Pages

Thursday, March 28, 2013

ပဲခူးတိုင်း အနောက်ဘက်ခြမ်း မင်းလှမြို့ အမှတ်(၃) ရပ်ကွက်ကို အကြမ်းဖက်သမားများဝင်ရောက်တိုက်ခိုက်နေ (မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်)

မင်းလှမြို့ အမှတ်(၃) ရပ်ကွက် အတွင်းရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အင်အား (၃၀၀) ခန့်ရှိသော လူအုပ်စုက ၀င်ရောက် ဖျက်ဆီး ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ (၁၅) လုံးဝန်းကျင်ခန့် ပျက်စီးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်ရှိ လာပြီးနောက် လူအုပ်စု ကွဲသွားကြောင်း မင်းလှမြို့ အမှတ်(၃) ရပ်ကွက်မှ ဒေသခံများက ပြောပါသည်။ ဖျက်ဆီးသူ လူအုပ်စုတွင် မင်းလှ ဒေသခံ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ မင်းလှမြို့ အနီးဝန်းကျင် ကျေးရွာများမှ လာရောက်သူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် မင်းလှမြို့၏ အဓိက ၀င်ပေါက်ဖြစ်သော သရက်ပင်-တာဆုံ လမ်းဆုံတွင် စစ်ဆေးရေး ဂိတ်ထားရှိပြီး လူအ၀င်ကို ယာယီပိတ်ပင်ထားပြီး အထွက်ကိုသာ ခွင့်ပြုထားကြောင်း မင်းလှမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။

Eleven Media Group,Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment