Pages

Thursday, March 28, 2013

သမ္မတမှ မိန့်ခွန်းတွင်ဆူပူမှုသတင်းများကို ပွင့်လင်းမြင်သာစွာ သတင်းအမှန်တင်ပြခဲ့သည်ဟု ဆိုသော်လည်း မိန့်ခွန်းပြီးပြီးချင်း အစိုးရသတင်းဌာနဖြစ်သော မြန်မာ့အသံမှ ယနေ့ဖြစ်ရပ်များအား သတင်းထိန်ချန်ဖော်ပြ

ယနေ့ဖြစ်ပေါ်ခဲ့သော မိုးညိုမြို့ အကြမ်းဖက်မှုဖြစ်စဉ်၌ အကြမ်းဖက် သမားများသည် မိုးညိုမြို့ဗလီအား ဖျက်စီးသွားကြောင်းကိုမိုးညိုမြို့သို့ရောက်ရှိနေသောELEVENMEDIAသတင်းထောက်မှသတင်းပေးပို့ခဲ့ပြီး
ဖေ့စ်ဘုတ်တွင်ELEVENMEDIAစာမျက်နှာအပါအ၀င်သတင်းစာမျက်နှာအများစုတွင် ရေးသားတင်ပြခဲ့သော်
လည်းသမ္မတမိန့်ခွန်းပြီးပြီးချင်းတွင် လွှင့်သော မြန်မာ့အသံသတင်းတွင်လူနေအိမ်ဟုသာ ပြောသွားခဲ့သည်။ ယခုကဲ့သို့ပင်မိတ္ထီလာဖြစ်စဉ်အပါအ၀င်အခြားဖြစ်စဉ်များ၏သတင်းများကြေညာရာတွင်လည်းပွင့်လင်းမြင်
သာမှုမဲ့စွာ ကြေညာခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ မိုးညိုသတင်းအမှန် ELEVEN MEDIA GROUP

မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)

မိုးညိုမြို့နယ် ဇောတိက ရပ်ကွက်ရှိ ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင် အချိန်မှ ညနေ ၄ နာရီ ၀န်းကျင်အထိ သံဃာဟု ယူဆရသူ (၄၀) ၀န်းကျင်ခန့်က ဖျက်ဆီးခဲ့ကြောင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ ထိုသို့ ဖျက်ဆီးပြီးချိန်တွင် လူစုခွဲ၍ ပြန်လည် ထွက်ခွာ သွားကြကြောင်း သိရသည်။ 
 
 ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာသွားချိန်တွင် အဆိုပါ နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ယူခဲ့ကြောင်း သိရသည်။ 
 
ယင်းကဲ့သို့ ဖျက်ဆီးနေချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ကူးခွင့် မပြုဘဲ တားဆီးခဲ့ကြပြီး ဖျက်ဆီးမှုတွင် ပါဝင်သူများမှာ ဒေသခံများ မဟုတ်ကြောင်း မိုးညိုမြို့ခံများက ပြောသည်။
 
 
Myanmar Muslim.Net, Rangonnewsdaily
Kolatt(PBDN):28.3.2013 

0 comments:

Post a Comment