Pages

Saturday, May 18, 2013

မြန် မာ ပြည် သား တစ် ဦး ရဲ့ဘ၀ (ကဗျာ)

{    •  မြန် မာ ပြည် သား တစ် ဦး  •   }
အဘမိုးပျံ တပည့်ဗြောင်းဆံ
အဘလူလွှတ် တပည့်လူဖမ်း ။
အတိုင်အဖောက် အရီ ( ရယ် ) အငို
အတည် အနောက် ဗျစ်တောက်တောက်။
- - - - - - - - - - - - - 
အကျိုးမရှိ အမျိုးမထိ အဟောတိကံ
ကြမ်းချင်တလောက်ကြမ်း ရမ်းနိုင်သလိုရမ်း
မှောင်မိုက်တယ့် ဥပဒေ သူတို့အတွက်ပါလေ 
ဥပဒေကို လက်ခမောင်းတီး မထီမဲ့မြင်သတည်း။
- - - - - - - - - - - - - 
နိုင်ငံအကျိုးတွက်မျှော် လမ်းပေါ်ထွက်လို့အော်
ကံမဒကာ ထိုလူများ အင်းစိန်ထောင်ကိုသွား ။
ထွန်းလင်းတယ့် ဥပဒေ သူတို့ကို မငဲ့ပေ 
ဥပဒေကို လက်ဖျောက်တီး အထက်အမိန့်နဲ့ ပြီး ။
- - - - - - - - - - - - -  -
နွေမှာပူပြင်း မိုးရွာရေမလုံ ဆောင်းအခါ ချမ်းအေး
ဖျားနာသပ ပါရာစီတင်မော် သာရ ။
ရေဆယ်ခွက်ချိုး ဗံဒါရွက်နဲ့ မစင်သုံး
စားငပိ ဝါးဂျလိ ကျောက်ခဲအတိ ။
- - - - - - - - - - - - - - 
အဖအရှိန်ဝါ သားချမ်းသာ
ကုမ္မဏီ မြည်ဟီး အစိုးရငွေတွေ ချီး ( ချေး ) ။
ပါမစ်တစ်ဖက် စားတစ်သက် 
ပေါင်းစားအကျိုးမျှော် လုပ်ကွက်ဖော် 
စိန်စီ မြရန် ဘဝင်မြင့်ဟန်
ချမ်းသာကြွယ်ဝ မောက်မာလှ ။
- - - - - - - - - - - - 
ကံကောင်းလို့လူဖြစ် မကောင်းတာက ဗိုလ်စနစ်
မြန်မာပြည်က လူ့ဘဝများ …
ကံခေလို့မသေ မိုင်းနင်းလို့သေ။
ထမင်းငတ်မသေ ထောင်ထည်းမှာသေ။
သီချင်းဆိုလို့ မသေ ဝိုင်းရိုက်လို့ သေ ။
ချမ်းသာလို့ မသေ စိန်ရှိလို့ သေ ။
ချစ်လို့ မသေ အချစ်လုလို့ သေ ။
ရေနစ်လို့ မသေ ဝါးထိုးလို့ သေ ။
ဆိုင်ကယ်စီးလို့ မသေ လေယာဉ်တိုက်လို့ သေ ။
စစ်ပွဲမှာမသေ ဆေးမရှိလို့ သေ ။
ခလေးမွေးလို့မသေ ဆရာဝန်ပေါဆလို့ သေ။
သေ … သေ … သေ ။
ဘယ်သူသေသေ ကတေ အဘ မာရင် ပြီး ရော ။
Written by : ROLAND ZHANG . 2013.05.19.


အဘမိုးပျံ တပည့်ဗြောင်းဆံ

အဘလူလွှတ် တပည့်လူဖမ်း ။

အတိုင်အဖောက် အရီ ( ရယ် ) အငို

အတည် အနောက် ဗျစ်တောက်တောက်။
- - - - - - - - - - - - -

အကျိုးမရှိ အမျိုးမထိ အဟောတိကံ

ကြမ်းချင်တလောက်ကြမ်း ရမ်းနိုင်သလိုရမ်း

မှောင်မိုက်တယ့် ဥပဒေ သူတို့အတွက်ပါလေ

ဥပဒေကို လက်ခမောင်းတီး မထီမဲ့မြင်သတည်း။

- - - - - - - - - - - - -

နိုင်ငံအကျိုးတွက်မျှော် လမ်းပေါ်ထွက်လို့အော်

ကံမဒကာ ထိုလူများ အင်းစိန်ထောင်ကိုသွား ။

ထွန်းလင်းတယ့် ဥပဒေ သူတို့ကို မငဲ့ပေ

ဥပဒေကို လက်ဖျောက်တီး အထက်အမိန့်နဲ့ ပြီး ။

- - - - - - - - - - - - - -

နွေမှာပူပြင်း မိုးရွာရေမလုံ ဆောင်းအခါ ချမ်းအေး

ဖျားနာသပ ပါရာစီတင်မော် သာရ ။

ရေဆယ်ခွက်ချိုး ဗံဒါရွက်နဲ့ မစင်သုံး

စားငပိ ဝါးဂျလိ ကျောက်ခဲအတိ ။

- - - - - - - - - - - - - -

အဖအရှိန်ဝါ သားချမ်းသာ

ကုမ္မဏီ မြည်ဟီး အစိုးရငွေတွေ ချီး ( ချေး ) ။

ပါမစ်တစ်ဖက် စားတစ်သက်

ပေါင်းစားအကျိုးမျှော် လုပ်ကွက်ဖော်

စိန်စီ မြရန် ဘဝင်မြင့်ဟန်

ချမ်းသာကြွယ်ဝ မောက်မာလှ ။

- - - - - - - - - - - -

ကံကောင်းလို့လူဖြစ် မကောင်းတာက ဗိုလ်စနစ်

မြန်မာပြည်က လူ့ဘဝများ …

ကံခေလို့မသေ မိုင်းနင်းလို့သေ။

ထမင်းငတ်မသေ ထောင်ထည်းမှာသေ။

သီချင်းဆိုလို့ မသေ ဝိုင်းရိုက်လို့ သေ ။

ချမ်းသာလို့ မသေ စိန်ရှိလို့ သေ ။

ချစ်လို့ မသေ အချစ်လုလို့ သေ ။

ရေနစ်လို့ မသေ ဝါးထိုးလို့ သေ ။

ဆိုင်ကယ်စီးလို့ မသေ လေယာဉ်တိုက်လို့ သေ ။

စစ်ပွဲမှာမသေ ဆေးမရှိလို့ သေ ။

ခလေးမွေးလို့မသေ ဆရာဝန်ပေါဆလို့ သေ။

သေ … သေ … သေ ။

ဘယ်သူသေသေ ကတေ အဘ မာရင် ပြီး ရော ။

ROLAND ZHANG
Rangonnewsdaily
RND:  :18.5.2013
 

0 comments:

Post a Comment