Pages

Thursday, April 4, 2013

အစိုးရ၏ စစ်ရေး တိုးမြှင့် မှုကြောင့် မြစ်ကြီးနား ဆွေးနွေးပွဲ ပျက်သွားနိုင်

အစိုးရ၏ စစ်ရေး တိုးမြှင့် မှုကြောင့် မြစ်ကြီးနား ဆွေးနွေးပွဲ ပျက်သွားနိုင်

Thursday, 04 April 2013 by ရွှေဟင်္သာ သတင်းဌာန )

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ တို့သည် မြစ်ကြီးနား မြို့ပေါ် တွေ့ဆုံ ဆွေးနွေးရန် လျာထား သော်လည်း KIA ထိန်းချုပ် နယ်မြေတွင်းသို့ အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ ချထားမှုနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမှုကြောင့် ဆွေးနွေး ပွဲကို ထိခိုက် နိုင်ကြောင်း KIA အရာရှိ တစ်ဦးက ပြောသည်။

“ဒီနေ့ တိုက်ပွဲ ၂ နေရာ ဖြစ်ပွား နေတယ်။ အစိုးရ တပ်ဖွဲ့တွေ့က ကျနော်တို့ ကချင်ပြည်နယ် မိုးညင်း ခရိုင်ဘက်မှာ ရှိတဲ့ တပ်ရင်း (၅) နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ တပ်မဟာ (၄) တပ်ဖွဲ့ တွေကို လာရောက် တိုက်ခိုက် နေတယ်လို့ သိရတယ်” ဟု ဆိုပါသည်။

ကချင် ပြည်နယ်ရှိ ဧရာဝတီမြစ် အနောက် ဖက်ကမ်း မိုးညင်း ခရိုင် မိုးကောင်း - ကတာရပ် ဒေသတွင် ရှိသည့် KIA တပ်မဟာ (၂)၊ တပ်ရင်း (၅) တပ်စခန်းကို ဧပြီလ (၁) ရက်နေ့ စတင် တိုက်ခိုက် ခဲ့ရာ ယနေ့ အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိပါသည်။ တိုက်ပွဲကို အစိုးရ ခလရ ၉၃၊ ခမရ ၃၀၉ နှင့် ခလရ ၁၄၁ တပ်ဖွဲ့ တို့က လာရောက် တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။

အလားတူ ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၄) ဒေသသည် မတ်လ (၁၁) ရက်နေ့မှ ယနေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိသည်ဟု KIA အရာရှိက ဆိုပါသည်။

ယမာန် နေ့တွင်လည်း ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင်မြို့ အရှေ့ ဘက်ခြမ်းရှိ KIA တပ်မဟာ (၄) တပ်ရင်း (၉) ကို နံနက် (၁၀) နာရီအချိန်တွင် အစိုးရတပ်ဖွဲ့ ခလရ ၂၄၁၊ ခမရ ၅၆၈ တို့က လာရောက် တိုက်ခိုက် သောကြောင့် တိုက်ပွဲများ ညနေ ၉ နာရီအထိ ဖြစ်ပွား ခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့တို့သည် KIA တပ်မဟာ (၅) လိုင်ဇာ ဗဟို ဒေသနှင့် ဖားကန့် မြို့နယ်ရှိ KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေတွင် စစ်အင်အား တို့ချဲ့ပြီး နေရာ ချထား နေကြောင်း သက်ဆိုင်ရာ KIA အရာရှိက ဆိုပါသည်။

လာမည့် ဧပြီလ (၆) ရက်နေ့တွင် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့သည် မြစ်ကြီးနားမြို့ရှိ မနော ခန်းမတွင် တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးလမိုင်ခွန်ဂျာက ပြောပါသည်။ သို့သော် KIA ဖက်ကမူ အစိုးရမှ စစ်ရှိန် မြှင့်နေခြင်းကို ရပ်တန့် ပေးရန်နှင့် ဆွေးနွေးပွဲသို့ အမေရိကန်၊ ဗြိတိန်UN နှင့် အခြား တိုင်းရင်းသား အပစ်ရပ်များ ဖိတ်ကြား ထားမှုကို အစိုးရဖက် လက်ခံပါက ဆွေးနွေး ဖြစ်လိမ့်မည်ဟု KIA အရာရှိ များက ဆိုနေ ပါသည်။



Thursday, 04 April 2013




ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့ တို့သည် မြစ်ကြီးနား မြို့ပေါ် တွေ့ဆုံ
ဆွးနွေးရန် လျာထား သော်လည်း KIA ထိန်းချုပ် နယ်မြေတွင်းသို့ အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ ချ
ထားမှုနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမှုကြောင့် ဆွေးနွေးပွဲကို ထိခိုက် နိုင်ကြောင်းKIA အရာရှိ တစ်
ဦးက ပြောသည်။
“ဒီနေ့ တိုက်ပွဲ ၂ နေရာ ဖြစ်ပွား နေတယ်။ အစိုးရ တပ်ဖွဲ့တွေ့က ကျနော်တို့ ကချင်ပြည်နယ် မိုးညင်း ခရိုင်
ဘက်မှာ ရှိတဲ့ တပ်ရင်း (၅) နဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ကျနော်တို့ တပ်မဟာ (၄) တပ်ဖွဲ့ တွေကို လာ
ရောက် တိုက်ခိုက် နေတယ်လို့ သိရတယ်” ဟု ဆိုပါသည်။

ကချင် ပြည်နယ်ရှိ ဧရာဝတီမြစ် အနောက် ဖက်ကမ်း မိုးညင်းခရိုင်မိုးကောင်း -ကတာရပ် ဒေသတွင် ရှိသည့်
KIA တပ်မဟာ (၂)၊ တပ်ရင်း (၅) တပ်စခန်းကို ဧပြီလ (၁) ရက်နေ့ စတင် တိုက်ခိုက် ခဲ့ရာ ယနေ့ အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက် ရှိပါသည်။ တိုက်ပွဲကို အစိုးရ ခလရ ၉၃၊ ခမရ ၃၀၉ နှင့် ခလရ ၁၄၁ တပ်ဖွဲ့ တို့က လာရောက် တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။

အလားတူ ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၄) ဒေသသည် မတ်
လ (၁၁) ရက်နေ့မှ ယနေ့အထိတိုက်ပွဲများဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု KIA အရာရှိက ဆိုပါသည်။

ယမာန် နေ့တွင်လည်း ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင်မြို့ အရှေ့ ဘက်ခြမ်းရှိ KIA တပ်မဟာ (၄) တပ်ရင်း (၉) ကို နံနက် (၁၀) နာရီအချိန်တွင် အစိုးရတပ်ဖွဲ့ ခလရ ၂၄၁၊ ခမရ ၅၆၈ တို့က လာရောက် တိုက်ခိုက်
သောကြောင့် တိုက်ပွဲများ ညနေ ၉ နာရီအထိ ဖြစ်ပွား ခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့တို့သည် KIA တပ်မဟာ (၅) လိုင်ဇာ ဗဟို ဒေသနှင့် ဖားကန့် မြို့နယ်ရှိ KIA တပ်မဟာ (၂) တပ်ရင်း (၆) နယ်မြေတွင် စစ်အင်အား တို့ချဲ့ပြီး နေရာ ချထား နေကြောင်း သက်ဆိုင်ရာ KIA အရာရှိက ဆိုပါသည်။

လာမည့် ဧပြီလ (၆) ရက်နေ့တွင် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့သည် မြစ်ကြီးနားမြို့ရှိ မနော ခန်း
မတွင် တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးလမိုင်ခွန်ဂျာက
ပြောပါသည်။ 

သို့သော် KIA ဖက်ကမူ အစိုးရမှ စစ်ရှိန် မြှင့်နေခြင်းကို ရပ်တန့် ပေးရန်နှင့် ဆွေးနွေးပွဲသို့ အမေရိကန်၊ ဗြိ
တိန်UN နှင့် အခြား တိုင်းရင်းသား အပစ်ရပ်များ ဖိတ်ကြား ထားမှုကို အစိုးရဖက် လက်ခံပါက ဆွေးနွေး ဖြစ်
လိမ့်မည်ဟု KIA အရာရှိ များက ဆိုနေ ပါသည်။

 ရွှေဟင်္သာ သတင်းဌာန, Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment