Pages

Tuesday, April 23, 2013

ကြို့ပင်ကောက်သို့ အလည်သွားရောက်ရာမှ ၉၆၉ ဂိုဏ်းဝင်များက ခုတ်သတ်ရန်ကြိုးစားခံခဲ့ရသည့် သက်ကြီးရွယ်အိုတစ်ဦး ရင်ဖွင့်ပြောကြားချက်

ဧပြီ၊ ၂၂။ သတင်း-ဒေး(သန်လျင်)

          ကြို့ပင်ကောက်အလည်အပတ်သွားရောက်သူ မြန်မာမွတ်စလင်မ် သက်ကြီးရွယ်အိုအား (၉၆၉) ဘုန်းကြီးများက မတ်လ(၂၅)ရက်နေ့ ည(၃)နာရီအချိန်တွင် ဗလအတွင်းရှိ လူကိုပါဓားနှင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

          ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး “ဗလီထဲမှာ လုံခြုံရေးတွေ အပြည့်ချပေးထားတယ်၊ ဘာသာရေး ပဋိပက္ခတွေက ဖြစ်ပွားနေတော့၊ ကျွန်တော်လည်း ဗလီထဲမှာအတူရှိနေတယ်။ ကျွန်တော်အီရှာနမားဇ်ဖတ်နေတုန်း သူတို့အားလုံး ထွက်သွားတယ်၊ ကျွန်တော်ကိုလည်း ဘယ်သူမှမခေါ်သွားဘူး၊ အပြင်ကနေသော့ခတ်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘယ်သူမှမရှိတော့ ဗလီထဲမှာ ခဏမှေးနေလိုက်တယ်၊ ည(၁၂)လောက်ကျတော့ ခဲမိုးတွေရွာကျလာတယ်။ 

(၁)နာရီခွဲလောက်ထိ ခဲမိုးတွေရွာတာ နောက်ဆုံး ကျွန်တော်ပခုံးကိုလာထိတယ်။ သိပ်အခြေအနေမကောင်းဘူးဆိုပြီး မဒရ်ဆာထဲမှာ ၀င်ပြီးပုန်းနေလိုက်တယ်။ ခဏတော့ငြိမ်သွားတယ်။ (၂)နာရီလောက်ကြတော့ အခြေအနေက ပိုဆိုးသွားတယ်။ 
ဗလီတံခါးကိုဖျက်ပြီး ဘွန်ဒူဇာနဲ့ ၀င်လာပြီး ဗလီကိုဝိုင်းပြီး ဘုန်းကြီးတွေက ဓားနဲ့ဝိုင်းခုတ်ကြတယ်။ ကျွန်တော် ပြတင်းပေါက်ကနေ ထွက်ပြေးတော့ ဘုန်းကြီးကအပြင်ကနေ ဓားနဲ့လှမ်းခုတ်တယ်၊ လက်နဲ့ကာလိုက်တာ လက်ကိုခုတ်မိတယ်၊ နောက်တစ်ခေါက် လည်ပင်းကို လှမ်းခုတ်တယ်။ အဲ့မှာစစ်သားတွေ၊ ရဲတွေ၊ အာဏာပိုင်တွေ အားလုံးရပ်ကြည့်နေကြတယ်။ 

ဝင်ရောက်ဆွဲခြင်းလည်းမရှိဘူး၊ နောက်ရန်ကုန်က ဧည့်သည်ကို ဗလီထဲမှာ ဓားနဲ့လှမ်းခုတ်တယ်၊ ဆိုပြီးကြားလို့ NLD တွေကလာပြီး ကျွန်တော်ကို ကယ်ထုတ်တယ်၊ အဲမှာ ဘုန်းကြီးက “ဒီကုလားတော်တော် အသက်ပြင်းတယ်”လို့ ပြောတာ ကျွန်တော်နောက်ဆုံးကြားပြီး သတိမေ့သွားတယ်၊ သတိပြန်ရတော့ ဆေးရုံပေါ်မှာ ကျွန်တော်ဆီကို ဘယ်သူမှလာမတွေ့ဘူး၊ ဘယ်အာဏာပိုင်၊ ဘယ်အဖွဲ့အစည်းကမှ လာရောက်မေးမြန်းခြင်းမရှိဘူး၊ နောက်နေ့မှာလည်း အဲဒီအကြမ်းဖတ်သမားတွေက ဆေးရုံထိလိုက်လာကြလို့ ဆေးရုံက ကျွန်တော်ကို ၀ိုင်းပြီး ၀ှက်ပေးထားရသေးတယ်၊ ကျွန်တော်ဆေးရုံမှာ တစ်ပတ်လုံးလုံးနေတဲ့အချိန်ထိ အဲဒီကြို့ပင်ကောက်က ကာစင်ဘိုင်ဆိုတဲ့ ပုဂ္ဂိုလ်ကဆင်းလည်းဆင်းရဲပါတယ်၊ တတ်နိုင်သလောက်ကို နေ့ရောညပါ ထမင်းကျွေးထားတယ်။

 နောက်ဆုံးနေ့ကျမှ ပဲခူးတိုင်းရုံးက မ.အ.ဖ တိုင်းမှူးအရာရှိ တစ်ယောက်ကလာခေါ်တယ်။ ဆေးရုံကပေးမခေါ်ဘူး၊ ခေါ်မယ်ဆို(၁)နာရီခွဲ ၀န်ကြီးဦးဉာဏ်ဝင်းလာမှ ခေါ်လို့ရမယ်၊ စောင့်ရလိမ့်မယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း ည(၄)နာရီလောက်ထိ စောင့်တယ်၊ ဘယ်သူမှမလာပါဘူးဗျာ။ ဒါနဲ့ ကျွန်တော်ဆေးရုံဆင်းပြီး ရန်ကုန်အိမ်ကို(၂)ရက်နေ့ ည(၈)နာရီမှာ ရောက်တယ်။ လည်ပင်က (၁၀)ချက်ချုပ်ထားရတယ်၊ လက်က(၈)ချက်ချုပ်ထားရတယ်၊ အခုဘားလမ်းမှာ ဆေးကုသမှုခံယူနေတယ်”ဟု ကြို့ပင်ကောက်တွင် ဓားခုတ်ခံရသူတစ်ဦးမှ မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

          ယင်းကပင် ထပ်မံ၍ “ကျွန်တော်အဲဒီကို မရောက်ခက်မှာ ဘာသာရေး အဓိကရုဏ်းဖြစ်စေမယ့် လက်ကမ်းစာစောင်၊ စတေကာ၊ DVDခွေတွေ လိုက်ဝေတယ်၊ ပြီးတော့ ၉၆၉ဘုန်းကြီးတွေက ကုလားတွေဗလီကို ဖျက်ဆီးပြစ်ရမယ့် တရားတွေဟောထားကြောင်းကို ကျွန်တော်ကြားမိတယ် ဒီလောက်ပါပဲ”ဟုမြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

          မကြာသေမီကာလအတွင်းက မိတ္ထီလာ အဓိကရုဏ်းများနှင့် စပ်လျဉ်း၍ တစ်ခြားမြို့နယ်များတွင်လည်း ၉၆၉ ဂိုဏ်းဘုန်းကြီးများ ဗလီများအား လိုက်လံဖျက်ဆီးမှုပြုခဲ့ကြောင်း သိရှိရသည်။ ၎င်းနှင့်ပတ်သက်ပြီး ကြို့ပင်ကောက် ဗလီထဲမှ ၉၆၉ ဂိုဏ်ဘုန်းကြီးများ ဓားနှင့်ခုတ်မူကို အာဏာပိုင်များက အရေးယူထားခြင်း မရှိကြောင်း သိရှိရသည်။

သတင်း-ဒေး(သန်လျင်)
Myanmar Muslim.Net, Rangonnewsdaily
RND:  :23.4.2013

0 comments:

Post a Comment