Pages

Tuesday, April 23, 2013

သမ္မတ အမိန့်နဲ့ အကျဉ်းသား ၉၀ လောက် ဒီကနေ့ လွတ်မြောက်

၂၃.၀၄.၂၀၁၃

သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ မြန်မာ နိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရှိတဲ့ အကျဉ်းသား ၉၀ ဝန်းကျင်လောက်ကို ဒီကနေ့  ပြန်လွှတ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

အင်းစိန်ထောင် ကနေ အကျဉ်းသား ၁၀ ဦး ပြန်လွတ် လာပြီး၊ အဲဒီ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဘီဘီစီက စုံစမ်း သိရှိ ရတဲ့ အင်းစိန်ထောင်က ပြန်လွတ် လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာ ကိုရဲထက်စိုး၊ ကိုဇော်မိုး၊ ကိုနေမျိုးသူရ နဲ့ ကိုစိုင်းအောင်ကျော် တို့ ပါဝင်ပါတယ်။

သာယာဝတီ ထောင်က နေ အကျဉ်းသား ၃၀ လောက် ပြန်လွတ် လာရာမှာ နိုင်ငံရေး အကျဉ်းသား ၂ ယောက်ပါဝင် ပါတယ်။ သူတို့ ကတော့ ကိုအောင်သူ နဲ့ ကိုအေးမင်းစိုးတို့ ဖြစ်ကြ ပါတယ်။

အစိုးရ အပါ အဝင် အကျဉ်းသား စိစစ်ရေး အဖွဲ့ လေးဖွဲ့ရဲ့ စာရင်း အရ လက်ကျန် နိုင်ငံရေး အကျဉ်းသာ  ၃၀ဝ လောက်ရှိ တယ်လို့ သိရပါတယ်။

BBC Burmese, Rangonnewsdaily
RND:  :23.4.2013 

0 comments:

Post a Comment