Pages

Tuesday, April 23, 2013

မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှု ဖြစ်သွားချင်လားဟု ခြိမ်းခြောက်ခံရ

မတ်လအတွင်းက မိတ္ထီလာမြို့ အကြမ်းဖက်သတ်ဖြတ်မှုများအပြီးတွင် ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ပဲခူးတိုင်းအနောက်ခြမ်း မြို့များမှ တစ်မြို့အပါအ၀င်ဖြစ်သည့် မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှုဖြစ်စေရန် ယနေ့ ညနေပိုင်းက ခြိမ်းခြောက်ခံရမှုကြောင့် မြို့ခံ မွတ်စလင်မ်တချို့ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်အား ဆက်သွယ်စုံစမ်းရာ အကြမ်းဖက် ဖျက်ဆီးခံရသော မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်အား ပြန်လည်ပြင်ဆင်ရာ ယင်းဆိုင်ရှေ့တွင် ဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာ ကွမ်းယာဆိုင်မှ တတိယအကြိမ် အကြမ်းဖက်မှုဖြစ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

“အဲ့ဒီလ္ဘက်ရည်ဆိုင်ရှေ့မှာရှိတဲ့ ကွမ်းယာဆိုင်ပါ။ အဲ့ဒီ ကွမ်းယာဆိုင်ကလည်း လ္ဘက်ရည်ဆိုင်ရဲ့ ရှေ့မှာ ဖွင့်ထားတာပါ။ ဗုဒ္ဓဘာသာပိုင်တဲ့ ကွမ်းယာဆိုင်ပါ။ လ္ဘက်ရည်ဆိုင်က ဖွင့်ဖို့ ခွင့်ပြုခဲ့တာ တော်တော်ကြာပါပြီ။ အခုဖြစ်တာက ဟိုတလောက အကြမ်းဖက် ဖျက်ဆီးခံလိုက်ရတာကြောင့် လ္ဘက်ရည်ဆိုင်ကို ပြန်ပြင်ပါတယ်။ ပြန်ပြင်တော့ အရှေ့မှာ sun shade ထည့်တယ်။ အဲဒါ ဒေါက်တိုင်ထောင်ဖို့ မြေတူးရတယ်။ ၄-လက်မလောက် မလွတ်ဘူးဖြစ်နေတယ်။ ကွမ်းယာဆိုင်ရဲ့နောက်မှာထားတဲ့ ပုံးတစ်ခုနဲ့ မလွတ်လို့ ခဏဖယ်ပေးဖို့ပြောတာ။ မြေနေရာက စည်ပင်ပိုင်မြေပါ။ လ္ဘက်ရည်ဆိုင်ပိုင်ရှင်က ခွင့်ပြုထားခဲ့တာပါ။ လ္ဘက်ရည်ဆိုင်ရဲ့ မျက်နှာစာမှာပါ။

မဖယ်ပေးဘူး။ အဲဒါနဲ့ ရပ်ကွက်လူကြီးခေါ်ပြီးပြောတော့ သူတို့ဘက်က လုံးဝ မဖယ်နိုင်ဘူးတဲ့။ အဲဒါဆိုလည်းရတယ်ဆိုပြီး အဲဒီနောက်နားမှာ ကပ်ပြီးတူးလိုက်တယ်။

နောက်ဆုံးတော့ ရပ်ကွက်လူကြီးက ဒီနေ့ညတော့ နေလိုက်ပါလို့ပြောတယ်။ ဆိုင်ပြင်ဖို့စပြောတာက ဒီနေ့ နေ့လည်ပိုင်းကပါ။ ခုနကလို ခြိမ်းခြောက်တာက ညနေ ၆-နာရီခွဲလောက်ကပါ။ နေ့လည်ပိုင်းကတော့ ရပ်ကွက်လူကြီးနဲ့ခေါ်ပြီး ၄-လက်မလောက် ဆုတ်ပေးဖို့ပြောတာ။ သူတို့ဆိုင်ရွေှ့စရာမလိုပါဘူး။ ဆိုင်နောက်မှာထားတဲ့ သေတ္တာပုံးတစ်ခုကို ဘေးနည်းနည်းတိုးလိုက်ရင်ရပြီ။ အဲဒါကို တိုးမပေးဘူး။ ညနေ ၆-နာရီခွဲလောက်မှာ ကွမ်းယာဆိုင် ပိုင်ရှင်ရဲ့ မိန်းမနဲ့ သမီး ၂-ယောက် ရောက်လာပြီး ‘နင်တို့ အခုချက်ချင်း ဖျက်မှာလား မဖျက်ဘူးလား။ ငါက ပြဿနာရှာမှာ။ ဒါက မြန်မာနိုင်ငံ၊ နင်တို့နေဖို့နေရာမဟုတ်ဘူး။ အခု ထပ်ပြီး တတိယအကြိမ် အကြမ်းဖက် ခံရချင်လား’ဆိုပြီး ပြောတယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က ဦးအောင်စန်းမြင့်။ ဆိုင်နာမည်က အောင် လို့ ပေးထားတယ်။ ဒါပေမယ့် အများစုက ဆိုင်နာမည်ကို မသိကြဘူး။ ဦးအောင်စန်းမြင့်ဆိုရင် တော်တော်များများသိတယ်။

ဟုတ်ကဲ့ ကျွန်တော်တို့ စတူးတဲ့အချိန်က ဆိုင်ဖွင့်ထားတယ်။ နောက် နာရီဝက်လောက်ကြာတော့ ဆိုင်
ပိတ်သွားတယ်။ ညနေကျ ပြန်လာပြီး ဦးအောင်စန်းမြင့်ဘေးမှာနဲ့ သူ့သမီး ၂-ယောက်က ပြဿနာရှာတယ်။ အဲ့ဒီ ကောင်မလေးရဲ့ အမျိုးသားက အဲ့ကောင်မလေးကို တုတ်ယူပေးတယ်။ ကျွန်တော်တို့ကတော့ ရပ်ကွက်လူကြီးနဲ့ ပြောလိုက်တာပဲ။ 
မနက်ဖြန်ကို ၀န်ကြီးချုပ် လာမယ်လို့လည်း ပြောနေတယ် သေချာတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ခြိမ်းခြောက်သွားပြီး တတိယအကြိမ် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်”လို့ ယင်းအကြောင်းအရာအား မျက်မြင်တွေ့ရသူ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
M-Media, Rangonnewsdaily
RND:  :23.4.2013

0 comments:

Post a Comment