Pages

Thursday, April 4, 2013

ကြိုပင်ကောက်တွင် ညမထွက်ရ အချိန်လျော့ချပေး၊ အခြေအနေ တည်ငြိမ်လာသော်လည်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီများ မရရှိသေး

ကြိုပင်ကောက်တွင် ညမထွက်ရ အချိန်လျော့ချပေး၊ အခြေအနေ တည်ငြိမ်လာသော်လည်း ပြန်လည် ထူထောင်ရေးအတွက်  အကူအညီများ မရရှိသေး
==============
ဧပြီလ ၄၊ ၂၀၁၃
M-Media
သတင်း- ဆူးထက်

	အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့်ကြားမှ ညပိုင်း အိမ် ၂လုံး အဖျက်ခံရ ပြီနောက် ယခု ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

	ယခု လတ်တလောအခြေအနေနှင့် ပတ်သက်၍ ကြိုပင်ကောက်မြို့နေ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

	“ စိုးရိမ်ကြောင့်ကျစွာ နေနေရ ရာကနေ အခုတော့ နည်းနည်းတည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ ညမထွက်ရ အချိန်ကို အခု ည၁၀း၀၀ ကနေ မနက် ၄း၀၀ ထိ လျော့ချပေးထားပါတယ်။ အခု ကွန်တော်တို့အိမ်တွေ အဖျက်ဆီးခံရတဲ့ အနေအထားမှာ ခုကိုယ်ပါကိုယ် နိုင်သလောက်လေး ပြုပြင်ပြီး နေနေရတာပါ။ ပျက်ဆီး ဆုံးရှုံးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်ပေးမယ်လို့ တီဗွီတွေမှာ ပြောတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို လာရောက် မေးမြန်းတာမျိုးတောင် မရှိပါဘူး။အခြားခြားသော အဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းတာမျိုးလည်း မရှိသေးပါဘူး ခင်ဗျာ။ ဌာနဆိုင်ရာ ၀န်ကြီးတွေ လာကြပါတယ် ဒါပေမယ့် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိပါဘူး။အကူအညီ ပေးခြင်း မရှိသေးပါဘူး ခင်ဗျား” ဟု M-Media သို့ပြောကြားခဲ့သည်။

ဓါတ်ပုံအညွှန်း- မတ်လ ၂၈ ရက်နေ့ည အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကြို့ပင်ကောက်မြို့ အပျက်အစီးများမြင်ကွင်း ဖြစ်ပါသည်။

ဧပြီလ ၄၊ ၂၀၁၃

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့်ကြားမှ ညပိုင်း အိမ် ၂လုံး အဖျက်ခံရ ပြီနောက် ယခု ပြန်လည် တည်ငြိမ်စ ပြုလာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ယခု လတ်တလောအခြေအနေနှင့် ပတ်သက်၍ ကြိုပင်ကောက်မြို့နေ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
 
စိုးရိမ်ကြောင့်ကျစွာ နေနေရ ရာကနေ အခုတော့ နည်းနည်းတည်တည်ငြိမ်ငြိမ် ဖြစ်နေပါပြီ။ ညမထွက်ရ အချိန်ကို အခု ည၁၀း၀၀ ကနေ မနက် ၄း၀၀ ထိ လျော့ချပေးထားပါတယ်။ အခု ကွန်တော်တို့အိမ်တွေ အဖျက်ဆီးခံရတဲ့ အနေအထားမှာ ခုကိုယ်ပါကိုယ် နိုင်သလောက်လေး ပြုပြင်ပြီး နေနေရတာပါ။ 
 
ပျက်ဆီးဆုံးရှုံးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်ပေးမယ်လို့ တီဗွီတွေမှာ ပြောတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီကို လာရောက် မေးမြန်းတာမျိုးတောင် မရှိပါဘူး။
 
အခြားခြားသော အဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းတာမျိုးလည်း မရှိသေးပါဘူး ခင်ဗျာ။ ဌာနဆိုင်ရာ ၀န်ကြီးတွေ လာကြပါတယ် ဒါပေမယ့် တစ်စုံတစ်ရာ မေးမြန်းခြင်း မရှိပါဘူး။အကူအညီ ပေးခြင်း မရှိသေးပါဘူး ခင်ဗျား” ဟု M-Media သို့ပြောကြားခဲ့သည်။

ဓါတ်ပုံအညွှန်း-မတ်လ၂၈ရက်နေ့ညအကြမ်းဖက်ဖျက်ဆီးမှုများကြောင့်ကြို့ပင်ကောက်မြို့ အပျက်အစီးများ
မြင်ကွင်း ဖြစ်ပါသည်။
 
M-Mediaသတင်း- ဆူးထက်, Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment