Pages

Tuesday, April 23, 2013

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ် တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ်
တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး

23.4.2013

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်းသိရှိရသည်။
ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ်
၊အဖိုက် ကျေးရွာတွင်၁၀စက္ကန့်ကြာမျှ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်းကျောင်းရှိ
ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ်
ခန့်ပြုတ်ထွက်ပျက်စီးပြီး စာသင်ကျောင်းအရှေ့ မျက်နှာစာမှ စင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာ ဒိုင်း/မျှားအချို့ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်လန်ပြီး အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွား ပါ ၃ ဦးတွင် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ လေးကသိန်းကျေးရွာတွင် အမကကျောင်း ခေါင်မိုးတစ်ခြမ်းလန်ပြီး နေအိမ်(၆၅)လုံး၊ နွားတင်းကုပ်(၂)လုံး၊ နွားစာခြံ(၄)လုံးနှင့် စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း၊ သော်မှော်ကုန်းကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး (၃)လုံး အမိုးလန်ခဲ့ကြောင်း၊ ကံသာအေး ကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး (၁)လုံး အမိုးလန်ခဲ့ကြောင်းနှင့် ကျွန်းကုန်းကျေးရွာတွင်လည်း ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံး အမိုးလန်ခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ အလျား(၄၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေရှိ ယာယီဂိုဒေါင် သွပ်မိုး/ထရံကာ/ဗြုန်းခင်းအဆောက်အဦ ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရသည်။
Popular Myanmar News Journal

23.4.2013

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀ အချိန်က လေပြင်း တိုက်ခတ်မှု
ကြောင့်ဝမ်းတွင်းမြို့နယ်၊ရိုးစုံကျေးရွာရှိလာဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ
(အမက) ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက် စီးခဲ့ကြောင်း၊ သပြေ
သာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး ဆုံးရှုံးမှုများ ရှိကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသ
ည်။ ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ် ကွက် ဈေးကုန်းရပ်တွင် လေပြင်း
တိုက်ခတ်မှုကြောင့်နေအိမ်ပေါ်သို့လက်ပံပင်လဲကျပြီးလူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်လုံးပတ်(၁၂)ပေခန့်ရှိလက်ပံပင်မှာကိုတင့်၊မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်) နှင့်ကိုထက်နိုင်၊ မနွယ်
နွယ်ဦးတို့၏လက်ဖက်ဆိုင်ပေါ်သို့လဲကျကာဈေးလာဝယ်သည့်တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့်
မောင်ပြည့်(၁၂)နှစ်တို့၂ဦးအားသစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည် သူများ
နှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို တင်
ပို့ကုသလျက်ရှိကြောင်းသိရှိရသည်။

ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ် ၊အဖိုက် ကျေးရွာတွင်၁၀စက္ကန်
့ကြာမျှလေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာလူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်း
ကျောင်းရှိ ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ် ခန့်ပြုတ်ထွက်ပျက်စီး
ပြီးစာသင်ကျောင်းအရှေ့မျက်နှာစာမှစင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာဒိုင်းမျှားအချို့ ပျက်စီးသွားခဲ့ကြောင်း
သိရှိရသည်။

ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ကွမ်းခြံကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်
လန်ပြီး အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွားပါ၃ဦးတွင်ဒဏ်ရာများရရှိခဲ့ကြောင်း၊လေးကသိန်းကျေးရွာတွင်အမကကျောင်း ခေါင်
မိုးတစ်ခြမ်းလန်ပြီးနေအိမ်(၆၅)လုံး၊နွားတင်းကုပ်(၂)လုံး၊နွားစာခြံ(၄)လုံးနှင့်စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း
၊သော်မှော်ကုန်းကျေးရွာတွင်ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး(၃)လုံး အမိုးလန်ခဲ့
ကြောင်း၊ကံသာအေးကျေးရွာတွင်ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး(၁)လုံး အမိုးလန်
ခဲ့ကြောင်းနှင့်ကျွန်းကုန်းကျေးရွာတွင်လည်းထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးအမိုးလန်ခဲ့ပြီး လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ အလျား(၄၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေရှိ ယာယီဂိုဒေါင် သွပ်မိုး/ထရံကာ/ဗြုန်းခင်းအဆောက်အဦ ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရသည်။

Popular Myanmar News Journal, Rangonnewsdaily
RND:  :23.4.2013

0 comments:

Post a Comment