Pages

Wednesday, February 6, 2013

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၆ / ၂၀၁၃)

၁၃၇၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁) ဦးအောင်ထူး
စွမ်းအင်ဝန်ကြီးဌာန

(၂) ဦးသန်းထွန်းအောင်
သတ္တုတွင်းဝန်ကြီးဌာန

(၃) ဒေါ်ဝင်းမော်ထွန်း
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန

(၄)ဒေါက်တာဇော်မင်းအောင်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

(၅)ဒေါက်တာတင်ရွှေ
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments:

Post a Comment