Pages

Thursday, April 4, 2013

မုံရွာမြို့နယ်တွင် ကျေးရွာ အများသုံးရေတွင်းထဲသို့ လူတစ်ဦးခုန်ချ သေဆုံး

မုံရွာ၊ ဧပြီ ၄ မုံရွာမြို့နယ်၊ ဒါန်းပင်တဲကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် (၃)ဖာလုံခန့်ရှိ ကျေးရွာ အများသုံး ရေတွင်းထဲ သို့ လူတစ်ဦးခုန်ချသေဆုံးလျက်ရှိကြောင်း ယခုလ (၄)ရက်နေ့ မကန် ၁၀ နာရီခွဲအချိန်ခန့်က စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ရွာသစ်ကျေးရွာနေ (ဘ)ဦးလှရွှေ၏သား ဦးမြတ်ချို အသက်(၄၅)နှစ်ဆိုသူသည် စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်ရာ အဆိုပါ မနက်ပိုင်းက “ အမေ ငါ့ကိုယ်ခေါ်နေပြီ.. ရိုက်သတ်တော့မယ် ..သွားတော့မယ်..” ဟုဆိုကာ နေအိမ်မှ ထွက်ခွာသွားခဲ့ပြီးနောက် အနက်ပေ (၄၅)တောင်ခန့်ရှိသော အများသုံးရေတွင်းထဲသို့ ၎င်း၏စိတ်ဆန္ဒအ လျောက်ခုန်ချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရှိရသည်။
အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ မုံရွာအမှတ်(၂)ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၃ အရ စခန်းမှုး ရဲအုပ် ဦးညီညီအောင်မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Monywa Times, Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment