Pages

Thursday, March 28, 2013

လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
-----------------------------------------------------
လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍  ယနေ့ မတ်လ၊ ၂၈ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြားသွားခဲ့ကြသည်။ 
”သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုကို လက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့် ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏ ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့် ရဟန်းရှင်လူများ စုပေါင်းညီညွတ်လျှင် ယခုလိုအကြမ်းဖက်မှုမျိုးကို ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့် တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။
DVB သတင်းဌာနမှ  “ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ဘာသာရေးအဓိကရုဏ်းလို့ သတ်မှတ်ပါသလား၊ အကြမ်းဖက်မှုလို့ သတ်မှတ်ပါသလား။ ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးက ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ရာဇ၀တ်မှု၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။
သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို  ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသို့ ၈၈မျိုးဆက်မှ သွားရောက်ကူညီပေးနေမှုများကို ရှင်းလင်းပြောပြခဲ့ကြသည်။

လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ယနေ့ မတ်လ၊ ၂၈ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊သုမင်္ဂလာလမ်းရှိ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း)ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင်
၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်
ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြား
သွားခဲ့ကြသည်။

”သွေးထိုးလှုံ့ဆော်မှုနဲ့အကြမ်းဖက်မှုကိုလက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့် ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏ ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့် ရဟန်းရှင်လူများစုပေါင်းညီညွတ်လျှင်ယခုလိုအကြမ်းဖက်မှုမျိုးကို ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့
သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့် တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

DVB သတင်းဌာနမှ “ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ဘာသာရေးအဓိကရုဏ်းလို့ သတ်မှတ်ပါသလား၊ အကြမ်းဖက်မှုလို့ သတ်မှတ်ပါသလား။
 
ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးကယခုဖြစ်ပွားနေသောကိစ္စရပ်များကိုရာဇ၀တ်မှု၊အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်
ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။

သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသို့ ၈၈မျိုးဆက်မှ သွားရောက်ကူညီပေးနေမှုများကို ရှင်းလင်းပြောပြခဲ့ကြသည်။
 
၈၈မျိုးဆက်ကျောင်းသားများ
Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment