Pages

Wednesday, February 6, 2013

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ ဆိုးရွားဆဲ၌ပင်ရှိနေသေးဟုဆို

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေ ဆိုးရွားဆဲ၌ပင်ရှိနေသေးဟုဆို


မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသို့ရှေးရှုလုပ်ဆောင်မှုသည် ထင်သာမြင်သာရှိခဲ့သော်လည်း လူ့အခွင့်အရေးအခြေအနေသည်  
၂၀၁၂ ခုနှစ်ကကဲ့သို့ပင် ဆိုးရွားဆဲအခြေအနေ၌ ရှိနေသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ဖော်ပြထားကြောင်းသိရသည်။

သမ္မတဦးသိန်းစိန်လက်ထက် ပြည်ပရောက်နိုင်ငံရေးအင်အားစုများ
 ပြည်တွင်းပြန်ဝင်ခွင့်ဖိတ်ခေါ်ခဲ့ခြင်း၊ လွတ်ငြိမ်းချမ်းသာအမိန့် ၅ ကြိမ်ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ပြန်လည်လွတ်ပေးခဲ့ခြင်းများရှိခဲ့သော်လည်း အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားအချို့ ကျန်ရှိနေခြင်း၊ လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် ပညာရေး၊ ခရီးသွားလာခွင့် အစရှိသော ကိစ္စရပ်များတွင် ထိန်းချုပ်ခံထားရခြင်းနှင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု နည်းပါခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သည့်  တက်ကြွလှုပ်ရှားသူများအား တရားစွဲဆို အရေးယူခြင်း၊ စာပေစိစစ်ရေးမူကို ရုတ်သိမ်းလိုက်သော်လည်း  လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်အတွက် အတားအဆီးဖြစ်သော ဥပဒေများရှိနေသေးခြင်းအပါအ၀င် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ရေး ၊ လူမျိုးရေး ပဋိပက္ခများအပေါ် ပြုမူဆောင်ရွက်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုများ၌ လူ့အခွင့်အရေးဆိုင်ရာအလေးထားမှုအားနည်းချက်များအပေါ် အခြေခံ၍ ယခုကဲ့သို့အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်ကြောင်းသိရသည်။

NLA

Ref; World Report 2013

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသို့ရှေးရှုလုပ်ဆောင်မှုသည် ထင်သာမြင်သာရှိခဲ့သော်လည်း လူ့အခွင့်အရေးအခြေအနေသည် ၂၀၁၂ ခုနှစ်ကကဲ့သို့ပင် ဆိုးရွားဆဲအခြေအနေ၌ ရှိနေသေးကြောင်း လူ့
အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကထုတ်ပြန်သည့် ၂၀၁၃ ခုနှစ် အစီရင်ခံစာ၌ဖော်ပြထားကြောင်းသိရသည်။ သမ္မတဦးသိန်းစိန်လက်ထက် ပြည်ပရောက်နိုင်ငံရေးအင်အားစုများပြည်တွင်းပြန်ဝင်ခွင့်ဖိတ်ခေါ်ခဲ့ခြင်းလွတ်
ငြိမ်းချမ်းသာအမိန့် ၅ ကြိမ်ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ပြန်လည်လွတ်ပေးခဲ့ခြင်းများရှိ
ဲ့သော်လည်း အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားအချို့ ကျန်ရှိနေခြင်း၊ 
 
လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် ပညာရေး၊ ခရီးသွားလာခွင့် အစရှိ
သာ ကိစ္စရပ်များတွင် ထိန်းချုပ်ခံထားရခြင်းနှင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု နည်းပါခြင်း၊ ငြိမ်းချမ်း
ရးအတွက် ဆန္ဒထုတ်ဖော်သည့် တက်ကြွလှုပ်ရှားသူများအား တရားစွဲဆို အရေးယူခြင်း၊ 
 
စာပေစိစစ်ရေးမူကို ရုတ်သိမ်းလိုက်သော်လည်း လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်အတွက် အတားအဆီး
ဖစ်သော ဥပဒေများရှိနေသေးခြင်းအပါအ၀င် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် စစ်
ရး ၊ လူမျိုးရေး ပဋိပက္ခများအပေါ် ပြုမူဆောင်ရွက်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုများ၌ လူ့အခွင့်အရေးဆိုင်ရာ
အလေးထားမှုအားနည်းချက်များအပေါ် အခြေခံ၍ ယခုကဲ့သို့အစီရင်ခံစာ၌ ဖော်ပြထားခြင်းဖြစ်ကြောင်းသိရ
သည်။

NLA

Ref; World Report 2013

0 comments:

Post a Comment