Pages

Friday, February 15, 2013

အဝေးပြေးကားများနှင့် လက်ဖက်ရည်ဆိုင်များတွင် ဗီဒီယိုဇာတ်ကား ပြသခွင့်ရှိ

အဝေးပြေးကားများနှင့် လက်ဖက်ရည်ဆိုင်များတွင် ဗီဒီယိုဇာတ်ကား ပြသခွင့်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ-၇

မြန်မာဗီဒီယို ဇာတ်ကားများကို အဝေးပြေးယာဉ်များနှင့် လက် ဖက်ရည်ဆိုင်တို့တွင် ပြသခွင့် မပြု ရန် မြန်မာနိုင်ငံဗီဒီယိုအခြေခံ အဖွဲ့(ဗဟို)၏ ထုတ်ပြန်ချက်မှာ တည်ဆဲရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒနှင့် ကွဲလွဲမှုများ ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။

၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေ (၂၅)(က)(ခ)အရ ဗီဒီယိုဆင်ဆာအဖွဲ့မှ ထုတ်ဝေသော ဆင်ဆာလက်မှတ် ပါရှိလျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြသနိုင်သည်။ ယင်းဆင်ဆာလက်မှတ် မပါရှိပါက ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)အရ ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး အရေးယူခံရနိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။ မော်တော်ယာဉ်လိုင်းများ၊ လက်ဖက်ရည်ဆိုင်များတွင် ပြသသည့်ဇာတ်ကားများမှာ ပုဒ်မ ၂၅ (က)(ခ)နှင့်ညီညွတ်ရန်သာလိုကြောင်း ဦးပိုက်ထွေးက 
ပြောသည်။

“အဝေးပြေးကားတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ပြည်သူလူထုကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်အတွက် ငွေကြေးကောက်ခံမှု မပါတဲ့၊ စီးပွားရေးအလို့ငှာ ပြသခြင်းမဟုတ်ဘူးဆိုရင် ပြသနိုင်ပါတယ်။ ဒါပေမဲ့ ပြသတဲ့ ခွေတွေဟာ ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးထားတဲ့ ဆင်ဆာလက်မှတ်ကပ်ထားတဲ့ အခွေတော့ဖြစ်ဖို့ လိုပါတယ်” ဟု ဒုတိယ၀န်ကြီးဦးပိုက်ထွေးက ပြောသည်။

မြန်မာနိုင်ငံ ဗီဒီယိုအခြေခံအဖွဲ့၏ ယခုထုတ်ပြန်ချက်မှာ မြို့နေလူတန်းစားများအပေါ် သက်ရောက်မှုမရှိသော်လည်း မြို့စွန် ရပ်ကွက်များနှင့် နယ်မြို့များ၊ ကျေးရွာများမှ မြန်မာဗီဒီယို ဇာတ်ကားကြည့်ရှုသည့် အခြေခံ လူတန်းစားများ၊  လက်လုပ်လက်စားများအတွက်မူ ကြီးမားသော အခက်အခဲများ သက်ရောက်နေကြောင်း သိရသည်။  “ဗီဒီယိုရုံ ယဉ်ကျေးမှုနေရာမှာ လက်ဖက်ရည်ဆိုင်မှာ ဗီဒီယိုကြည့်တဲ့ ယဉ်ကျေးမှုက အစားဝင်လာတာ။ အိမ်မှာ တီဗီဝယ်ဖို့ မပြောနဲ့။  နယ်ကလူတွေမှာ တစ်ရက်တစ်ထောင်လောက်ဝင်အောင် အနိုင်နိုင် လုပ်နေရတာ။ ဒါကိုလိုက် ပိတ်ပင်တာ မတရားဘူး” ဟု မင်းဘူးမြို့မှ ဦးသန်းစင်က ပြောသည်။

“ရွာထဲက  ဆိတ်ကျောင်းတဲ့ကလေးတွေ၊ ရွာကလူတွေ ဒါပဲကြည့်စရာရှိတာ။ မကြည့်ရဘူးလို့ အခုလို ခြိမ်းခြောက်ရင် ဘာသွားကြည့်ရမလဲ” ဟု ငဖဲမြို့မှ တောင်သူတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင်မှာကြည့်တာက လက်ဖက်ရည်ဖိုးနဲ့ ဗီဒီယိုရုံဖိုးနှစ်ခါ မကုန်ချင်လို့။ မိဘတွေက ကျပန်းအလုပ်လုပ်ပြီး အိမ်ပြန်လာ။ ကလေးတွေခေါ်ပြီး လက်ဖက်ရည်ဆိုင်မှာ ဟာသကားလေးကြည့်ပြီး စိတ်အပန်းဖြေကြရတာ” ဟု လှိုင်သာယာမြို့နယ်မှ ဦးကျော်သောင်းက ပြောသည်။

ဗီဒီယို အခြေခံအဖွဲ့(ဗဟို) ၏ ထုတ်ပြန်ချက်အပေါ် ထုတ်လုပ်သူများ၏  မူပိုင်ခွင့်ကို ကာကွယ်နိုင်ရန် အစည်းအရုံးက မူအားဖြင့် သဘောတူကြောင်း၊ အဝေးပြေးယာဉ်လိုင်းများ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ပြသလိုပါက ထုတ်လုပ်သူများထံ လာရောက်ညှိနှိုင်းသင့်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ “ဥပဒေနဲ့ ကွဲလွဲနေတယ်လို့ဆိုရင် လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေကိုလည်း ပြုပြင်ပေးပါလို့ ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။ 

“အကြောင်းတစ်ခု ရှိလာပြီဆိုရင် ဒီလိုပိတ်လိုက်မယ်၊ တားလိုက်မယ်ဆိုတဲ့ နည်းလမ်းထက် ဒီလိုမဖြစ်အောင် ဘယ်လိုကြိုတင် စီမံလုပ်ကြမယ်ဆိုတဲ့ အချက်ကအရေးကြီးပါတယ်” ဟု မြန်မာ ဗီဒီယိုဇာတ်ကားများ ပြသမှုကို ကန့်သတ်တားမြစ်ခြင်းနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးပိုက်ထွေးကပြောသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)

ရန်ကုန်၊ ဖေဖော်ဝါရီ-၇

မြန်မာဗီဒီယို ဇာတ်ကားများကို အဝေးပြေးယာဉ်များနှင့် လက် ဖက်ရည်ဆိုင်တို့တွင် ပြသခွင့် မပြု ရန် မြန်
မာနိုင်ငံဗီဒီယိုအခြေခံ အဖွဲ့(ဗဟို)၏ ထုတ်ပြန်ချက်မှာ တည်ဆဲရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒနှင့် ကွဲလွဲ
မှုများ ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောသည်။
၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေ (၂၅)(က)(ခ)အရ ဗီဒီယိုဆင်ဆာအဖွဲ့မှ ထုတ်ဝေသော ဆင်ဆာလက်မှတ် ပါရှိလျှင် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြသနိုင်သည်။ ယင်းဆင်ဆာလက်
မှတ် မပါရှိပါက ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)အရ ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး အရေးယူခံရနိုင်သည်ဟု ဥပဒေတွင်
 ပြဌာန်းထားသည်။ မော်တော်ယာဉ်လိုင်းများ၊ လက်ဖက်ရည်ဆိုင်များတွင် ပြသသည့်ဇာတ်ကားများမှာ ပုဒ်မ ၂၅ (က)(ခ)နှင့်ညီညွတ်ရန်သာလိုကြောင်း ဦးပိုက်ထွေးက ပြောသည်။

အဝေးပြေးကားတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ ပြည်သူလူထုကို ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေ
ပေးရန်အတွက် ငွေကြေးကောက်ခံမှု မပါတဲ့၊ စီးပွားရေးအလို့ငှာ ပြသခြင်းမဟုတ်ဘူးဆိုရင် ပြသနိုင်ပါတယ်။ ဒါပေမဲ့ ပြသတဲ့ ခွေတွေဟာ ဗီဒီယိုဆင်ဆာအဖွဲ့က ထုတ်ပေးထားတဲ့ ဆင်ဆာလက်မှတ်ကပ်ထားတဲ့ အခွေ
တော့ဖြစ်ဖို့ လိုပါတယ်” ဟု ဒုတိယ၀န်ကြီးဦးပိုက်ထွေးက ပြောသည်။

မြန်မာနိုင်ငံဗီဒီယိုအခြေခံအဖွဲ့၏ယခုထုတ်ပြန်ချက်မှာ မြို့နေလူတန်းစားများအပေါ်သက်ရောက်မှုမရှိသော်
လည်း မြို့စွန် ရပ်ကွက်များနှင့် နယ်မြို့များ၊ ကျေးရွာများမှ မြန်မာဗီဒီယို ဇာတ်ကားကြည့်ရှုသည့် အခြေခံ လူ
တန်းစားများ၊ လက်လုပ်လက်စားများအတွက်မူ ကြီးမားသော အခက်အခဲများ သက်ရောက်နေကြောင်း သိရ
သည်။ “ဗီဒီယိုရုံ ယဉ်ကျေးမှုနေရာမှာ လက်ဖက်ရည်ဆိုင်မှာ ဗီဒီယိုကြည့်တဲ့ယဉ်ကျေးမှုကအစားဝင်လာတာ
။ အိမ်မှာ တီဗီဝယ်ဖို့ မပြောနဲ့။ နယ်ကလူတွေမှာ တစ်ရက်တစ်ထောင်လောက်ဝင်အောင် အနိုင်နိုင် လုပ်နေ
ရတာ။ ဒါကိုလိုက် ပိတ်ပင်တာ မတရားဘူး” ဟု မင်းဘူးမြို့မှ ဦးသန်းစင်က ပြောသည်။

“ရွာထဲက ဆိတ်ကျောင်းတဲ့ကလေးတွေ၊ ရွာကလူတွေ ဒါပဲကြည့်စရာရှိတာ။ မကြည့်ရဘူးလို့ အခုလို ခြိမ်း
ခြောက်ရင် ဘာသွားကြည့်ရမလဲ” ဟု ငဖဲမြို့မှ တောင်သူတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင်မှာကြည့်တာက လက်ဖက်ရည်ဖိုးနဲ့ ဗီဒီယိုရုံဖိုးနှစ်ခါ မကုန်ချင်လို့။ မိဘတွေက ကျပန်းအ
လုပ်လုပ်ပြီး အိမ်ပြန်လာ။ ကလေးတွေခေါ်ပြီး လက်ဖက်ရည်ဆိုင်မှာ ဟာသကားလေးကြည့်ပြီး စိတ်အပန်
ဖြေကြရတာ” ဟု လှိုင်သာယာမြို့နယ်မှ ဦးကျော်သောင်းက ပြောသည်။

ဗီဒီယို အခြေခံအဖွဲ့(ဗဟို) ၏ ထုတ်ပြန်ချက်အပေါ် ထုတ်လုပ်သူများ၏ မူပိုင်ခွင့်ကို ကာကွယ်နိုင်ရန် အစည်း
အရုံးက မူအားဖြင့် သဘောတူကြောင်း၊ အဝေးပြေးယာဉ်လိုင်းများ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ပြသလို
ပါကထုတ်လုပ်သူများထံလာရောက်ညှိနှိုင်းသင့်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက
 ပြောသည်။ “ဥပဒေနဲ့ ကွဲလွဲနေတယ်လို့ဆိုရင် လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေကိုလည်း ပြုပြင်ပေးပါလို့ ပြော
ချင်ပါတယ်” ဟု ၎င်းကပြောသည်။

“အကြောင်းတစ်ခု ရှိလာပြီဆိုရင် ဒီလိုပိတ်လိုက်မယ်၊ တားလိုက်မယ်ဆိုတဲ့ နည်းလမ်းထက် ဒီလိုမဖြစ်အောင် ဘယ်လိုကြိုတင် စီမံလုပ်ကြမယ်ဆိုတဲ့ အချက်ကအရေးကြီးပါတယ်” ဟု မြန်မာ ဗီဒီယိုဇာတ်ကားများ ပြသမှု
ကို ကန့်သတ်တားမြစ်ခြင်းနှင့် ပတ်သက်၍ ဒုတိယ၀န်ကြီး ဦးပိုက်ထွေးကပြောသည်။

ဓာတ်ပုံ- ထက်ပိုင်ဖြိုး (ဇ၀န)

 7Day News Journal

0 comments:

Post a Comment