Pages

Thursday, April 4, 2013

တရုတ် မီဒီယာတွေက မြန်မာ စာနယ်ဇင်း လွတ်လပ်လာမှုကို အားကျ

Thursday, 4 April 2013

လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်က ပုဂ္ဂလိက နေ့စဉ်ထုတ် မြန်မာဘာသာနဲ့ သတင်းစာ ၄ စောင် စတင် ထုတ်ဝေလာတဲ့အခါ တရုတ်နိုင်ငံ၊ မီဒီယာ လောကမှာလည်း စိတ်လှုပ်ရှားပြီး အားကျနေကြတယ်လို့ သိရပါတယ်။ 

မြန်မာအစိုးရဟာ စာပေစိစစ်ရေး ဆင်ဆာဘုတ်အဖွဲ့ကို ယမန်နှစ်က ပယ်ဖျက်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ပြုလိုက်တဲ့အပေါ် တရုတ် မီဒီယာသမားတွေက မြန်မာကို အားကျပြီး ပီကင်းသတင်းစာ၊ ပီကင်းတိုင်းမ်၊ ဆိုင်နာ အွန်လိုင်းသတင်းတွေမှာ အားတက်သရော ရေးသားလာကြတယ်လို့ South China Morning Post အွန်လိုင်း သတင်းတပုဒ်မှာ ရေးသားထားပါတယ်။ 

တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရုတ်နိုင်ငံသားတွေအနေနဲ့ တရုပ်နိုင်ငံမှာ သတင်းစာထုတ်ဝေဖို့ သတ်မှတ် ပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ တချို့ က ထောက်ပြပါတယ်။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်တွေ့မှာ ကျင့်သုံးလို့ မရဘဲ တသီးပုဂ္ဂလတွေထုတ်မယ်ဆိုရင် ကန့်သတ်တားမြစ်တာတွေရှိပြီး အပြစ်ဒဏ်လည်း သတ်မှတ်ထားပါတယ်။

ဒါကြောင့်ပဲ China’s Southern Weekly မှာ နှစ်သစ်ကူးအတွက် အယ်ဒီတာ့ အာဘော်မှာ ခေါင်းစဉ် အနေနဲ့ “China’s deram: the dream of constitutionalism” လို့ ဖော်ပြခဲ့လို့ ဆင်ဆာထိသွားခဲ့ရပါတယ်။ 

ဒါကိုဘဲ အယ်ဒီတာက ပါတီကို နည်းနည်း ချီးမွမ်းဟန် ပြန်ရေးပြီး ငါတို့ အိမ်မက်တွေနဲ့ပတ်သက်လို့ အရင်ကထက် ပိုနီးလာပြီလို့ ခေါင်းစဉ်ကို ပြောင်းရေး လိုက်ရတယ်လို့ ဆိုပါတယ်။ 

ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ စိတ်ဝင်စားသူတွေက ပါတီရဲ့ မီဒီယာ ဆင်ဆာလုပ်နေတဲ့ ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ Southern Weekly နဲ့ ပူးပေါင်းခဲ့ကြပါတယ်။ 

“ဒီ (လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်) ဟာ တကယ့် တရုတ်နိုင်ငံသားတွေရဲ့ အိပ်မက်ပါဘပဲ” လို့ Netizen က ရေး ထားပြီး တကယ်လည်း တရုတ်သတင်း အယ်ဒီတာတွေလည်း ဒီအိပ်မက်ကို ထွေးပွေ့ထားကြပါတယ်။ 

တရုတ် မီဒီယာသမားတွေ အားကျနေတဲ့ မြန်မာနိုင်ငံဟာ တချိန်ကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အလွန်အနိမ့်ဆုံး အဆင့်မှာပဲ ရှိခဲ့ဖူးတာပါ။ မြန်မာ သတင်းသမား တော်တော်များများကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်လို အကျဉ်းထောင်တွေထဲ နှစ် ရှည်လများနေခဲ့ကြရပါသေးတယ်။ 

အကျဉ်းထောင်ထဲမှာ စုစု ပေါင်း ၁၉ နှစ်နီးပါး နေခဲ့ရသူ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က တရုတ် အနေနဲ့ မြန်မာနိုင်ငံကို အားကျတဲ့ သာဓကတွေ တော်တော်များများ ရှိခဲ့ဖူးပြီး အထင်အရှားဖြစ်ရပ်တွေထဲမှာ ၁၉၈၈ ခု နှစ် မြန်မာနိုင်ငံက လူထုအရေးတော်ပုံကြီးပြီးနောက် တရုတ် တီအင်နမင် အရေးအခင်းလိုမျိုးပါဝင်ကြောင်း၊ တရုတ် သတင်း သမားတွေအနေနဲ့ မြန်မာနိုင်ငံက သတင်းစာ ထုတ်ခွင့်ရတဲ့ အခြေအနေ အသေးစိပ်ကို သေချာ ဆန်းစစ်သင့်ကြောင်း ဧရာဝတီကို ပြောပါတယ်။ 

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင် အခုပြန်လည် ထုတ်ဝေခွင့် ရတာက တချိန်က သတင်းစားတွေက ၀ိုင်းပြီး ကန့်ကွက်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဥပဒေနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး ကန့်သတ်မှုတွေ အများကြီးရှိတာကြောင့် ရေးသားတဲ့ အပိုင်းမှာလည်း  မြေစမ်း ခရမ်းပျိုးသွားနေရတာပါလို့ ဦးဝင်းတင်က ဆိုပါတယ်။ 

“ဒီလိုချုပ်ချယ်မှုတွေ တော်တော်ရှိနေတဲ့ အနေအထားဟာ ကျနော်ပြောသလို တရုတ်ပြည်က အားကျတယ်ဆိုတာ ပေါ်ထွက်လာတဲ့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ရတယ်တခုတည်းကို ကြည့်ပြီး ပြောလို့ မရဘူး။ အရေးအသား လွတ်လပ်ခွင့်အရရော ဒီသတင်းစာတွေဟာ သတင်းစာပီပီသသနဲ့ ဒေါင်ဒေါင်မြည် ပြည်သူ့ဘက်က ရပ်တည်လို့ရတဲ့ သတင်းစာတွေ ဖြစ်နိုင်မလားဆိုတာ အများကြီး သံသယ ရှိစရာအခြေအနေပဲ” လို့ သူက ဆိုပါတယ်။ 

ပြည်ပမှာ နှစ်ပေါင်း ၂၀ ကြာ အခြေစိုက်ခဲ့ကြရပြီးနောက် ဧရာဝတီ အပါအဝင် မီဒီယာတွေ မြန်မာပြည်မှာ ရုံးပြန်စိုက်ခွင့်ရပြီး သတင်းလုပ်ငန်းတွေ လည်ပတ်နေကြတာကိုလည်း တရုတ်သတင်းစာတချို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထောက်ပြပြီး အားကျခဲ့ကြပါသေးတယ်။

အခုလို ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ပြန်လည် ထုတ်ဝေခွင့် ပေးလိုက်ခြင်းဟာ မြန်မာ့ပြုပြင် ပြောင်းလဲရေး အတွက် ကြီးမားတဲ့ ခြေလှမ်းသစ် တရပ်ကို လှမ်းလိုက်တာပဲလို့ မန္တလေး တက္ကသိုလ် ရူပဗေဒ ဌာန ပါမောက္ခဟောင်း ဦးလှမြင့်က ဧရာဝတီကို ပြောပါတယ်။ 

“ဒါက ဧရာမ ခြေလှမ်းတခုအဖြစ် ရှေ့တိုးဆောင်ရွက်လိုက်တာပါပဲ” ဟု သူက ဆိုပါတယ်။ 
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ရကြတဲ့ သတင်းစာ ၁၆ စောင်ထဲမှာ မြန်မာဘာသာနဲ့ ထုတ်ဝေမှုပဲ ပါဝင်သေးပြီး တိုင်းရင်းသား ဘာသာ သတင်းစာ တစောင်မှ ပါမလာသေးပါဘူး။ 

တရုတ်သတင်းစာတစောင်ရဲ့အဆို အရ မြန်မာနိုင်ငံမှာ တရုတ်စကားပြောသူ အနည်းဆုံး ၂ သန်းကနေ ၃ သန်းထိရှိတယ်လို့ ခန့် မှန်းပြီး မြန်မာနိုင်ငံမှာ တရုတ်ဘာသာနဲ့ သတင်းစာမျိုးတော့ ထွက်ပေါ်ခြင်း မရှိသေးဘူး လို့ ရေးထားပါတယ်။ 

လင်းသန့် 
ဧရာဝတီ

Thursday, 4 April 2013

လွန်ခဲ့တဲ့ ဧပြီလ ၁ ရက်က ပုဂ္ဂလိက နေ့စဉ်ထုတ် မြန်မာဘာသာနဲ့ သတင်းစာ ၄ စောင် စတင် ထုတ်ဝေလာတဲ့အခါ တရုတ်နိုင်ငံ၊ မီဒီယာ လောကမှာလည်း စိတ်လှုပ်ရှားပြီး အားကျနေကြတယ်လို့ သိရပါတယ်။ မြန်မာအစိုးရဟာ စာပေစိစစ်ရေး ဆင်ဆာဘုတ်အဖွဲ့ကို ယမန်နှစ်က ပယ်ဖျက်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့် ပြုလိုက်တဲ့အပေါ် တရုတ် မီဒီယာသမားတွေက မြန်မာကို အားကျပြီး ပီကင်းသတင်းစာ၊ ပီကင်းတိုင်းမ်၊ ဆိုင်နာ အွန်လိုင်းသတင်းတွေမှာ အားတက်သရော ရေးသားလာကြတယ်လို့ South China Morning Post အွန်လိုင်း သတင်းတပုဒ်မှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရုတ်နိုင်ငံသားတွေအနေနဲ့ တရုပ်နိုင်ငံမှာ သတင်းစာထုတ်ဝေဖို့ သတ်မှတ် ပြဋ္ဌာန်းထားပြီးဖြစ်တယ်လို့ တချို့ က ထောက်ပြပါတယ်။ ဒါပေမယ့် အဲဒီ ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်တွေ့မှာ ကျင့်သုံးလို့ မရဘဲ တသီးပုဂ္ဂလတွေထုတ်မယ်ဆိုရင် ကန့်သတ်တားမြစ်တာတွေရှိပြီး အပြစ်ဒဏ်လည်း သတ်မှတ်ထားပါတယ်။

ဒါကြောင့်ပဲ China’s Southern Weekly မှာ နှစ်သစ်ကူးအတွက် အယ်ဒီတာ့ အာဘော်မှာ ခေါင်းစဉ် အနေနဲ့ “China’s deram: the dream of constitutionalism” လို့ ဖော်ပြခဲ့လို့ ဆင်ဆာထိသွားခဲ့ရပါတယ်။

ဒါကိုဘဲ အယ်ဒီတာက ပါတီကို နည်းနည်း ချီးမွမ်းဟန် ပြန်ရေးပြီး ငါတို့ အိမ်မက်တွေနဲ့ပတ်သက်လို့ အရင်ကထက် ပိုနီးလာပြီလို့ ခေါင်းစဉ်ကို ပြောင်းရေး လိုက်ရတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ပြီးတဲ့နောက်ပိုင်း သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ စိတ်ဝင်စားသူတွေက ပါတီရဲ့ မီဒီယာ ဆင်ဆာလုပ်နေတဲ့ ကိစ္စကို ဆန့်ကျင်ကန့်ကွက်ဖို့ Southern Weekly နဲ့ ပူးပေါင်းခဲ့ကြပါတယ်။

“ဒီ (လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်) ဟာ တကယ့် တရုတ်နိုင်ငံသားတွေရဲ့ အိပ်မက်ပါဘပဲ” လို့ Netizen က ရေး ထားပြီး တကယ်လည်း တရုတ်သတင်း အယ်ဒီတာတွေလည်း ဒီအိပ်မက်ကို ထွေးပွေ့ထားကြပါတယ်။

တရုတ် မီဒီယာသမားတွေ အားကျနေတဲ့ မြန်မာနိုင်ငံဟာ တချိန်ကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အလွန်အနိမ့်ဆုံး အဆင့်မှာပဲ ရှိခဲ့ဖူးတာပါ။ မြန်မာ သတင်းသမား တော်တော်များများကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်လို အကျဉ်းထောင်တွေထဲ နှစ် ရှည်လများနေခဲ့ကြရပါသေးတယ်။

အကျဉ်းထောင်ထဲမှာ စုစု ပေါင်း ၁၉ နှစ်နီးပါး နေခဲ့ရသူ ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က တရုတ် အနေနဲ့ မြန်မာနိုင်ငံကို အားကျတဲ့ သာဓကတွေ တော်တော်များများ ရှိခဲ့ဖူးပြီး အထင်အရှားဖြစ်ရပ်တွေထဲမှာ ၁၉၈၈ ခု နှစ် မြန်မာနိုင်ငံက လူထုအရေးတော်ပုံကြီးပြီးနောက် တရုတ် တီအင်နမင် အရေးအခင်းလိုမျိုးပါဝင်ကြောင်း၊ တရုတ် သတင်း သမားတွေအနေနဲ့ မြန်မာနိုင်ငံက သတင်းစာ ထုတ်ခွင့်ရတဲ့ အခြေအနေ အသေးစိပ်ကို သေချာ ဆန်းစစ်သင့်ကြောင်း ဧရာဝတီကို ပြောပါတယ်။

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင် အခုပြန်လည် ထုတ်ဝေခွင့် ရတာက တချိန်က သတင်းစားတွေက ၀ိုင်းပြီး ကန့်ကွက်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဥပဒေနဲ့ လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး ကန့်သတ်မှုတွေ အများကြီးရှိတာကြောင့် ရေးသားတဲ့ အပိုင်းမှာလည်း မြေစမ်း ခရမ်းပျိုးသွားနေရတာပါလို့ ဦးဝင်းတင်က ဆိုပါတယ်။

“ဒီလိုချုပ်ချယ်မှုတွေ တော်တော်ရှိနေတဲ့ အနေအထားဟာ ကျနော်ပြောသလို တရုတ်ပြည်က အားကျတယ်ဆိုတာ ပေါ်ထွက်လာတဲ့ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့် ရတယ်တခုတည်းကို ကြည့်ပြီး ပြောလို့ မရဘူး။ အရေးအသား လွတ်လပ်ခွင့်အရရော ဒီသတင်းစာတွေဟာ သတင်းစာပီပီသသနဲ့ ဒေါင်ဒေါင်မြည် ပြည်သူ့ဘက်က ရပ်တည်လို့ရတဲ့ သတင်းစာတွေ ဖြစ်နိုင်မလားဆိုတာ အများကြီး သံသယ ရှိစရာအခြေအနေပဲ” လို့ သူက ဆိုပါတယ်။

ပြည်ပမှာ နှစ်ပေါင်း ၂၀ ကြာ အခြေစိုက်ခဲ့ကြရပြီးနောက် ဧရာဝတီ အပါအဝင် မီဒီယာတွေ မြန်မာပြည်မှာ ရုံးပြန်စိုက်ခွင့်ရပြီး သတင်းလုပ်ငန်းတွေ လည်ပတ်နေကြတာကိုလည်း တရုတ်သတင်းစာတချို့က ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထောက်ပြပြီး အားကျခဲ့ကြပါသေးတယ်။

အခုလို ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ပြန်လည် ထုတ်ဝေခွင့် ပေးလိုက်ခြင်းဟာ မြန်မာ့ပြုပြင် ပြောင်းလဲရေး အတွက် ကြီးမားတဲ့ ခြေလှမ်းသစ် တရပ်ကို လှမ်းလိုက်တာပဲလို့ မန္တလေး တက္ကသိုလ် ရူပဗေဒ ဌာန ပါမောက္ခဟောင်း ဦးလှမြင့်က ဧရာဝတီကို ပြောပါတယ်။

“ဒါက ဧရာမ ခြေလှမ်းတခုအဖြစ် ရှေ့တိုးဆောင်ရွက်လိုက်တာပါပဲ” ဟု သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ရကြတဲ့ သတင်းစာ ၁၆ စောင်ထဲမှာ မြန်မာဘာသာနဲ့ ထုတ်ဝေမှုပဲ ပါဝင်သေးပြီး တိုင်းရင်းသား ဘာသာ သတင်းစာ တစောင်မှ ပါမလာသေးပါဘူး။

တရုတ်သတင်းစာတစောင်ရဲ့အဆို အရ မြန်မာနိုင်ငံမှာ တရုတ်စကားပြောသူ အနည်းဆုံး ၂ သန်းကနေ ၃ သန်းထိရှိတယ်လို့ ခန့် မှန်းပြီး မြန်မာနိုင်ငံမှာ တရုတ်ဘာသာနဲ့ သတင်းစာမျိုးတော့ ထွက်ပေါ်ခြင်း မရှိသေးဘူး လို့ ရေးထားပါတယ်။

လင်းသန့် ဧရာဝတီ, Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment