Pages

Thursday, March 28, 2013

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် လုံခြုံရေး အပြည့်အဝရှိကြောင်း ဒေသခံတစ်ဦး သတင်းပေးပို့

ယမန်နေ့များက ကြို့ပင်ကောက်၊ မင်းလှ၊ ဇီးကုန်း၊ နတ္တလင်းမြို့များတွင် ဗလီများဖျက်ဆီးခြင်း၊ အစ္စလာမ်ဘာသာဝင် အိမ်များဖျက်ဆီးခြင်း၊ ပစ္စည်းများသယ်ယူခြင်း တို့ဖြစ်ပွါးခဲ့ ပြီး လက်ပံတန်းနှင့် သာယာဝတီမြို့နယ်များတွင်လည်း ထိုသို့အကြမ်းဖက်မှုများ လုပ်ဆောင်မည်ဟူသော ကောလာဟလများ ထွက်ပေါ်လာပြီး ယခုအခါ သာယာဝတီမြို့၌ လုံခြုံရေး အပြည့်အဝ ချထားကြောင်း သိရှိရသည်။ သို့သော်လည်း ဒေသခံတို့အနေဖြင့် ရဲအဖွဲ့မှ ထိရောက်စွာ အကာအကွယ်ပေးမည် ဆိုသည်ကိုတော့ သံသယအချို့ ရှိနေသေးကြောင်း သိရှိရသည်။

Myanmar Muslim Voice,Rangonnewsdaily
Kolatt(PBDN):28.3.2013

 

0 comments:

Post a Comment