြင့်ထံမှာ ၀ယ်လို့ရတယ်လို့ ပြောပါတယ်။ အဲဒါ ကျနော်လည်း စုံစမ်းနေတော့ 
မန္တလေးဘက်က တရုပ် အချို့က ဈေးကြီးပေးဝယ်ဖို့ ၀န်ကြီးချုပ် ရဲမြင့်နဲ့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ ဒီကနေ့ မီးလောင်သွားတဲ့ မြေပိုင်ရှင်တွေနဲ့ အစည်းအဝေး ခေါ်တယ်လို့ သိရတယ်ဗျ။
အစည်းအဝေးမှာ ၀န်ကြီးက ပြောတာက ဒီနေရာတွေမှာ Shopping Mall ကြီးတွေ ဆောက်မယ်၊ အပန်းဖြေ ဥယျာဉ်ကြီးတွေ ဆောက်မယ်၊ ခင်ဗျားတို့ကို တိုက်ခန်းတွေနဲ့ ထားမယ် ဆိုပြီး မက်လုံးတွေ ပေးပြီး ပြောတယ်၊ ကျနော်တို့က မလိုချင်ပါဘူး၊ ကိုယ်ပိုင်တဲ့ နေရာလေးပဲ ပြန်လိုချင်တယ်။ သူတို့ ယုတ်မာလို့ ပြန်ရောင်းရင်တောင် ကိုယ့်မိဘ ခေါင်းချ ကွယ်လွန်ခဲ့တဲ့ နေရာလေးကို ပြန်လိုချင်လို့ လိုက်မေးတာ သိန်း ၈၀၀၀ ဆိုနေတယ်ဗျာ။

 တော်တော် ၀မ်းနည်းဖို့ကောင်းတယ်။ ကျနော်တို့က သူများ ဖျက်ဆီးတာလည်း ခံရသေးတယ်၊ အခု ကိုယ့်မြေနေရာကို သူများကို ရောင်းခံရရင် ကျနော်တို့ သေဖို့ပဲ ရှိတော့တယ်ဗျာ။ အဲဒီလို မဖြစ်အောင် အားလုံး သိအောင်
 ပြောပေးပါဦး” ဟု နစ်နာခဲ့သူတစ်ဦ ငိုယိုပြီး မေးမြန်းမှုအား ပြောကြားခဲ့ပါသည်။
ဓါတ်ပုံ - ဟိန်းအောင်
အကြမ်းဖက် တိုက်ခိုက် မီးရှို့ခံရသောကြောင့် မီးလောင်ကျွမ်းသွားခဲ့သော မိတ္ထီလာမြို့လည်ခေါင်ရှိ အစ္စ
လာမ် ဘာသာဝင်များ ပိုင်ဆိုင် သော မြေကွက်များအား မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ခြင်း မပြုဘဲ ထို
နေရာများတွင် တိုက်ခန်းများဆောက်လုပ်ပြီး ပိုလျှံသော နေရာများအား မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ရဲမြင့်မှ ရောင်းချရန် စီစဉ်နေပြီး ယခုအခါ မြို့လည်ခေါင်ရှိ မြေကွက်အချို့အား သိန်း ၈၀၀၀ အထိ ဈေးခေါ်
နေကြောင်း မြေကွက် ၀ယ်ယူရန် စုံစမ်းနေသော သူတစ်ဦးမှ ပြောကြားခဲ့ပါသည်။ “ကျနော်တို့ သတင်းကြားတာက မိတ္ထီလာမြို့လည်က မြေကွက်တွေ ရောင်းမယ်ပေါ့နော်၊ အဲဒါ ၀န်ကြီးချုပ် ဦးရဲမြင့်ထံမှာ ၀ယ်လို့ရတယ်လို့ ပြောပါတယ်။ အဲဒါ ကျနော်လည်း စုံစမ်းနေတော့ မန္တလေးဘက်က တရုပ်
 အချို့က ဈေးကြီးပေးဝယ်ဖို့ ၀န်ကြီးချုပ် ရဲမြင့်နဲ့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ ဒီကနေ့ မီးလောင်သွားတဲ့
မြေပိုင်ရှင်တွေနဲ့ အစည်းအဝေး ခေါ်တယ်လို့ သိရတယ်ဗျ။

အစည်းအဝေးမှာ ၀န်ကြီးက ပြောတာက ဒီနေရာတွေမှာ Shopping Mall ကြီးတွေ ဆောက်မယ်၊ အပန်းဖြေ ဥယျာဉ်ကြီးတွေ ဆောက်မယ်၊ ခင်ဗျားတို့ကို တိုက်ခန်းတွေနဲ့ ထားမယ်ဆိုပြီးမက်လုံးတွေ ပေးပြီး ပြောတယ်၊
ကျနော်တို့က မလိုချင်ပါဘူး၊ ကိုယ်ပိုင်တဲ့ နေရာလေးပဲ ပြန်လိုချင်တယ်။ သူတို့ ယုတ်မာလို့ ပြန်ရောင်းရင်
တောင် ကိုယ့်မိဘ ခေါင်းချ ကွယ်လွန်ခဲ့တဲ့ နေရာလေးကို ပြန်လိုချင်လို့ လိုက်မေးတာ သိန်း ၈၀၀၀ ဆိုနေ
တယ်ဗျာ။

တော်တော် ၀မ်းနည်းဖို့ကောင်းတယ်။ ကျနော်တို့က သူများ ဖျက်ဆီးတာလည်းခံရသေးတယ်၊ အခု ကိုယ့်မြေ
နေရာကို သူများကို ရောင်းခံရရင် ကျနော်တို့ သေဖို့ပဲ ရှိတော့တယ်ဗျာ။ အဲဒီလို မဖြစ်အောင် အားလုံး သိ
အောင်ပြောပေးပါဦး” ဟု နစ်နာခဲ့သူတစ်ဦ ငိုယိုပြီး မေးမြန်းမှုအား ပြောကြားခဲ့ပါသည်။
သတင်း - ဒဿဂီရိ ( မန္တလေး )
Myanmar Muslim.Net , Rangonnewsdaily
RND:  :18.5.2013

0 comments:

Post a Comment