Pages

Wednesday, February 6, 2013

အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားမျာနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်း

အကျဉ်းထောင်များ အတွင်းရှိနေသည့် နိုင်ငံရေးအကျဉ်းသားမျာနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ကို ယနေ့ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ကိုယ်ပိုင်လူမှုကွန်ယက် စာမျက်နှာတွင်ဖော်ပြထားသည် ကိုတွေ့ရသည်။ သတင်းအသေးစိတ်အချက်အလက်များနှင့် ပတ်သက် ၍ ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ်သတင်းစာ များတွင် ဖော်ပြပေးသွား မည် ဖြစ်ကြောင်း ရေးသားထားသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "နိုင်ငံတော်သမ္မတရုံးက အကျဉ်းထောင်များ အတွင်းရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်နိုင် ဖို့အတွက် ကော်မတီတစ်ရပ်ကို ယနေ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

အဲဒီကော်မတီကို ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ခေါင်းဆောင် ပြီး အစိုးရ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းနဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များ ပါဝင်မှာဖြစ်ပါတယ်။ သတင်းအသေးစိတ်ကို မနက်ဖြန်ထုတ်
သတင်းစာ များမှာဖော်ပြပေးပါ့မယ်။" ဟု ၄င်း၏ ကိုယ်ပိုင် facecbook စာမျက်နှာတွင် ဖော်ပြထားသည်။

Yangon Media Group

0 comments:

Post a Comment