Pages

Tuesday, April 23, 2013

မဘိန်းမြို့ နယ်တွင် KIA အဖွဲ့မှ အပြစ်မဲ့ပြည်သူတစ်ဦးအလောင်းအား မီးရှို့မှုဖြစ်ပွား

ဧပြီ ၂၃ ရက် ၂၀၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့ နယ်၊ ရမ်းဘိုကျေးရွာအုပ်စု ၊ စက္ကတုံးကျေးရွာအနီးတွင် ယမန်နေ့အမည်မသိ လူတစ်ဦး အား KIA အဖွဲ့တစ်ဖွဲ့မှ မီးရှို့ ခဲ့ကြောင်း ရွာခံတစ်ဦးက ပြောပြသည်။“ စက္ကတုံးရွာအပြင်နားမှာ အသက်နစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦး သေဆုံးနေတယ်ဆိုပြီး မြို့ကရဲတွေ ကျွန်တော် တို့ရွာကို ရောက်လာတယ်၊ ဒါပေမယ့် အဲဒီအလောင်းနေရာကို ရဲတွေမသွားခဲ့ပါဘူး၊ KIA အဖွဲ့က အဲဒီအလောင်းကို မီးရှို့နေတယ်၊ ဘေးပတ်လည်မှာလည်း KIA အဖွဲ့တွေ ၀ိုင်းပြီးစောင့်နေကြတယ်၊ KIA သူတို့ နယ်မြေဖြစ်တဲ့အတွက် ရဲတွေကို လာစရာမလိုဘူးလို့ သွားညှိနှိုင်းပေးတဲ့ ရွာလူကြီးကို ပြန်ပြောလိုက်တယ်လို့ သိရတယ် ” ဟု ရမ်းဘို ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရသည်။

KIA အဖွဲ့တစ်ဖွဲ့သည် ရမ်းဘိုရွာထဲသို့ ယမန်နေ့ညပိုင်းတွင် ၀င်ရောက်လာပြီး ရခိုင်လူမျိုးတစ်ဦးအား ဖမ်း
ဆီး ခေါ်ဆောင် သွားခဲ့ကြောင်း၊ စက္ကတုံးရွာအနီးမှာ သတ်ပြီး မီးရှို့ခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ တရားဥပဒေစိုးမိုးမှု မရှိသောနယ်မြေ ဒေသတွင် KIA အဖွဲ့၏ ဥပဒေမဲ့လုပ်ရပ်အပေါ် ဒေသခံများက စိတ်ဆိုးဒေါသဖြစ်နေ ကြကြောင်း သိရပါသည်။
Kachin Daily News, Rangonnewsdaily
RND:  :23.4.2013

0 comments:

Post a Comment