Pages

Saturday, May 18, 2013

အချင်းများပြီး တစ်မိသားစုလုံးကို မီးရှို့သတ်ခဲ့သည့် အမျိုးသမီးအား ထောင်ဒဏ်နှစ်၃၀ချမှတ်

အချင်းများပြီး တစ်မိသားစုလုံးကို မီးရှို့သတ်ခဲ့သည့် အမျိုးသမီးအား ထောင်ဒဏ်နှစ်၃၀ချမှတ်



အိမ်ရှေ့တွင် ကလေးတွန်းလှည်း ပိတ်လျက်ထားခဲ့သည်မှ စတင်၍ အချင်းများပြီး တစ်မိသားစုလုံးကို မီးရှို့သတ်ခဲ့သည့် တရားခံအမျိုးသမီးကို ဗြိတိန်နိုင်ငံ ဝေလပြည်နယ် မြောက်ပိုင်းဒန်ဘရစ်ရှိုင်းယားဒေသ ပရီစတာတန်မြို့ မိုဒ်ခရောင်းတရားရုံးမှ မေ၇ရက်တွင် ထောင်ဒဏ် နှစ်၃၀ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အသက်၄၃နှစ်အရွယ်ရှိ မီလာနီစမစ်အမည်ရှိ အမျိုးသမီးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၉ရက်တွင် အိမ်ရှေ့၌ ကလေးတွန်းလှည်း ပိတ်လျက်ထားရှိမှုနှင့် ပတ်သက်၍ အိမ်နီးချင်းဖြစ်သူ လီအန်နာရှီးယားနှင့် ၎င်း၏ချစ်သူလမ်တင်ဘရယ်တို့နှင့် အချင်းများခဲ့ပြီး ညလူခြေတိတ်ချိန်တွင် လီအန်နာရှီးယား နေထိုင်သောအိမ်အား မီးရှို့ခဲ့သည်။ ထိုသို့မီးလောင်ကျွမ်းမှုကြောင့် အသက်၂၀အရွယ်ရှိ လီအန်နာရှီးယား၊ ၂၃နှစ်အရွယ်ရှိ ၎င်း၏ချစ်သူလမ်တန်ပရယ်၊ ၎င်းတို့၏ ၁၅လသားအရွယ် ရင်သွေးချာလီအပါအ၀င် လီအန်နာရှီးယား၏ တူနှင့်တူမတို့စုစုပေါင်း ငါးဦးသေဆုံးခဲ့သည်။
မီလာနီစမစ်၏ လုပ်ရပ်ကြောင့် စည်ကားသိုက်မြိုက်သော မိသားစုအသိုက်အ၀န်းလေး တစ်ခုပြိုကွဲ ပျက်စီးခဲ့ရကြောင်း လီအန်နာရှီးယား၏ မိခင်ဖြစ်သူက ပြောကြားသွားခဲ့သည်။ သမီးဖြစ်သူ၏ အဆင်အခြင်မဲ့သော လုပ်ရပ်အပေါ် အံ့သြတုန်လှုပ်ခဲ့ကြောင်းနှင့် ကျန်ရစ်သူ မိသားစုအနေဖြင့် ၎င်းအပေါ် ခွင့်လွှတ်ပေးစေလိုကြောင်း မီလာနီစမစ်၏ဖခင်က ပြောကြားသွားခဲ့သည်။

အေးချမ်းမွန် Credit & Copy From >ပြည်မြန်မာ < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

အိမ်ရှေ့တွင် ကလေးတွန်းလှည်း ပိတ်လျက်ထားခဲ့သည်မှ စတင်၍ အချင်းများပြီး တစ်မိသားစုလုံးကို မီးရှို့
သတ်ခဲ့သည့်တရားခံအမျိုးသမီးကို ဗြိတိန်နိုင်ငံ ဝေလပြည်နယ် မြောက်ပိုင်းဒန်ဘရစ်ရှိုင်းယားဒေသပရီစတာ
တန်မြို့ မိုဒ်ခရောင်းတရားရုံးမှ မေ၇ရက်တွင် ထောင်ဒဏ် နှစ်၃၀ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အသက်၄၃နှစ်အရွယ်ရှိ မီလာနီစမစ်အမည်ရှိ အမျိုးသမီးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၉ရက်တွင် အိမ်ရှေ့၌ ကလေးတွန်းလှည်းပိတ်လျက်ထားရှိမှုနှင့်ပတ်သက်၍ အိမ်နီးချင်းဖြစ်သူ လီအန်နာရှီးယားနှင့် ၎င်း
၏ချစ်သူလမ်တင်ဘရယ်တို့နှင့် အချင်းများခဲ့ပြီး ညလူခြေတိတ်ချိန်တွင် လီအန်နာရှီးယား နေထိုင်သောအိမ်
အား မီးရှို့ခဲ့သည်။ထိုသို့မီးလောင်ကျွမ်းမှုကြောင့် အသက်၂၀အရွယ်ရှိ လီအန်နာရှီးယား၊ ၂၃နှစ်အရွယ်ရှိ ၎င်း
၏ချစ်သူလမ်တန်ပရယ်၊ ၎င်းတို့၏ ၁၅လသားအရွယ် ရင်သွေးချာလီအပါအ၀င် လီအန်နာရှီးယား၏ တူနှင့်
တူမတို့စုစုပေါင်း ငါးဦးသေဆုံးခဲ့သည်။

မီလာနီစမစ်၏ လုပ်ရပ်ကြောင့် စည်ကားသိုက်မြိုက်သော မိသားစုအသိုက်အ၀န်းလေး တစ်ခုပြိုကွဲ ပျက်စီးခဲ့

ရကြောင်း လီအန်နာရှီးယား၏ မိခင်ဖြစ်သူက ပြောကြားသွားခဲ့သည်။ 

သမီးဖြစ်သူ၏ အဆင်အခြင်မဲ့သော လုပ်ရပ်အပေါ် အံ့သြတုန်လှုပ်ခဲ့ကြောင်းနှင့် ကျန်ရစ်သူ မိသားစုအနေ
ဖြင့် ၎င်းအပေါ် ခွင့်လွှတ်ပေးစေလိုကြောင်း မီလာနီစမစ်၏ဖခင်က ပြောကြားသွားခဲ့သည်။

ပြည်မြန်မာ 

Rangonnewsdaily
RND:  :18.5.2013

0 comments:

Post a Comment