Pages

Thursday, April 4, 2013

လတ်တလော အကြမ်းဖက်မှုဖြစ်စဉ်များ နှင့်ပတ်သတ်ပြီး ကိုနေဘုန်းလတ်ရဲ့ မှတ်ချက်စကား

ဘာဖြစ်ချင်မှန်း၊ ဘာလိုချင်မှန်း၊ ဘာ့ကြောင့်မှန်း သေသေချာချာမသိရပေမယ့် ... ကျနော်တို့နိုင်ငံအတွင်းမှာ မတည်မငြိမ် ထိန်းမနိုင်သိမ်းမရနဲ့ မြန်မာနိုင်ငံသားအချင်းချင်း ရန်လိုသတ်ဖြတ်ကြတဲ့ အခြေအနေတစ်ခုကို ရောက်သွားအောင် လူအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ လိုက်လံလှုံဆော်နေကြတဲ့ အင်အားစုတစ်စု အသေအချာကိုရှိနေပါပြီ။ သတင်းတွေ ပြန့်ပြီး အလန့်တကြားတွေဖြစ်ကြမှာစိုးရိမ်လို့ စိတ်ကောင်းရှိတဲ့ ပြည်သူ့သတင်းသမားတွေက သတင်းတွေသိပ်မဖြန့်ကြပေမယ့် အင်အားစုတစ်ခုဟာ နေရာအနှံ့ကိုလိုက်ပြီး မီးမွှေးဖို့ကြိုးစားနေကြတာကို အသေအချာတွေ့လာရပါတယ်။ ဘာသာမတူကြပေမယ့် အချင်းချင်းနားလည်မှုရှိကြပြီး အေးအေးချမ်းချမ်းနေချင်ကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရှိနေတဲ့ နေရာတွေမှာဆိုရင်တော့ အဲဒီ့လိုမီးမွှေးသူတို့ရဲ့လုပ်ရပ်ဟာ မအောင်မြင်ပေမယ့် ... စိတ်ဆတ်ပြီး အလိုလို ဒေါသဖြစ်နေတတ်ကြတဲ့ အချို့သော ရပ်ကွက်တွေမှာဆိုရင်တော့ သူတို့ရဲ့ လုပ်ရပ်အောင်မြင်သွားနိုင်တာမျိုးတွေရှိနေပါတယ်။ နည်းနည်းလေးဆွလိုက်ရင် မီးထတောက်လာမယ့်အခြေအနေမျိုးဖြစ်လာအောင်လည်း ... အစကတည်းက အခွေတွေ၊ တံဆိပ်တွေကို ငွေအလုံးအရင်းနဲ့ ဖြန့်ပြီးဖန်တီးထားပြီးသားဖြစ်ပါတယ် ...။
ကျနော်တို့လုပ်သင့်တာကို စဉ်းစားမိသလောက်ပြောရမယ်ဆိုရင် ... ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာရှိကြတဲ့ ပြည်သူတွေဟာ ဘာသာမတူတာတွေကို ခဏဘေးချိတ်ထားပြီး ကိုယ့်ရပ်ကွက်လုံခြုံဘေးကင်းရေးအတွက် အသိတရားရှိရှိ၊ သတိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ကြရမယ်ထင်ပါတယ်။ လှုံ့ဆော်သူတွေစနိုင်တာကတော့ ဗလီ (သို့မဟုတ်) ဘုန်းကြီးကျောင်းပါပဲ ...။ အဲဒီ့နေရာတွေကနေစပြီး မီးမွှေးကြဖို့ကြိုးစားမှာဖြစ်တဲ့အတွက် ... အဲဒီ့နေရာတွေကို သတိနဲ့စောင့်ရှောက်ကြဖို့လိုပါလိမ့်မယ် ...။ ရပ်ကွက်သူရပ်ကွက်သားတွေ ဘာသာမတူပေမယ့်လည်း ခွဲခွဲခြားခြားမနေကြပဲ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အပြင်ကလာပြီး မီးမွှေးသူတွေရဲ့ရန်ကို ကာကွယ်နိုင်မယ်ထင်ပါတယ် ...။ လှုံ့ဆော်သူတွေရဲ့ ဓါတ်ပုံတွေ ၊ ကားနံပါတ်တွေကို တတ်နိုင်သမျှရအောင်ယူပြီး ... အချင်းချင်းသတိပေးကြဖို့လဲ လိုမယ်ထင်ပါတယ် ...။ အစိုးရပိုင်းကလည်း ကားနဲ့လိုက်ပြီး လှုံ့ဆော်နေသူတွေကို အမြန်ဆုံးဖမ်းဆီးပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့ အင်အားစုကို အမြန်ဆုံးရှာဖွေဖော်ထုတ်ဖို့ လိုအပ်နေပါပြီ။
----------------------------------------------------------
Nay P Latt

ဘာဖြစ်ချင်မှန်း၊ဘာလိုချင်မှန်း၊ ဘာ့ကြောင့်မှန်း သေသေချာချာမသိရပေမယ့် ... ကျနော်တို့နိုင်ငံအတွင်းမှာ မတည်မငြိမ်ထိန်းမနိုင်သိမ်းမရနဲ့မြန်မာနိုင်ငံသားအချင်းချင်းရန်လိုသတ်ဖြတ်ကြတဲ့ အခြေအနေတစ်ခုကို
ရောက်သွားအောင် လူအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ လိုက်လံလှုံဆော်နေကြတဲ့ အင်အားစုတစ်စု အသေအချာကိုရှိနေပါပြီ။ သတင်းတွေပြန့်ပြီး အလန့်တကြားတွေဖြစ်ကြမှာစိုးရိမ်လို့ စိတ်ကောင်းရှိတဲ့ ပြည်သူ့သတင်းသမားတွေက သတင်းတွေသိပ်မဖြန့်ကြပေမယ့်အင်အားစုတစ်ခုဟာနေရာအနှံ့ကိုလိုက်ပြီး မီးမွှေးဖို့ကြိုးစားနေကြတာကို အသေအချာတွေ့လာရပါတယ်။
 
ဘာသာမတူကြပေမယ့် အချင်းချင်းနားလည်မှုရှိကြပြီး အေးအေးချမ်းချမ်းနေချင်ကြတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရှိနေတဲ့ နေရာတွေမှာဆိုရင်တော့ အဲဒီ့လိုမီးမွှေးသူတို့ရဲ့လုပ်ရပ်ဟာ မအောင်မြင်ပေမယ့် ... စိတ်ဆတ်ပြီး အလိုလို ဒေါသဖြစ်နေတတ်ကြတဲ့ အချို့သော ရပ်ကွက်တွေမှာဆိုရင်တော့ သူတို့ရဲ့ လုပ်ရပ်အောင်မြင်သွားနိုင်တာမျိုးတွေရှိနေပါတယ်။ 
 
နည်းနည်းလေးဆွလိုက်ရင် မီးထတောက်လာမယ့်အခြေအနေမျိုးဖြစ်လာအောင်လည်း ... အစကတည်းက အခွေတွေ၊ တံဆိပ်တွေကို ငွေအလုံးအရင်းနဲ့ ဖြန့်ပြီးဖန်တီးထားပြီးသားဖြစ်ပါတယ် ...။

ကျနော်တို့လုပ်သင့်တာကိုစဉ်းစားမိသလောက်ပြောရမယ်ဆိုရင်.ရပ်ကွက်တိုင်းရပ်ကွက်တိုင်းမှာရှိကြတဲ့
ပြည်သူတွေဟာ ဘာသာမတူတာတွေကို ခဏဘေးချိတ်ထားပြီး ကိုယ့်ရပ်ကွက်လုံခြုံဘေးကင်းရေးအတွက် အသိတရားရှိရှိ၊ သတိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ကြရမယ်ထင်ပါတယ်။ လှုံ့ဆော်သူတွေစနိုင်တာကတော့ ဗလီ (သို့မဟုတ်) ဘုန်းကြီးကျောင်းပါပဲ ...။ 
 
အဲဒီ့နေရာတွေကနေစပြီးမီးမွှေးကြဖို့ကြိုးစားမှာဖြစ်တဲ့အတွက်...အဲဒီ့နေရာတွေကို သတိနဲ့စောင့်ရှောက်ကြ
ဖို့လိုပါလိမ့်မယ်...။ရပ်ကွက်သူရပ်ကွက်သားတွေဘာသာမတူပေမယ့်လည်းခွဲခွဲခြားခြားမနေကြပဲ ပူးပေါင်း
ဆောင်ရွက်ကြမယ်ဆိုရင် အပြင်ကလာပြီး မီးမွှေးသူတွေရဲ့ရန်ကို ကာကွယ်နိုင်မယ်ထင်ပါတယ် ...။ 
 
လှုံ့ဆော်သူတွေရဲ့ဓါတ်ပုံတွေ၊ကားနံပါတ်တွေကိုတတ်နိုင်သမျှရအောင်ယူပြီး ... အချင်းချင်းသတိပေးကြဖို့
လဲလိုမယ်ထင်ပါတယ်...။အစိုးရပိုင်းကလည်းကားနဲ့လိုက်ပြီးလှုံ့ဆော်နေသူတွေကို အမြန်ဆုံးဖမ်းဆီးပြီး
နောက်ကွယ်က ကြိုးကိုင်နေတဲ့ အင်အားစုကို အမြန်ဆုံးရှာဖွေဖော်ထုတ်ဖို့ လိုအပ်နေပါပြီ။

 
Nay P Latt(နေဘုန်းလတ်)

Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment