Pages

Thursday, March 28, 2013

တောင်ကြီးမြို့တွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွား

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင် ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဆီဆိုင်သို့ စက်သုံးဆီများလာပို့သောကားမှ ဆီကန်သို့ စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ မီးလောင်မှုမှာ တစ်နာရီကျော်ကြာပြီး ၆နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ အဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-မင်းသူ

တောင်ကြီးမြို့၊ ကန်ကြီးကုန်းရပ်ကွက်၊ သစ်တောဂိတ်အထွက်ရှိဝင်းမေတ္တာစက်သုံးဆီပန့်ဆိုင်တွင် ယနေ
့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဆိုပါဆီဆိုင်သို့စက်သုံးဆီများလာပို့သောကားမှဆီကန်သို့စက်သုံးဆီများထည့်သွင်းစဉ် စတင်လောင်
ကျွမ်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုမှာတစ်နာရီကျော်ကြာပြီး၆နာရီတွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။ မီး
လောင်မှုကြောင့် စက်သုံးဆီတန်ဖိုးကျပ်သိန်း ၅၀ နှင့် အခြားပစ္စည်းတန်ဖိုး ကျပ်ဆယ်သိန်းဆုံးရှုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲအဆိုပါမီးကိုမီးသတ်ကားဆယ်စီးဝန်းကျင်ငြိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ-မင်းသူ( 7days News)
Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment