Pages

Friday, February 15, 2013

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်


သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင်ဥက္ကာခဲ့များမီးလောင်
ပါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှဥက္ကာခဲများ မီးလောင်ပေါက်ကွဲ
ကာ ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်
အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။ 
 
ဥက္ကာခဲ့ကျရောက်သည့် နေရာတစ်ခုတွင် အချင်း ၆ မီတာခန့်ရှိ ချိုင်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။ဥက္ကာခဲများ
 ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် အဆောက်အအုံ ပြူတင်းပေါက်မှန်များ ကွဲကြေခဲ့ပြီး အချို့အဆောက်
အအုံများ ပျက်စီးခဲ့သည်။ ဒဏ်ရာရရှိသူများ ၅၀၀ ကျော်မှာ ပြူတင်းပေါက်မှန်စများ လွင့်စင်ထိမှန်မှုကြောင့် အသေးစားဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ ၁၁၂ ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။

Planet Myanmar Network

0 comments:

Post a Comment