Pages

Thursday, March 28, 2013

မတ်လ ၂၈ ရက်နံနက်က တောင်ဒဂုံစက်မှုဇုန် ( ၂ ) အတွင်းရှိ မုန့်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မတ်လ ၂၈ ရက်နံနက်က တောင်ဒဂုံစက်မှုဇုန် ( ၂ ) အတွင်းရှိ မုန့်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှု ဖြစ်ပွား

မတ်လ ၂၈ ရက်၊ ၂၀၁၃

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံတွင် ယနေ့ (မတ်လ ၂၈ ရက်နေ့) နံနက် ၅ ၀န်းကျင်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာများ မရှိကြောင်း မီးလောင်မှုဖြစ်စဉ်သို့ လာရောက်မီးငြိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် ပေ ၁၀၀ ၀န်းကျင် စက်ရုံအဆောက်အဦ ပျက်ဆီးဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်စဉ်အနီးတွင် နေထိုင်သည့် ကိုဇော်ဦးက“ မီးလောင်မှု စဖြစ်တာက နံနက်ငါးနာရီ လောက်ကပါ။ မီးလောင်တာကို သိသိချင်း သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ ရွှေမင်းသမီး ဇီးထုတ်စက်ရုံပါ။ အခြားဝမ်းတီးတို့ဘာတို့ အမှတ်တံဆိပ်တွေလည်း ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ စက်မှုဇုန်မှာက နေ့လည် ၁၂ နာရီလောက်ကတည်းက တစ်ညလုံး မီးဖျက်ထားတာပါ။ လျှပ်စစ်ကြောင့်တော့ မဟုတ်ပါဘူး” ဟု
ပြောသည်။

''မုန့်အထွေထွေအခန်းမှာ မီးခိုးစတွေ့တယ်လို့ မုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျတဲ့သူက ပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရတာတွေ မရှိသလို အခြားပယောဂကြောင့် လာင်တာမျိုး မဟုတ်ဘဲ သာမန် မီးလောင်မှုပါပဲ” ဟု မီးလောင်မှုဖြစ်စဉ်သို့ လာရောက်သည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုမှာ နံနက် ၅ နာရီ ၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၅ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရပြီး မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ် ၇ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Eleven

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံတွင် ယနေ့ (မတ်လ ၂၈ ရက်နေ့) နံနက် ၅ ၀န်းကျင်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းရခြင်း၏အကြောင်းအရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးအားစုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်မှု
ဖြစ်စဉ်ကြောင့်လူသေဆုံး၊ထိခိုက်ဒဏ်ရာများမရှိကြောင်းမီးလောင်မှုဖြစ်စဉ်သို့ လာရောက်မီးငြိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် ပေ ၁၀၀ ၀န်းကျင် စက်ရုံအဆောက်အဦ ပျက်ဆီးဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်စဉ်အနီးတွင်နထိုင်သည့်ကိုဇော်ဦးက“မီးလောင်မှု စဖြစ်တာက နံနက်ငါးနာရီ လောက်ကပါ။ မီးလောင်တာကို သိသိချင်း သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။ ရွှေမင်းသမီး ဇီးထုတ်စက်ရုံပါ။ အခြားဝမ်းတီးတို့ဘာတို့အမှတ်တံဆိပ်တွေလည်း ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့ စက်မှုဇုန်မှာက နေ့လည် ၁၂ နာရီလောက်ကတည်းက တစ်ညလုံး မီးဖျက်ထားတာပါ။ လျှပ်စစ်ကြောင့်တော့ မဟုတ်ပါဘူး” ဟု ပြော
သည်။

''မုန့်အထွေထွေအခန်းမှာ မီးခိုးစတွေ့တယ်လို့ မုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျတဲ့သူက ပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရတာတွေ မရှိသလို အခြားပယောဂကြောင့် လာင်တာမျိုး မဟုတ်ဘဲ သာမန် မီးလောင်မှုပါပဲ” ဟု မီးလောင်မှုဖြစ်စဉ်သို့ လာရောက်သည့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုမှာ နံနက် ၅ နာရီ ၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၅ နာရီ ၃၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရပြီး မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ် ၇ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Eleven Media Group:,Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment