Pages

Saturday, May 18, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မေ ၁၇ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် စတင်ထွက်ခွာ

သမ္မတဦးသိန်းစိန် အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ မေ ၁၇ ရက် ညပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အမေရိကန်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် စတင်ထွက်ခွာသွားပြီ ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၇ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် KE-472 Korean Air လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ ယခုခရီးစဉ်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ သမ္မတနှင့်အတူ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရပါသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် ၀ါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်၌ မေ ၂၀ ရက်(တနင်္လာ) တွင် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်းလည်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့် ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်မလဲ ဆိုသည်ကို လေ့လာသိရှိနိုင်ရန် အတွက် သမ္မတအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်စောင့်စား နေပါကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

''အာရပ်နွေဦးလှိုင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ မြန်မာ့နွေဦးဟာ ပိုပြီး ခိုင်မာကောင်းမွန် နေတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနွေဦးဟာ အမေရိကန်နိုင်ငံ ကမ္ဘာတစ်ဝန်းမှာ မြှင့်တင်နေတဲ့ တန်ဖိုးတွေကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း နောက်ကြောင်းပြန် မလှည့်ဘူးလို့ အတိအလင်း ပြောထားပြီးသားပါ။ အမေရိကန်ဘက်က စိုးရိမ်တာက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ခြေလှမ်းတွေ ဘယ်လောက်အထိ ခိုင်မာမလဲ၊ နောက်ကြောင်း ပြန်လှည့်နိုင်-မလှည့်နိုင် ဆိုတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြေလှမ်းတွေ၊ လက်ရှိခြေလှမ်းတွေ၊ ရှေ့ဆက်မယ့် ခြေလှမ်းတွေရဲ့ လားရာအရ ဒီအိမ်ဖြူတော်ခရီးစဉ် ပေါ်ပေါက်လာခဲ့တာလို့လည်း ပြောနိုင်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

''နှစ်ပေါင်း ၅၀ နီးပါးအတွင်း ဖြစ်ပေါ်လာတဲ့ နေပြည်တော်-အိမ်ဖြူတော် ခေါင်းဆောင်များရဲ့ သံခင်းတမန်ခင်းဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်နွှယ် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ အခု အမေရိကန်ဘက်က ချမှတ်ထားတဲ့ တစ်ဆင့်ချင်း တက်လှမ်းနေတဲ့ မူဝါဒအရလည်း လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး စတဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ကူညီထောက်ပံ့မှု အများကြီး ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးစနစ်၊ စီးပွားရေး စနစ်တွေအရ အမေရိကန်နဲ့ ပိုပြီးနီးစပ်နေတဲ့ သဘောသဘာဝလည်း ရှိပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာလည်း Rule of Law ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခုမှ ဒီလမ်းကြောင်းကို လျှောက်ရတာ ဖြစ်တဲ့အတွက် ရှေ့ကဦးဆောင်နေတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ထောက်ပံ့ကူညီမှုတွေ အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါတွေကိုလည်း သမ္မတကြီးရဲ့ အိမ်ဖြူတော်ခရီးစဉ်မှာ ဆွေးနွေးဖော်ဆောင် နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်'' ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

EMG

သွားရောက်မည့် သမ္မတဦးသိန်းစိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နားနေဆောင်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

သမိုင်းဝင်ခရီးစဉ်သွားရောက်မည့် သမ္မတဦးသိန်းစိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နားနေဆောင်မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်အရ မေ ၁၇ ရက် ည
ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အမေရိကန်နိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် စတင်ထွက်ခွာသွားပြီ ဖြစ်ပါ
သည်။ သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၇ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် KE-
472 Korean Air လေကြောင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွား
ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ယခုခရီးစဉ်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး
 အမေရိကန် အိမ်ဖြူတော် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ သမ္မတနှင့်အတူ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်
ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွား
ကြောင်း သိရပါသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် ၀ါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်၌ မေ ၂၀ ရက်(တနင်္လာ) တွင် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အ
ကောင်အထည်ဖော်မှုများကိုတိုးတက်မှုများ ရှိစေရန်ဆက်လက်ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်းလည်း
 အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖွံ့ဖြိုးရေး၊ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့် ကျန်
ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်မလဲ ဆိုသည်ကို လေ့
လာသိရှိနိုင်ရန် အတွက် သမ္မတအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်စောင့်စား
နေပါကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း
သည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

''အာရပ်နွေဦးလှိုင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ မြန်မာ့နွေဦးဟာပိုပြီးခိုင်မာကောင်းမွန် နေတာ
လည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနွေဦးဟာအမေရိကန်နိုင်ငံကမ္ဘာတစ်ဝန်းမှာ မြှင့်တင်နေတဲ့ တန်ဖိုးတွေ
ကို ကိုယ်စားပြုနေပါတယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း နောက်ကြောင်းပြန် မလှည့်ဘူးလို့ အ
တိအလင်း ပြောထားပြီးသားပါ။အမေရိကန်ဘက်ကစိုးရိမ်တာက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ခြေလှမ်း
တွ ဘယ်လောက်အထိ ခိုင်မာမလဲ၊ နောက်ကြောင်း ပြန်လှည့်နိုင်-မလှည့်နိုင် ဆိုတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့
 ခြေလှမ်းတွေ၊ လက်ရှိခြေလှမ်းတွေ၊ ရှေ့ဆက်မယ့် ခြေလှမ်းတွေရဲ့ လားရာအရ ဒီအိမ်ဖြူတော်ခရီးစဉ် ပေါ်
ပေါက်လာခဲ့တာလို့လည်း ပြောနိုင်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြော
ကြားသည်။

''နှစ်ပေါင်း ၅၀ နီးပါးအတွင်း ဖြစ်ပေါ်လာတဲ့ နေပြည်တော်-အိမ်ဖြူတော် ခေါင်းဆောင်များရဲ့ သံခင်းတမန်
ခင်းဟာကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်နွှယ် အကျိုးဖြစ်ထွန်းစေမှာ
 ဖြစ်ပါတယ်။ အခု အမေရိကန်ဘက်က ချမှတ်ထားတဲ့ တစ်ဆင့်ချင်း တက်လှမ်းနေတဲ့ မူဝါဒအရလည်း လုံခြုံ
ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး စတဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ကူညီထောက်ပံ့မှု အများကြီး ပေးနိုင်ပါတယ်။ 
 
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးစနစ်၊ စီးပွားရေး စနစ်တွေအရ အမေရိကန်နဲ့ ပိုပြီးနီးစပ်နေတဲ့ သဘောသ
ဘာဝလည်း ရှိပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာလည်း Rule of Law ကို ခိုင်ခိုင်
မာမာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခုမှ ဒီလမ်းကြောင်းကို လျှောက်ရတာ ဖြစ်တဲ့
အတွက် ရှေ့ကဦးဆောင်နေတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ထောက်ပံ့ကူညီ
မှုတွေ အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါတွေကိုလည်း သမ္မတကြီးရဲ့ အိမ်ဖြူတော်ခရီးစဉ်မှာ ဆွေးနွေးဖော်
ဆောင် နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်'' ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

EMG , Rangonnewsdaily
RND:  :18.5.2013

0 comments:

Post a Comment