Pages

Thursday, March 28, 2013

စစ်တွေ ပင်လယ်ကူးဆိပ်ကမ်း ယခုနှစ်နှစ်ကုန်တွင် ပြီးစီးမည်

မြန်မာ-အိန်္ဒိယနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ၂ဝဝ၉ ခုနှစ်မှစတင် စစ်တွေမြို့တွင် တည်ဆောက်နေသည့် ပင်လယ်ကူးဆိပ်ကမ်းကို ယခုနှစ် 
ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြသည်။ 

ကုလားတန် မြစ်ကြောင်းဘက်စုံသုံးစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော ယင်းဆိပ်ကမ်းကို 
နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အပြီး သတ်ရ မည်ဖြစ်သော်လည်း ရာသီဥတု အခြေအနေ၊ ရခိုင်ပြည်နယ် တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခအခြေအနေများကြောင့် ဒီဇင်ဘာတွင်သာ အပြီး သတ်နိုင်မည်ဖြစ်ကြောင်း စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူတည်ဆောက်နေသည့် ESSAR ဆောက်လုပ်ရေး ကုမ္ပဏီနှင့် နီးစပ် သူတစ်ဦးကပြောသည်။

ယခုလက်ရှိ အနေအထားတွင် အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရာ၌ ကုန်းမြေ တည်ဆောက်မှုစီမံကိန်းမှာ အကြမ်းထည်လုပ်ငန်းများပြီးစီးနေပြီဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ သင်္ဘောများချဉ်းကပ်နိုင်ရန်အတွက် ဆိပ်ခံတံ တားနှစ်စင်း အပါအဝင် ဆိပ်ကမ်းကုန်းမြေ မြေညှိခြင်းလုပ်ငန်းများနှင့် ဆိပ်ကမ်းအဆောက်အဦများအား အရှိန်အဟုန်မြင့်တည်ဆောက် လျှက်ရှိသည်။

စီမံကိးပြီးစီး ပါက ၂ဝ၁၄ ခုနှစ်တွင် မြန်မာအစိုးရသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ရာ ၀န်ထမ်းခန့်ထားခြင်းအပါ အ၀င်စီမံ အုပ်ချုပ်ခွင့်များကိုလည်း မြန်မာနိုင်ငံမှဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။

ဆိပ်ကမ်းကိုမြန်မာနိုင်ငံမှ လွှဲပြောင်းလက်ခံပြီးနောက် အဆိုပါဆိပ်ကမ်းနှင့် ဆိပ်ကမ်းအနီးယခင်ရှိနှင့်ပြီး စစ်တွေဖောင်တော်ကြီးနေရာများတွင် မြန်မာ နိုင်ငံကမ်းရိုးတန်းသွား သင်္ဘောများ ဆိုက်ကပ်ကုန်တင်ကုန်ချပြုလုပ်နိုင် မည်ဖြစ်ရာ ရခိုင်ပြည်နယ် အတွင်း ကုန်စည်စီးဆင်းမှုများ မြန်ဆန် သွက် လက် လာမည်ဖြစ်သည်။ 

ယင်းအပြင် စစ်တွေပင်လယ်ကူးဆိပ်ကမ်းတွင် တန်ချိန် (၂၀၀၀၀)ရှိ သင်္ဘောများရပ်နားကုန်တင်ကုန်ချပြုလုပ်နိုင်မည်ဖြစ်ပြီး စစ်တွေမှ ချင်းပြည်နယ် ပလက်ဝမြို့သို့ တန်ချိန် (၆၀၀)ပါ ရေစူးနည်း သင်္ဘောငယ် များဖြင့် ကုန်များကိုပို့ဆောင်ကာ ပလက်ဝမှတစ်ဆင့် ကုန်းလမ်းဖြင့် အိန္ဒိယနိုင်ငံသို့သယ်ယူပို့ပေးသွားမည်ဖြစ်သည်။

အလားတူ စစ်တွေပင်ကယ်ကူးဆိပ်ကမ်းနှင့် အပြိုင် ပလက်ဝဆိပ်ကမ်း ကိုလည်း အရှိန်အဟုန်မြှင့်တည် ဆောက်လျက်ရှိရာ ယင်းဆိပ်ကမ်းမှာလည်း များမကြာမီအတွင်းပြီးစီးနိုင်တော့မည်ဖြစ်ပြီး အဆိုပါပလက်ဝ ဆိပ်ကမ်းပြီးစီးပါက ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖွံ့ဖြိုးရေးစီမံကိန်းကြီး စတင်လည်ပတ်နိုင်တော့မည်ဖြစ်သည်။

“ဒီစီမံကိန်းကို ရခိုင်ဒေသက စီးပွားလုပ်ငန်းရှင်တွေ အာရုံစိုက်နေကြပါတယ်။ ဘာလို့ဆို စီမံကိန်းပြီးသွားလို့ရှိရင် ကျွန်တော်တို့ရခိုင်ပြည်နယ်ဟာ စီးပွားရေး လုပ်ငန်းတွေ တော်တော်လေးအားကောင်းလာနိုင် တယ်လေ”ဟု ရခိုင်ဒေသ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းတည်ဆောက်ရန်အတွက် ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူ ညီမှုလက်မှတ်ရေးထိုးခဲ့သည်။

တည်ဆောက်မှု လုပ်ငန်းများအား အိန္ဒိယမှ အမေရိကန်ဒေါ်လာသန်း (၁၂၀) ရင်းနှီးမြှုပ်နှံကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ အတွင်းမှ စတင် အကောင် အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံ အနေဖြင့် ကုန်စည်ဖြတ်သန်း သယ်ယူပို့ဆောင်မှု အတွက် ပို့ကုန်တန်ဘိုး၏ ၂.၅ ရာခိုင်နှုန်းကို နိုင်ငံ့ဘဏ္ဍာဝင်ငွေ အဖြစ်ရရှိမည် ဖြစ်သည်။

မာန်ယုကျော်(ရွှေဝမြေ)

ဓါတ်ပုံ - ဆုမြတ်ထွန်း

ကိုးကား။  ။ ရန်ကုန်တိုင်းမ်ဂျာနယ်

မြန်မာ-အိန်္ဒိယနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ၂ဝဝ၉ ခုနှစ်မှစတင် စစ်တွေမြို့တွင် တည်ဆောက်နေသည့် ပင်လယ်ကူးဆိပ်ကမ်းကို ယခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြသည်။
ကုလားတန် မြစ်ကြောင်းဘက်စုံသုံးစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော ယင်းဆိပ်ကမ်းကို

နှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အပြီး သတ်ရ မည်ဖြစ်သော်လည်း ရာသီဥတု အခြေအနေ၊ ရခိုင်ပြည်နယ် တွင် ဖြစ်ပွါးခဲ့သော ပဋိပက္ခအခြေအနေများကြောင့် ဒီဇင်ဘာတွင်သာ အပြီး သတ်နိုင်မည်ဖြစ်ကြောင်း စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူတည်ဆောက်နေသည့် ESSAR ဆောက်လုပ်ရေး ကုမ္ပဏီနှင့် နီးစပ် သူတစ်ဦးကပြောသည်။

ယခုလက်ရှိ အနေအထားတွင် အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရာ၌ ကုန်းမြေ တည်ဆောက်မှုစီမံကိန်းမှာ အကြမ်းထည်လုပ်ငန်းများပြီးစီးနေပြီဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ သင်္ဘောများချဉ်းကပ်နိုင်ရန်အတွက် ဆိပ်ခံတံ တားနှစ်စင်း အပါအဝင် ဆိပ်ကမ်းကုန်းမြေ မြေညှိခြင်းလုပ်ငန်းများနှင့် ဆိပ်ကမ်းအဆောက်အဦများအား အရှိန်အဟုန်မြင့်တည်ဆောက် လျှက်ရှိသည်။

စီမံကိးပြီးစီး ပါက ၂ဝ၁၄ ခုနှစ်တွင် မြန်မာအစိုးရသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ရာ ၀န်ထမ်းခန့်ထားခြင်းအပါ အ၀င်စီမံ အုပ်ချုပ်ခွင့်များကိုလည်း မြန်မာနိုင်ငံမှဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သည်။

ဆိပ်ကမ်းကိုမြန်မာနိုင်ငံမှ လွှဲပြောင်းလက်ခံပြီးနောက် အဆိုပါဆိပ်ကမ်းနှင့် ဆိပ်ကမ်းအနီးယခင်ရှိနှင့်ပြီး စစ်တွေဖောင်တော်ကြီးနေရာများတွင် မြန်မာ နိုင်ငံကမ်းရိုးတန်းသွား သင်္ဘောများ ဆိုက်ကပ်ကုန်တင်ကုန်ချပြုလုပ်နိုင် မည်ဖြစ်ရာ ရခိုင်ပြည်နယ် အတွင်း ကုန်စည်စီးဆင်းမှုများ မြန်ဆန် သွက် လက် လာမည်ဖြစ်သည်။

ယင်းအပြင် စစ်တွေပင်လယ်ကူးဆိပ်ကမ်းတွင် တန်ချိန် (၂၀၀၀၀)ရှိ သင်္ဘောများရပ်နားကုန်တင်ကုန်ချပြုလုပ်နိုင်မည်ဖြစ်ပြီး စစ်တွေမှ ချင်းပြည်နယ် ပလက်ဝမြို့သို့ တန်ချိန် (၆၀၀)ပါ ရေစူးနည်း သင်္ဘောငယ် များဖြင့် ကုန်များကိုပို့ဆောင်ကာ ပလက်ဝမှတစ်ဆင့် ကုန်းလမ်းဖြင့် အိန္ဒိယနိုင်ငံသို့သယ်ယူပို့ပေးသွားမည်ဖြစ်သည်။

အလားတူ စစ်တွေပင်ကယ်ကူးဆိပ်ကမ်းနှင့် အပြိုင် ပလက်ဝဆိပ်ကမ်း ကိုလည်း အရှိန်အဟုန်မြှင့်တည် ဆောက်လျက်ရှိရာ ယင်းဆိပ်ကမ်းမှာလည်း များမကြာမီအတွင်းပြီးစီးနိုင်တော့မည်ဖြစ်ပြီး အဆိုပါပလက်ဝ ဆိပ်ကမ်းပြီးစီးပါက ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖွံ့ဖြိုးရေးစီမံကိန်းကြီး စတင်လည်ပတ်နိုင်တော့မည်ဖြစ်သည်။

“ဒီစီမံကိန်းကို ရခိုင်ဒေသက စီးပွားလုပ်ငန်းရှင်တွေ အာရုံစိုက်နေကြပါတယ်။ ဘာလို့ဆို စီမံကိန်းပြီးသွားလို့ရှိရင် ကျွန်တော်တို့ရခိုင်ပြည်နယ်ဟာ စီးပွားရေး လုပ်ငန်းတွေ တော်တော်လေးအားကောင်းလာနိုင် တယ်လေ”ဟု ရခိုင်ဒေသ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းတည်ဆောက်ရန်အတွက် ၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူ ညီမှုလက်မှတ်ရေးထိုးခဲ့သည်။

တည်ဆောက်မှု လုပ်ငန်းများအား အိန္ဒိယမှ အမေရိကန်ဒေါ်လာသန်း (၁၂၀) ရင်းနှီးမြှုပ်နှံကာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ အတွင်းမှ စတင် အကောင် အထည်ဖေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံ အနေဖြင့် ကုန်စည်ဖြတ်သန်း သယ်ယူပို့ဆောင်မှု အတွက် ပို့ကုန်တန်ဘိုး၏ ၂.၅ ရာခိုင်နှုန်းကို နိုင်ငံ့ဘဏ္ဍာဝင်ငွေ အဖြစ်ရရှိမည် ဖြစ်သည်။

မာန်ယုကျော်(ရွှေဝမြေ) ဓါတ်ပုံ - ဆုမြတ်ထွန်း

ရန်ကုန်တိုင်းမ်ဂျာနယ်,Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment