Pages

Friday, February 15, 2013

“ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ) ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော်ထုတ်လုပ်ငန်းအား သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသောကြောင့် ခွင့်ပြုမိန့်ရုပ်သိမ်း”

ရန်ကုန် ဖေဖော်ဝါရီ ၁၅
ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ)သည်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထား သည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ၇-၂-၂၀၁၃ ရက်နေ့မှ စတင်၍ ရေနံလက်ယက် တွင်းတိမ်များ ရှာဖွေ တူးဖော်ထုတ်လုပ်ခွင့်ပြုမိန့်အား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ဒေသရှိ ရေနံလုပ်ကွက် ၌ လုပ်ငန်း ဆောင်ရွက်ခွင့် ရရှိထားသော ဦးကျော်ဌေး(ရွှေရာသီကုမ္ပဏီ) သည် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် စီမံချက်များ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန် သတ်မှတ်ထားသော်လည်း အဆိုပါ သတ်မှတ်ချက်များကို စနစ်တကျ အပြည့်အ၀ လိုက်နာဆောင်ရွက်မှု မရှိသည့်အတွက် ၂၀၁၂ ခုနှစ်၊ ဇွန်လမှ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မီးလောင်မှု(၁၃)ကြိမ် ဖြစ်ပွားခဲ့သောကြောင့်စည်းကမ်းချက်များလိုက်နာမှုမရှိ၍ လိုင်စင်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနသည် ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ပြုမိန့်ကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ထောက်ခံတင်ပြချက်ဖြင့် စနစ်တကျစိစစ်ကာ ထုတ်ပေးလုပ် ကိုင်ခွင့်ပြုလျှက်ရှိသည်။
ယင်းသို့ခွင့်ပြုမိန့်များထုတ်ပေးရာတွင်ရေနံလက် ယက်တွင်းလုပ်ငန်း လုပ်ကိုင်သူများမှ လိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ပြဌာန်းထားပြီးဖြစ်ရာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်း မရှိပါက ခွင့်ပြုမိန့်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွား မည် ဖြစ်ကြောင်း သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ များနှင့် ရေနံလက်ယက်တွင်းတိမ်ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများသို့ အသိပေးအကြောင်းကြား ထားပြီးဖြစ်ကြောင်း Ministry of Energy, Myanmar facebook တွင်ဖော်ပြထားရှိသည်။
  
Popular Myanmar News

0 comments:

Post a Comment